ဂျပန်မှာကျောင်းလာတက်မယ်ဆိုရင် မြို့ပေါ်မှာဈေးသက်သက်သာသာနဲ့ နေနိုင်မယ့်ဒီနေရာကိုအကြံပြုပါတယ်။

ဂျပန်ကိုပညာတောင်သင်သွားဖို့ စဥ◌်းစားထားတဲ့လူအတွက် စိတ်အပူရဆုံးကတော့ အိမ်ရှာခြင်းမဟုတ်ပါသလား?
ဒါကတော့ လူအများစုပထမဆုံးအကြိမ်မှာ ကျရှုံးလေ့ရှိတဲ့ပြဿနာဖြစ်ပါတယ်။
လက်ရှိအိမ်ခန်းရှာနေတဲ့လူ ဒါမှမဟုတ် တိုကျိုမှာအိမ်ရှာရတာမလွယ်ဘူး၊ သက်သက်သာသာနဲ့ရှာမတွေ့ဘူးလို့တွေးနေတဲ့သင့်အတွက်
ဒီနေ့ကတော့ အရမ်းတန်ပြီး၊ မြို့လယ်ခေါင်မှာဈေးသက်သာစွာနဲ့နေနိုင်မယ့် အိမ်ခန်းကိုမိတ်ဆက်ပေးပါမယ်။

အိမ်ခန်းအကြောင်းမပြောခင်မှာ အရင်ဆုံးမြို့လယ်ခေါင်မှာနေရတဲ့ အကျိုးကျေးဇူးကိုကြည့်ကြပါစို့

၁။ ရထားနဲ့အသွားအပြန်လုပ်ရတာကို တတ်နိုင်သလောက်ခရီးတိုအောင်လုပ်မယ်၊ ကုန်ကျမှုကိုလျှော့ချမယ်
တိုကျိုမှာရထားတွေက မရေတွက်နိုင်လောက်အောင်အများကြီးရှိပြီး၊ တက်စီးလိုက်ရင် ဘယ်ကိုပဲသွားသွားအဆင်ပြေပါတယ်။
သို့သော် ထိုရှုပ်ထွေးမှုကတော်တော်လေးပြင်းထန်ပါတယ်။

ပုံထဲမှာပြထားတဲ့လူအုပ်က နည်းနေပါသေးတယ်။
မတ်တပ်ရပ်ရတာတောင် ခက်ခဲလောက်တဲ့အထိလူပြည့်ကြပ်နေတဲ့ရထားကို စီးချင်ပါသလား?
ဒီလူပြည့်ကြပ်နေတဲ့ရထားကိုစီးရုံလေးနဲ့ အားအင်ကုန်ခမ်းပြီး စာလေ့လာမှုကိုသွားထိခိုက်စေပါတယ်။

ဂျပန်ဘာသာစကားကျောင်းဟာ များသောအားဖြင့် မြို့လယ်ခေါင်မှာရှိတတ်ကြပေမဲ့၊ ထိုကျောင်းတွေအထိလမ်းလျှောက်ခြင်း၊ စက်ဘီးနဲ့သွားနိုင်လောက်တဲ့အကွာအဝေးဆို အကောင်းဆုံးပါပဲ.

ဒီအပြင်ရထားခအတွက်လည်း အကုန်အကျသက်သာသွားပါမယ်.
အိမ်ခန်းအတွက်အိမ်လခဟာ သက်သာလည်းပဲ ရထားခကဈေးကြီးနေရင် အဓိပ္ပါယ်မရှိပါဘူး။
ဥပမာ Saitama စီရင်စုရဲ့ Sōka ဘူတာကနေ ဂျပန်ဘာသာစကားသင်တန်းကျောင်းတွေများစွာရှိတဲ့ Takadanobaba အထိဆို၊ ၁ လစာအတွက်
လပေးလက်မှတ်ဟာ ၂၁,၄၇၀ ယန်းကျသင့်ပါတယ်။
ဒီဈေးနှုန်းကို အိမ်ငှားခအတွက်အသုံးပြုမယ်ဆိုရင်တောင် အတူတူလောက်ကျပါတယ်။
နောက်ပြီး လူပြည့်ကြပ်နေတဲ့ရထားကိုစီးရတဲ့ပင်ပန်းမှုတွေလည်းမရှိတော့ဘူး… စတဲ့အခြားသော ကောင်းကျိုးများစွာရှိပါတယ်။

 

၂။ အချိန်ပိုင်းအလုပ်ကြေးလည်း ကြီးကြီးမားမားကွာခြားတယ်။
အချိန်ပိုင်းအလုပ်လုပ်ပြီး ကျောင်းစရိတ်ကိုရှာနေရင်းကြိုးစားနေတဲ့ ဘာသာစကားသင်နိုင်ငံခြားကျောင်းသားတွေအများကြီးရှိပေမဲ့၊ အချိန်ပိုင်းအလုပ်တူရင်တောင်မှ မြို့လယ်ခေါင်နဲ့ နယ်ဘက်ဆို ဈေးနှုန်းမတူပါဘူး။
အလုပ်တူရင်တောင်မှ ဘယ်လိုပဲဖြစ်ဖြစ်မြို့လယ်ခေါင်မှာလုပ်သင့်ပါတယ်.
ဆိုင်အရေအတွက်လည်းပိုပြီးများတဲ့အတွက်၊ အလုပ်အတွက်များများခေါ်ကြတာဟာ အားသာချက်ပါပဲ..

 

၃။ ဘယ်နေရာကိုပဲဖြစ်ဖြစ်သွားရလွယ်ကူတယ်။
တကူးတကတောင်ဂျပန်ကိုလာရတာမို့လို့ အားလပ်ရက်မှာတော့ နေရာအစုံကိုလျှောက်သွားကြည့်ချင်တယ်လို့ တွေးမိတယ်မဟုတ်ပါသလား?
အဲ့ဒီအချိန်မှာ မြို့လယ်ခေါင်မှာဆို ဘယ်နေရာကိုပဲဖြစ်ဖြစ်သွားရတာ နီးပါတယ်။
အကြောင်းကတော့ ရထားတွေဟာမြို့လယ်ခေါင်းမှာပဲ လာဆုံနေလို့ဖြစ်ပါတယ်။
Soka ဘူတာရဲ့အနီးမှာနေထိုင်မယ်ဆို အဲ့ဒီအနီးကမြို့လယ်ခေါင်ထက် သွားရလွယ်ကူတယ်လို့ထင်ရပေမဲ့၊ အခြားသော Saitama စီရင်စုတစ်ခုတည်းကိုပဲ လျှောက်သွားကြည့်ချင်တာတော့ မဟုတ်ပါဘူးနော်?
ဒါဆို မြို့လယ်ခေါင်ကအဆင်ပြေပြီးသက်သာပါတယ်။

မြို့လယ်ခေါင်ဟာ အဲ့ဒီလိုမျိုးတွေအဆင်ပြေပေမဲ့၊ သူရဲ့အားနည်းချက်က အိမ်ငှားခဈေးကြီးခြင်းပဲဖြစ်ပါတယ်။
ဒါကြောင့် နယ်မှာပဲနေလိုက်တော့တယ်ဆိုတဲ့ နိုင်ငံခြားကျောင်းသားတွေလည်းအများကြီးရှိပါတယ်။
အဲ့ဒါကမှားတယ်လို့ထင်ပါတယ်…

Shared apartment ဆိုတဲ့ဝန်ဆောင်မှုကို အားလုံးပဲသိကြပြီးပြီလား?
မိမိကိုယ်ပိုင်အခန်းကို သီးသန့်ခွဲထားပေးပြီး၊ toilet, ရေချိုးခန်း၊ မီးဖိုချောင်ကိုတော့ အတူတူအသုံးပြုရမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့အခန်းကလွဲပြီး ကျန်တာတွေက share ရတာကြောင့် အိမ်ငှားခသက်သာပါတယ်.
အိမ်ခန်းနဲ့လိုက်ပြီးမတူညီပေမဲ့၊ အိမ်ငှားခက ယန်း ၃ သောင်းကနေစပါတယ်။

ဒီအပြင် သန့်ရှင်းရေးဝန်ဆောင်မှု၊ လေအေးပေးစက်နဲ့အိပ်ယာ၊ ရေခဲသေတ္တာ စတဲ့ပရိဘောဂတွေလည်း ပါဝင်ပြီးသားပါ။
အာမခံပေးမယ့်သူမလိုအပ်တာကလည်း နိုင်ငံခြားသားတွေအတွက် ကျေးဇူးတင်စရာကောင်းပြီး၊ လက်ရှိနေထိုင်သူ ၅၀ ရာခိုင်နှုန်းကလည်း နိုင်ငံခြားသားတွေပဲဖြစ်ပါတယ်။
အဆောက်အဦးပေါင်း ၄၄၀ နဲ့၊ အခန်းပေါင်း ၅၆၀၀ ရှိတဲ့အတွက် အိမ်ခန်းတွေထဲမှာနှစ်သက်ရာကို ပြောင်းရွေ့တာလည်းလုပ်နိုင်ပါတယ်။
မြန်မာစကားနဲ့ မေးမြန်းနိုင်တာကလည်း စိတ်သက်သာစေမယ့်အချက်ပါ။

အိမ်ခန်းရှာနေသူများ၊ လက်ရှိနေထိုင်နေတဲ့အိမ်ခန်းကိုသဘောမကျတဲ့သူများ သေချာပေါက်စဥ◌်းစားကြည့်ပါ။
တတ်နိုင်သလော JAPO ကလည်းကူညီပေးမှာဖြစ်တဲ့အတွက်၊ ဘာပဲဖြစ်ဖြစ်လာမေးနိုင်ပါတယ်။
ဈေးသက်သာစွာနဲ့ သက်တောင့်သက်သာရှိမယ့်နေရာမှာနေပြီး၊ အကောင်းဆုံးသောနိုင်ငံခြားအတွေ့အကြုံကို ရယူလိုက်ပါ။

https://ws.formzu.net/dist/S43173188/
JAPO သို့စုံစမ်းမေးမြန်းရန် [email protected]

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: