လူတွေကိုဆွဲဆောင်နေတဲ့ အရာတွေက ? ? ?

နောက်တစ်ခါ ပြန်လှည့်ကြည့်ရလောက်အောင် လူတွေအများကြီးကို ဆွဲဆောင်နိုင်တဲ့ မိန်းကလေးဆိုတာမျိုးရှိပါတယ်။

တခြားသူတွေနဲ့ ဘာတွေများကွာခြားနေလို့လဲ ?

ဂျပန်မှာတော့ အိရိုခဲ (色気) လို့ခေါ်တဲ့ စကားလုံးရှိပါတယ်။

Sexy ကျတယ်လို့ပြောချင်တဲ့ အခါမှာသုံးပါတယ်။

ဘယ်လို ကောင်မလေးတွေက ဆွဲဆောင်မှုရှိတယ်လို့ ထင်လဲ? ?

လူလူချင်းအတူတူပဲ ဆိုပေမယ့် ဂျပန်လူမျိုးအများစုက ဘယ်လို ကောင်မလေးတွေက ဆွဲဆောင်မှုရှိတယ်လို့ ထင်လဲ ဆိုတာကို တင်ပြပါမယ်။

 

ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်း

https://geinou-navi.com/articles/6829

 

 

အိရှိဟရ ဆတိုမိ စံ (石原さとみさん) ဆိုတဲ့ နာမည်ကြီးသရုပ်ဆောင်လိုမျိုးပဲဖြစ်ပါတယ်။

သူမရဲ့ ဆွဲဆောင်မှုက နှုတ်ခမ်းမှာရှိပါတယ်။

သူမရဲ့ နှုတ်ခမ်းက ထူပြီးတော့ သူမက အမြဲလိုလို နှုတ်ခမ်းအဆီကို ဆိုးထားလေ့ရှိပါတယ်။

ဒါကြောင့် ယောကျ်ားလေးတော်တော်များများက သူမရဲ့နှုတ်ခမ်းကို ဆွဲဆောင်မှုရှိတဲ့အရာတစ်ခုအနေနဲ့ မြင်ကြပါတယ်။

 

အချိုးကျတဲ့ ခန္ဓာကိုယ်

 

ပိန်လွန်း ဝလွန်းတဲ့ ခန္ဓာကိုယ်မျိုးမဟုတ်ပါဘူး။

ပြီးတော့ တင်တွေရင်တွေရှိပြီးတော့ အကျပ်ဝတ်ထားတဲ့ပုံစံဖြစ်ပါတယ်။

အမေရိကက မိန်းကလေးတွေလို ပုံစံမျိုးဆိုပေမယ့် အဲ့လိုပုံစံမျိုးကို စိတ်ထဲမှာဆွဲဆောင်မှုရှိတယ်လို့ထင်ကြပါတယ်။

 

ရယ်နေတဲ့ပုံ

https://smartlog.jp/139354

 

လက်နဲ့အုပ်ပြီးတော့ ရယ်တာကလည်းအရေးကြီးပါတယ်။

ပါးစပ်ကို အကျယ်ကြီးဟပြီးရယ်တာမျိုးမဟုတ်ပဲနဲ့ လက်ကလေးနဲ့အုပ်ပြီးရယ်တာက လှတယ်လို့ခံစားမိကြပါတယ်။

ထမင်းစားတဲ့အခါမှာလည်း ထိုနည်းတူ သတိထားပြီးစားကြပါတယ်။

စားစရာတစ်ခုခုကိုပါးစပ်ထဲထည့်ထားတဲ့အခါမှာ ပါးစပ်ထဲကိုမြင်နေရတာကိုမကြိုက်ကြပါဘူး။

နောက်ပြီးတော့ ပွစိပွစိပြောရင်းနဲ့ စားနေတာကိုလည်းမလုပ်ရပါဘူး။

သိမ်သိမ်မွေ့မွေ့ လှုပ်ရှားနေတဲ့ ကောင်မလေးတွေက ဆွဲဆောင်မှုရှိတယ်လို့ ထင်ကြပါတယ်။

 

အပြန်အလှန်အားဖြင့်ယောကျ်ားလေးတွေမှာလည်းဆွဲဆောင်မှုရှိတယ် ဆိုတာမျိုးရှိပါတယ်။

ဆွဲဆောင်မှုအရှိဆုံးအရာကတော့ ဝတ်ပုံစားပုံပဲဖြစ်ပါတယ်။

နက်ခ်တိုင်လည်းတင်းတင်းကြပ်ကြပ်စည်းပြီးတော့ အလုပ်သွားတော့မယ့်ပုံစံ က ဆွဲဆောင်မှုရှိတယ်လို့တွေးတဲ့ မိန်းကလေးတွေများပါတယ်။

ကြွက်သားတွေရှိတာတို့ ယောကျ်ားလေးရဲ့ ကျောပြင်က ဆွဲဆောင်မှုရှိတယ်လို့ တွေးတဲ့မိန်းကလေးတွေလည်းများပါတယ်။

 

 

ဒါပေမယ့်ထူးဆန်းတဲ့ နေရာတွေကို ဆွဲဆောင်မှုရှိတယ်လို့ခံစားမိတဲ့ သူတွေလည်းရှိပါတယ်။

ရှေးတုန်းက ဒီလိုစကားရှိပါတယ်။

 

(目病み女に風邪男)

 

မျက်စိမကောင်တဲ့မိန်းကလေးတွေနဲ့ ဖျားနေတဲ့ ယောကျ်ားလေးတွေကိုဆွဲဆောင်မှုရှိတယ် ဆိုတဲ့ ခံစားမှုပဲဖြစ်ပါတယ်။

မျက်လုံးမကောင်းဘူးဆိုတာက ဒီလိုမျိုးလား?

https://twitter.com/skyimie530/status/486243430440239105

 

ဘယ်လိုထင်ပါသလဲ? ဆွဲဆောင်မှုရှိတယ်လို့ ခံစားမိလား?

 

ဒါပေမယ့် ဆွဲဆောင်မှုရှိတယ်ဆိုတာက လူသားတွေပဲ မဟုတ်ပါဘူး။

ဥပမာ သီချင်းသံစဥ် ။

Saxophone ရဲ့ အသံကဆွဲဆောင်မှုရှိတဲ့ အသံဖြစ်ပါတယ်။

ဂျပန်မှာမဟုတ်ပဲ အမေရိက ရဲ့သံစဥ်ဖြစ်ပေမယ့် ဆွဲဆောင်မှုရှိတဲ့အသံက အဲ့ဒီလိုမျိုးဖြစ်ပါတယ်။

 

 

ပစ္စည်းတွေ ပေါ်မှာလည်းဆွဲဆောင်မှုရှိတယ်လို့တွေးကြပါတယ်။

https://feely.jp/11097/

 

ဘောပင်ထက် ဖောင်တိန်တွေက ဆွဲဆောင်မှုရှိတဲ့ အရောင်တွေရှိပါတယ်။

တခြားအရာတွေအနေနဲ့ ကား၊ အိတ်၊ ဖိနပ် ၊နာရီတွေ စတဲ့ အရာတွေမှာလည်းဆွဲဆောင်မှုရှိတယ်လို့တွေးကြပါတယ်။

အဲ့ဒီ ဆွဲဆောင်မှုရှိတာတွေကို ထုတ်လုက်ပြီးတော့ Made in Japan တွေက စျေးကြီးသွားတယ်လို့ထင်ပါတယ်။

 

အားလုံးကရော ဆွဲဆောင်မှုရှိတယ်လို့ထင်မိတဲ့အရာတွေဘာတွေလဲ ? ? ?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: