ဖတ်မရတဲ့ စကားလုံးတွေနဲ့ ပန်းချီသဖွယ်ဖြစ်နေတဲ့ ဒီစာကို ရှေးလူတွေ ဖတ်တတ်ခဲ့သလား?

ဂျပန်စာမှာ မူရင်းအက္ခရာဆိုတာမရှိပါဘူး

တရုတ်နိုင်ငံက ခန်းဂျိစကားလုံးတွေကနေ ယူသုံးပြီး၊ ခွဲခြမ်းတီထွင်ထားတာက ဟိရဂန ဖြစ်ပြီးတော့၊ ခတခန ကိုပါတီထွင်လိုက်တာနဲ့ ဂျပန်စာရသွားပါတယ်

အဲ့ဒီအချိန်လောက်ကတည်းက ဂျပန်စာဟာ အပြောင်းအလဲသိပ်မရှိတော့ ဖတ်နိုင်မယ်ထင်ခဲ့ပေမယ့်

https://intojapanwaraku.com/art/205935/

တောင်းပန်ပါတယ်…ဂျပန်လူမျိုးဖြစ်ပေမယ့် မဖတ်တတ်ပါဘူး

ညာဘက်ကနေ ဒေါင်လိုက်ဖတ်သွားရတာကိုတော့ သိပေမယ့်၊ စစချင်းစာကြောင်းမှာ ခန်းဂျိတွေပဲ ရေးထားတာပါ

၈ ရာစုလောက်က အဓိကအသုံးပြုခဲ့တဲ့ Man’yogana ပဲဖြစ်ပါတယ်

တရုတ်နိုင်ငံက မွေးစားထားတဲ့ ခန်းဂျိတွေအတိုင်း တိုက်ရိုက်သုံးပြီး ဖွဲ့စည်းထားတာပါ

အလယ်လောက်မှာ ဟိရဂန ပုံစံမျိုးလေး မြင်နေရပါတယ်

ဟုတ်ပါတယ် ဟိရဂနပါ

ဒါပေမယ့်…ဖတ်လို့ရလား?

ကျွန်တော် ဂျပန်လူမျိုးအနေနဲ့ မွေးပြီးနေလာတာ ၄၉ နှစ်ရှိပါပြီ…ဖတ်တတ်လားဆိုတော့ မဖတ်တတ်ပါဘူး

ခွဲခြမ်းပြီးဖတ်တတ်ရင် ဖြေရှင်းပြီးသားဖြစ်မယ့် ပြဿနာပါပဲ

ဒီတစ်ခေါက် ရှင်းရမယ့်ပြဿနာက ရှေ့ဆုံးစာကြောင်းပါ

ခန်းဂျိ အပြည့်ရှိနေတဲ့ Man’yogana နဲ့လည်း တရုတ်စာလုံးတွေရဲ့ အဓိပ္ပါယ်ကို ခြေရာခံနိုင်ပေမယ့် ဖတ်မရပါဘူး

ဂျပန်တွေအတွက်တော့ တရုတ်စာလိုပဲ မြင်နေရပါတယ်

ဘာလို့ အရှေ့ဆုံးစာကြောင်းကိုပဲ Man’yogana နဲ့ရေးထားပြီး အနီးနားမှာ ဟိရဂန ဖြစ်နေရာတာလဲ

ဒီစာကိုရေးခဲ့တဲ့အချိန်တုန်းက ဂျပန်တော်တော်များများက Man’yogana ကိုမဖတ်တတ်ကြတော့ဘဲ ဟိရဂနနဲ့ တွဲသုံးပြီး တူညီတဲ့စကားလုံးတွေကို ရေးချန်ခဲ့တာကြောင့်ပါ

သူတို့လည်း မဖတ်တတ်ဘူးလား??

နည်းနည်းတော့ စိတ်သက်သာရာရသွားပြီ

ဘယ်သူမှမဖတ်တတ်လောက်တဲ့ ရှေးဂျပန်စာဖြစ်မယ်ထင်ပါတယ်

အနုပညာလက်ရာအနေနဲ့ ကြည့်ရင်တော့ ကောင်းမယ်ထင်ပါတယ်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: