လူသိပ်မသိတဲ့ ပညာတော်သင်စနစ်။ ဝေးလံခေါင်သီတဲ့ ကျွန်းမှာပညာတော်သင်ရတယ်ဆိုတဲ့ ထူးဆန်းတဲ့ ရွေးချယ်မှုလေး

လှပတဲ့ပင်လယ်၊ သစ်တော၊ လေထုနဲ့ဝန်းရံထားတဲ့ ဝေးလံခေါင်သီတဲ့ ကျွန်းတစ်ခု။
အရမ်းလှပတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဝန်းရံထားတဲ့ နေရာမှာနေခွင့်ရပေမယ့်၊ အဆင်မပြေတာတွေနဲ့ နေထိုင်ရမှာကလည်း ပြဿနာကြီးတစ်ခုပါပဲ။
အင်တာနက်ကနေ ဈေးဝယ်လို့ရနေတဲ့ ခေတ်မှာဝေးလံခေါင်သီတဲ့ ကျွန်းကတော့ ချွင်းချက်ဖြစ်နေပြီး၊ ပို့ပေးရင်တောင် ဈေးပိုပေးရတာတွေ၊ အဆင်မပြေတာတွေ အများကြီးရှိနေပါသေးတယ်။
ဝေးလံခေါင်သီတဲ့ ကျွန်းက လူငယ်တွေက အဆင်မပြေတော့ မြို့ကြီးတွေကို သွားကုန်ကြပြီး၊ လူဦးရေလျော့နည်းလာတဲ့ ပြဿနာကလည်း ရင်ဆိုင်နေရပြန်ပါတယ်။
အဲ့ဒီအထဲကမှ ဝေးလံခေါင်သီတဲ့ ကျွန်းကို ပညာတော်သင်လွှတ်တယ်ဆိုတဲ့ စနစ်က ရှိနေပါသေးတယ်။
ဒေသတွင်းလှုပ်ရှားမှုအနေနဲ့ ကျွန်းတော်တော်များများမှာ ပြုလုပ်နေပြီးဖြစ်တဲ့ ဝေးလံခေါင်သီတဲ့ ကျွန်းမှာ ပညာတော်သင်ထောက်ပံ့ရေး။
ဘယ်လိုစနစ်မျိုးလဲဆိုတာ ကြည့်ကြည့်ရအောင်။
ပညာတော်သင်သွားရမှာက အိုကီနာဝါစီရင်စု ခုမဲ့ဂျိမ ကျွန်းပဲဖြစ်ပါတယ်။
ဧရိယာက 59.53㎢ ရှိပါတယ်။
https://j-town.net/2019/08/04292584.html?p=all
ဒီလိုလှပတဲ့ပင်လယ်ကြီးက ဝန်းရံထားပြီး၊ ဒိုက်ဗင်ထိုးတဲ့နေရာအနေနဲ့ နာမည်ကြီးပါတယ်။
ဒီကျွန်းမှာရှိတဲ့ ခုမဲ့ဂျိမ အထက်တန်းကျောင်းကို လွန်ခဲ့သော 73 နှစ်က စတင်တည်ထောင်ခဲ့သော်လည်း ကျောင်းအပ်နှံသူဦးရေ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာပြီး၊ 2014 ခုနှစ်ကနေ ဝေးလံခေါင်သီသောကျွန်းတွင် ပညာတော်သင်လွှတ်ရေးစနစ်ကို စတင်ခဲ့ပါတယ်။
ပညာတော်သင်သွားဖို့ နည်းလမ်း၂ခုရှိပါတယ်။
အုပ်ထိန်းသူနဲ့အတူ ခုမဲ့ဂျိမကျွန်းကို ပြောင်းနေမလား၊ ကျွန်းမှာနေနေတဲ့ သူကိုပဲ စောင့်ရှောက်ဖို့ခွင့်ပေးပြီး ကလေးကိုပဲလွှတ်မလား ဆိုတာပါပဲ။
ကလေးတစ်ယောက်ပဲ ပြောင်းလာရင်၊ နောက်ထပ်ရွေးချယ်စရာ ၂ခုရှိနေပြန်ပါတယ်။ မြို့ပိုင်အဆောင်မှာနေမလား၊ စောင့်ရှောက်ခွင့်ရသူထံမှာပဲ နေပြီးကျောင်းတက်မလား ဆိုတာပါပဲ။
ဒီကျောင်းမှာက အမျိုးမျိုးသော စနစ်တွေရှိနေပြီး၊ ဟာဝိုင်အီက အထက်တန်းကျောင်းနဲ့ exchange ပညာတော်သင်စနစ်တွေပါ ရှိနေပုံပါပဲ။
အသက်မွေးဝမ်းကြောင်းလမ်းညွှန်မှုမှာလည်း ကူညီဖန်တီးပေးပြီး၊ အချို့သော ကျောင်းသားတွေဟာ အိုကီနာဝါမှာရှိတဲ့ Ryukyu University နဲ့ Wakayama စီရင်စုမှာရှိ တဲ့ Wakayama University လိုမျိုး နိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်တွေကို တက်ရောက်နေကြတာကြောင့်၊ လသေသေချာချာ အတိအကျ သင်ကြားပေးနေပုံပါပဲ။
ကျောင်းကလည်း ဒီလိုနေရာမျိုးမှာရှိနေတာပါ။
အမိုက်ဆုံးပဲမဟုတ်လား?
ဒါကတော့ကျောင်းသားအဆောင်ပါ။
ဒါကလည်း မဆိုးပါဘူး။
ကောင်းကင်ကလည်း အပြာရောင်လဲ့နေပြီး အရမ်းလှပါတယ်!!
လတ်တလောမှာ ကျောင်းသား၃၂ယောက်လောက် ပညာတော်သင်ရောက်နေပြီး၊ ကျောင်းသားအားလုံးရဲ့ 10% လောက်တော့ရှိပါတယ်။
တိုကျိုကကျောင်းတွေနဲ့တော့ လုံးဝတူတဲ့ ပတ်ဝန်းကျင်ပါပဲ။
ပညာတော်သင်လာတဲ့ကလေးတွေကိုလည်း ကျန်းမာပျော်ရွှင်စွာတဲ့ သင်ကြားပေးနေပုံပါပဲ။
ခုမဲဂျိမကျွန်းရဲ့ လှပတဲ့ပင်လယ်၊ အပြာရောင်ကောင်းကင်၊ တောင်ပနေတဲ့ နေရောင်အောက်မှာ အသားတွေမဲသွားအောင်ကို နေလောင်ခံပြီး ပျော်ပျော်ရွှင်ရွှင် အပြုံးတွေနဲ့ ကျောင်းတက်နေကြပါတယ်။
မြို့ပြဒေသတွေမှာ ပိုမိုဆိုးဝါးလားတဲ့ အနိုင်ကျင့်မှုပြဿနာက ဒီကြွယ်ဝနေတဲ့ သဘာဝတရားကြီးထဲမှာတော့ မပေါ်လာနိုင်လောက်ပါဘူး။
ဂျပန်ကို ပညာတော်သင်လာမယ်ဆိုရင် တိုကျိုနဲ့ အိုဆာကာလို မြို့ကြီးတွေကို သတိရကြပေမယ့်၊ ဒီလိုကျွန်းလေးပေါ်မှာ ပညာတော်သင်သွားကြည့်တာကလည်း လူသားဆန်ပြီး၊ ဂျပန်လူမျိုးတွေမှာ ရှိတဲ့ သဘောကောင်းမှုအစစ်အမှန်ကို ခံစားရမယ်ထင်ပါတယ်။
ဘာသာစကားပြဿနာကြောင့် နိုင်ငံခြားသားပညာတော်သင်ကို လက်ခံတဲ့ကျောင်းတွေနည်းသေးပေမယ့်၊ နောက်ဆို ပိုများလာတော့မှာပါ။
အားလုံးရဲ့ ကလေးလေးတွေကိုလည်း နိုင်ငံရပ်ခြားက ဝေးလံခေါင်သီတဲ့ကျွန်းမှာ ပညာသင်ကြားဖို့လွှတ်မယ်ဆိုရင် ဘယ်လိုထင်ပါသလဲ?
Abe Kango