Kira Kira Name နှင့် ဂျပန်ကလေးတို့၏ဒုက္ခ

အားလုံးပဲ キラキラネームKira Kira Name ဆိုတာကို သိပါသလား?
ခန်းဂျိရဲ့ မူရင်းဖတ်နည်းနဲ့ လုံးဝကွဲပြားနေတဲ့အသံထွက်တွေကိုပေးထားတဲ့နာမည်ကို Kira Kira Name လို့ခေါ်ပါတယ်။ ဥပမာ ဒီလိုစကားလုံးတွေဖြစ်ပါတယ်။

七音 → どれみ(ဒိုရေမီ)
紗音瑠 → しゃねる(နာမည်ကြီးဘရန်း CHANEL)
誇愛羅 → こあら(koala တိရစ္ဆာန်)
波似衣 → はにい(Honey)
玲央音 → れおん(အင်္ဂလိပ်နာမည် LEON)
海、海音 → まりん(အင်္ဂလိပ်နာမည် Marine、အဓိပ္ပါယ်တော့တူပါတယ်)

ဂျပန်လူမျိုးတွေတောင် ဒါကိုမဖတ်နိုင်ကြပါဘူး။
ဒီအပြင် ဒီလို Kira Kira Name ပေးထားတဲ့ကလေးတွေအများစုဟာ နောက်ဆုံးမှာ ကိုယ့်နာမည်နဲ့ကိုယ်ပြန်ရှက်ပြီး၊ နာမည်ပြောင်းကြတာမျိုးတောင် လုပ်ပါတယ်။

ဒီလိုနာမည်ကိုအပေးခံရတာဟာ၊ မိဘကဘယ်လိုလူစားမျိုးလဲ? ဆိုပြီးပတ်ဝန်းကျင်ကိုတွေးစေပြီး၊ ကလေးတွေဟာ သင့်တင့်တဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာမှာမဟုတ်ဘူးလို့ ထင်လေ့ရှိကြပါတယ်။ မိဘအချင်းချင်းတောင် ရူးနေတာပဲလို့ ထင်သွားနိုင်တဲ့အတွက် မကြိုက်ကြပုံရပါတယ်။ သေချာပေါက် အဲ့ဒီလိုပုံစံထင်ကြသူချည်းတော့မဟုတ်ပေမဲ့ အခြေအနေအများစုမှာတော့ ဒီလိုထင်ကြပါတယ်။

နောက်ပြီး ဒုက္ခရောက်တာက ကလေးတွေချည်းပဲမဟုတ်ပါဘူး။

ကျောင်းကဆရာ/ဆရာမ၊ ဆေးရုံကောင်တာ၊ အစိုးရရုံး စတဲ့နေရာတွေမှာ လုပ်ငန်းဆောင်တာအတွက် အနှောက်အယှက်တွေဖြစ်လာပါတယ်။ မဖတ်တတ်တဲ့အတွက် နာမည်မခေါ်ကြတော့ဘူး။
နာမည်အမှားကိုခေါ်လို့လည်းမရပါဘူး။

“ မူရင်းဖတ်နည်းကို ကန့်သတ်ထားသင့်တယ်မဟုတ်လား?”

အစိုးရအဖွဲ့အစည်းမှာတောင် ဒီလိုဆွေးနွေးရတဲ့အဆင့်ထိဖြစ်သွားပါတယ်။
ဒါနဲ့ပတ်သက်ပြီး၊ နာမည်ကိုလွတ်လပ်စွာပေးခွင့်တောင်မရှိဘူးလား? ဆိုတဲ့ထင်မြင်ချက်လည်းထွက်လာပြီး၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို မသိဘူး။

အတိုင်းအတာတစ်ခုအထိ လွတ်လပ်မှုလိုအပ်တယ်လို့တော့မဆိုလိုဘဲ၊ ဒီလို Kira Kira Name ပေးခံရတဲ့ကလေးတွေနေရာမှာဝင်ကြည့်ရင် တကယ်သနားဖို့ကောင်းပါတယ်။
皇帝 လို့ရေးထားပြီး၊ ဖတ်တော့ カイザー (ခအိဇာ) လို့ဖတ်ရတယ်။ ခန်းဂျိအဓိပ္ပါယ်က ဧကရာဇ် လို့အဓိပ္ပါယ်ရနေလို့ အဲ့လိုနာမည်ပေးခံရရင် တော်တော်ရှက်ဖို့ကောင်းပါတယ်။

“ ဧကရာဇ်ရေ ထမင်းသေသေချာချာစားစမ်းပါ”

လို့ပြောခံရရင် တကယ်စိတ်ညစ်ဖို့ကောင်းမှာပါ။

စကားမစပ် ကျွန်တော်အဖေဟာ လွန်ခဲ့တဲ့နှစ် ၇၀ ကျော်က မွေးဖွားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ နာမည်ကမရည်ရွယ်ဘဲ Kira Kira Name ကြီးဖြစ်သွားပါတယ်။ နာမည်ခန်းဂျိက “悟” ဖြစ်လို့ ဖတ်နည်းကတော့ “さとる” ပါ…
ဒါပေမဲ့ ကျွန်တော့အဖိုးက အဖေ့နာမည်ကို အစိုးရရုံးမှာစာရင်းသွင်းတဲ့အချိန် ခန်းဂျိအသံထွက် “さとる” လို့ပြောလိုက်တာတောင် ရုံးကလူတွေက “さとし” လို့ရေးပေးလိုက်တယ်။ အဲ့ဒါနဲ့ပဲ မှတ်ပုံတင်မှာ “さとし” ဖြစ်သွားပါတယ်။

အထက်တန်းကျောင်းမပြီးခင် ကုမ္ပဏီတွေဆီ အချက်အလက်တွေပေးဖို့အတွက် မိသားစုသန်းခေါင်စာရင်းစစ်တဲ့အခါ
“ အဲ? အဲ့ဒါ さとしလား?”

ဆိုပြီး သံသယဝင်ခံရပြန်ပါတယ်။

ဒါကြောင့် အလုပ်လုပ်ဖို့တိုကျိုကိုတက်သွားတော့ အများက “さとし” လို့ခေါ်ကြတယ်။
အရင်ဇာတိမြို့ကသူငယ်ချင်းတွေကတော့ “さとる” လို့ခေါ်ကြတယ်။

အဖေ့ဈာပနမှာတော့ အဖေ့ရုံးကလုပ်ဖော်ကိုင်ဖက်တွေက “さとしさん” လို့ခေါ်ကြတာကိုကြားပြီး အထက်တန်းတုန်းက အတန်းဖော်တွေဟာ “ နာမည်တောင်မှားရတယ်လို့ ရိုင်းလိုက်တာ” ဆိုပြီးစိတ်ဆိုးမာန်ဆိုးနဲ့၊ အဲ့ဒီဈာပနမှာလည်း အချေအတင်ပွဲကြီးဖြစ်သွားခဲ့ပါသေးတယ်။

ဒီလို မရည်ရွယ်ဘဲ Kira Kira Name ရသွားတဲ့အဖေကို ပိုင်ဆိုင်ထားတဲ့ကျွန်တော့အနေနဲ့ကတော့၊ ကလေးအတွက်လည်း ပုံမှန်ဖတ်နိုင်တဲ့ ခန်းဂျိကိုပဲပေးသင့်တယ်လို့ ထင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: