ရှေးအမျိုးသမီးတွေရဲ့ ဘွဲ့နာမတွေကို ဘယ်လိုသင့်လျော်စွာ အသုံးပြုခဲ့သလဲ? (御前၊ 姫၊ 局)

ဂျပန်ဘာသာစကားကိုလေ့လာနေတဲ့လူတွေထဲမှာ ဆာမူရိုင်းနဲ့ Ninja တို့ကိုအရမ်းကြိုက်တဲ့လူတွေရှိသလို၊ သမိုင်းပြဇာတ်ကို စွဲလန်းကြသူတွေလည်း ရှိပြန်ပါတယ်။ သမိုင်းပြဇာတ်တွေဟာလည်း အမှန်တကယ် စိတ်ဝင်စားဖို့ကောင်းပါတယ်။။

သမိုင်းပြဇာတ်တွေကိုကြိုက်သူတွေဟာ ကိစ္စတစ်ခုကိုတော့ မရှင်းမလင်းဖြစ်နေမှာသေချာပါတယ်။
အဲ့ဒါကတော့ 御前(ごぜん)、姫(ひめ)、局(つぼね)ဆိုပြီး အမျိုးသမီးရဲ့ ဘွဲ့နာမအမျိုးမျိုးရှိခြင်းနဲ့၊ ဒီလိုဘွဲ့နာမကို ဘယ်လိုသင့်လျော်စွာခွဲခြား အသုံးပြုရသလဲ? ဆိုတာပဲဖြစ်ပါတယ်။
ဒီနေရာမှာ သေသေချာချာမှတ်ထားပြီး ဂျပန်လူမျိုးတွေကိုပြန်ကြွားရအောင်…

御前(ごぜん)

https://rekijin.com/

ဥပမာ 静御前(しずか ごぜん) Shizuka Gozen, or Lady Shizuka ဆိုတဲ့နာမည်ကြီးတဲ့ အမျိုးသမီးတစ်ယောက်ရှိခဲ့ပါတယ်။
သူမဟာ အဲ့ဒီအချိန်က ဂျပန်မှာနံပါတ်တစ် ဆာမူရိုင်းဖြစ်ခဲ့တဲ့ 源頼朝Minamoto no Yoritomo ရဲ့ညီဖြစ်သူ 源義経Minamoto no Yoshitsune နဲ့ကလေးတစ်ယောက်ရခဲ့ပေမဲ့၊ အကိုဖြစ်သူ Yoritomo ရဲ့ဒေါသကြောင့် ကလေးဆုံးရှုံးခဲ့ရပါတယ်။

အဲ့ဒီနောက်ပိုင်းလည်း အစ်ကိုဖြစ်သူရဲ့အတားအဆီးအတိုက်အခံတွေကြား Yoshitsune နဲ့ဆက်လက်ပေါင်းသင်းနေခဲ့တဲ့ နာမည်ကျော်အမျိုးသမီးဖြစ်ပါတယ်။ Yoshitsune နဲ့ မင်္ဂလာဆောင်ပွဲမကျင်းပတဲ့အတွက်၊ တရားဝင်ဇနီးမယားအရာမမြှောက်ပေမဲ့၊ အပြန်အလှန်ချစ်ကြတဲ့ ဇနီးမောင်နှံဖြစ်ခဲ့ပါတယ်။

သူမလိုအဆင့်အတန်းရှိအမျိုးသမီးကို ပေးအပ်တဲ့ ဘွဲ့နာမည်ကတော့ “御前 Gozen ” ပဲဖြစ်ပါတယ်။ တကယ်က ဟောဒီ “御前 Gozen ” ဟာ အမျိုးသမီးကိုသာမက၊ အမျိုးသားဂုဏ်ပုဒ်အဖြစ် ပေးအပ်တာမျိုးလည်းရှိပါတယ်။ အမျိုးသမီးပိုအပေးများတယ်ရယ်လို့မဟုတ်ဘဲ၊ ကျား/မ မရွေးတဲ့ ဘွဲ့နာမဖြစ်ပါတယ်။
မိမိရဲ့အစွမ်းအစကြောင့် ချီးကျူးခံရတဲ့လူတွေကိုသာ “御前 Gozen ” ဆိုတဲ့ဘွဲ့နာမကိုပေးခြင်းဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာတော့ အသုံးပြုခြင်းနည်းသွားပါတယ်။

 

姫(ひめ)

/www.fami-geki.com/

အင်္ဂလိပ်ဘာသာစကားနဲ့ဆို princess ဆိုပြီးအဓိပ္ပါယ်ရပါတယ်။
လူကိုယ်တိုင်က အဆင့်အတန်းမြင့်လို့မဟုတ်ဘဲ၊ အဆင့်အတန်းမြင့်တဲ့ပုဂ္ဂိုလ်တစ်ဦးဦးရဲ့သမီးကို ခေါ်ခြင်းဖြစ်ပါတယ်။
ဟုတ်ပါတယ် မင်းသမီးဆိုပေမဲ့၊ ဘုရင်မနေရာရောက်လာတာမဟုတ်တဲ့အတွက်၊ မင်းသမီးထံချည်းကပ်ကြတဲ့အမျိုးသားတွေဟာ၊ အာဏာရှိတဲ့ဖခင်ဖြစ်သူနဲ့ ရင်းနှီးချင်ကြတဲ့လူတွေဖြစ်ပါတယ်။ စည်းစိမ်းလည်းရှိပေမဲ့၊ စည်းစိမ်ကြောင့်ချည်းကပ်ခံရရင်တော့ သဘောမကျချင်စရာပဲနော်။
စကားမစပ် ဒီ “ 姫” ကတော့ “御前” နဲ့မတူဘဲ၊ အမျိုးသမီးတွေမှာသာအသုံးပြုနိုင်တဲ့ ဘွဲ့နာမဖြစ်ပါတယ်။

ဒီစကားလုံးကိုတော့ ယနေ့ခေတ်တိုင်အသုံးပြုပါတယ်။
ကရုစိုက်ခံရပြီး ကြီးပြင်းလာတဲ့အမျိုးသမီး၊ ပတ်ဝန်းကျင်ကနေ ချစ်ခင်ခံရတဲ့အမျိုးသမီးကို “姫” ဆိုပြီးခေါ်ပါတယ်။ ကောင်းလိုက်တဲ့အဓိပ္ပါယ်လေးနော်…။
ဒါပေမဲ့ အနည်းငယ် ရူးကြောင်ကြောင်နိုင်တဲ့အသုံးပြုပုံလည်းရှိပါတယ်။ အသိတရားမရှိ တစ်ကိုယ်ကောင်းဆန်တဲ့အမျိုးသမီးကို “ အင်…ဒီကောင်မလေး မင်းသမီးလို(姫様) မြှောက်ပင့်ခံနေရတော့လည်း စိတ်ကြီးဝင်နေတာမဆန်းပါဘူး” ဆိုပြီးတော့ပေါ့…

ချောကလည်းချော ပတ်ဝန်းကျင်ကလည်း မင်းသမီးတစ်ယောက်လိုဆက်ဆံကြတော့လည်း၊ အောက်ခြေလွတ်သွားတာဖြစ်နိုင်ပါတယ်။
ဒါဟာ ပတ်ဝန်းကျင်က မိန်းကလေးတွေဟာ မနာလိုစိတ်ပြင်းစွာ အသုံးပြုကြပုံတစ်မျိုးလည်းဖြစ်ပါတယ်။

 

局(つぼね)

https://www.videomarket.jp/

ဂျပန်သမိုင်းကြောင်းကိုစိတ်ဝင်စားကြတဲ့လူတွေဟာ 春日局(かすがの つぼね)Lady Kasuga ဆိုတဲ့နာမည်ကို သိကြမယ်လို့ထင်ပါတယ်။ ယနေ့ခေတ်တိုကျိုဆိုပြီးဖြစ်လာတဲ့ ဆာမူရိုင်းတွေဦးဆောင်ခဲ့သော နောက်ဆုံးခေတ် အဲဒိုအချိန်ကာလကို တည်ဆောက်ခဲ့တဲ့ Tokugawa မိသားစုမှာ၊ အမျိုးသမီးအဖွဲ့အစည်းဖြစ်တဲ့ 大奥(おおおく)ကိုဖွဲ့စည်းခဲ့တဲ့ ဂန္တဝင်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ 局(つぼね) ဆိုတာက အတိုင်းအတာတစ်ခုအထိ အာဏာရှိပုဂ္ဂိုလ်ရဲ့ ဇနီးမယား ဆိုတဲ့အဓိပ္ပါယ်ကနေ ဆင်းသက်လာပါတယ်။ အခြေခံစံနှုန်းသတ်မှတ်မှုဟာ ကာယကံရှင်မဟုတ်တဲ့အတွက်၊ 御前(ごぜん) နဲ့ကတော့ လုံးဝကွဲပြားပါတယ်။
ဒီဘွဲ့နာမကလည်း အမျိုးသမီးအတွက်သာဖြစ်ပါတယ်။

စကားမစပ် ဂျပန်အလုပ်ခွင်မှာ “お局様(おつぼねさま)” ဆိုပြီး ခေါ်ကြတာမျိုးရှိပါတယ်။
နှစ်ပေါင်းများစွာ ဒီအလုပ်မှာပဲလုပ်ပြီး စီနီယာဖြစ်လာကာ၊ တစ်ခြားလူတွေကိုခွဲခြားခွဲခြားနဲ့ ဆရာကြီးလုပ်တဲ့ သက်ကြီးဝါကြီးအမျိုးသမီးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဒီကြောင့် ဒီလိုအခေါ်ခံရရင်တော့ သတိသာထားလိုက်ကြပါ။
ဒါကိုမသိဘဲ တစ်ဖက်လူကိုလေးစားလို့ပါဆိုပြီး “お局様!” လို့လည်းသွားမခေါ်လိုက်ပါနဲ့။ ရိုင်းတဲ့စကားလုံးဖြစ်ပါတယ်။

ကဲ ဘယ်လိုသဘောရပါသလဲ?
ဂျပန်အမျိုးသမီးတွေကို ဒီလိုဘွဲ့နာမတပ်ပြီးခေါ်တဲ့အခါ ဘယ်ဟာကဘာလဲဆိုတာ Japo စာဖတ်ပရိသတ်တို့ နားလည်ပြီလို့ထင်ပါတယ်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: