နံပါတ် 8 ကိုစောင့်ထိန်းသောဂျပန် !!!

ကြိုက်နှစ်သက်ရာဂဏန်းတစ်ခုကိုရွေးပါဆိုရင် သင်ဘယ်ဂဏန်းကိုရွေးချယ်မလဲ?
လက်ကီး 7 လိုပဲ ဂျပန်မှာနာမည်ကြီးတဲ့ဂဏန်းကတော့ 8 ဖြစ်ပါတယ်။
ဒါကတရုတ်နိုင်ငံနဲ့လည်းအတူတူပါပဲ။
2008 ခုနှစ်ပေကျင်းအိုလံပစ်ရဲ့ ဖွင့်ပွဲအခမ်းအနားဟာ 2008 ခုနှစ် 8 လပိုင်း၊ 8 ရက်နေ့ 8 နာရီမှာလုပ်ခဲ့သလို၊ အာရှတစ်ခွင့်မှာ 8 က လက်ကီးပဲလို့ပြောတာတွေကြားရပါတယ်။

https://kotobakubari.com/

သို့သော် အာရှမှာသာလျှင်မဟုတ်ပါဘူး။
ခရစ်ယာန်ဘာသာမှာလည်း 8 ဟာ အရေးကြီးတဲ့နံပါတ်တစ်ခုဖြစ်ပါတယ်…
ကောင်းကင်နဲ့‌မြေကြီးရဲ့ ၇ ရက်ကြာဖန်ဆင်းခြင်းထဲကနေ၊ ၇ ဟာပြည့်စုံခြင်း၊ ပြီးဆုံးခြင်းဆိုတဲ့အဓိပ္ပါယ်ရပြီး၊ အသစ်ကနေအစပြုလာတာကတော့ နောက်တစ်ရက်မှာဖြစ်ပါတယ်။
တစ်နည်းအားဖြင့် 8 ဟာပြန်လည်အစပြုတယ်ဆိုတဲ့အဓိပ္ပါယ်အဖြစ်အသုံးပြုကြပြီး၊ ∞ နဲ့ 8 ဟာတော်တော်လေးဆင်တူရာကနေ၊ ကမ္ဘာလုံးဆိုင်ရာလက်ကီးဂဏန်းဖြစ်သွားပါတယ်။

ဂျပန်ရဲ့ရှေးဟောင်းစကားဖြစ်တဲ့ 大和言葉 Yamato language ဆိုတာရှိပါတယ်။
ဂျပန်ဘာသာစကားဟာ တရုတ်နဲ့ကိုရီးယားကနေထည့်သွင်းထားတဲ့ စကားလုံးနဲ့ Kanji တို့ရဲ့ဆင်းသက်လာပုံဟာ မျက်မှောက်ခေတ်ဂျပန်ဘာသာစကားကိုတည်ဆောက်ထားပါတယ်။
သို့သော်၎င်းမတိုင်ခင်ကရှိနေခဲ့တဲ့စကားကတော့ Yamato language လို့ပြောကြပါတယ်။
ထိုအထဲမှာ ကိန်းဂဏန်းတွေရဲ့ရေတွက်ပုံရေတွက်နည်းကျန်ခဲ့ပါတယ်။
ဒီနေရာမှာ 8 ဂဏန်းရဲ့လျှို့ဝှက်ချက်ရှိပါတယ်။

မျက်မှောက်ခေတ်ဂျပန်ဘာသာစကားအရဆို ကိန်းဂဏန်းတွေက
(1)いち、(2)に、(3)さん、(4)し、(4)よん、(5)ご、(6)ろく、(7)なな、(8)はち、(9)きゅう、(10)じゅう

ဆိုပြီးဖြစ်ပေမဲ့ Yamato language မှာတော့ ဒီလိုဖြစ်နေပါတယ်။
ひー、ふー、みー、よー、いー、むー、やー、こー、とー

ဒါကအရေအတွက် ရေတွက်ချိန်မှာအသုံးပြုပြီး၊ “つ” နဲ့အတူတူပါပဲ။
ひとつ、ふたつ、みっつ、よっつ、いつつ、

ဆိုပြီးတော့ဖြစ်ပါတယ်။
အသက် ၂၀ နှစ်ကို “はたち” လို့ယခုတိုင်ခေါ်ဆိုနေကြတယ်။ ဒါဟာတကယ်တော့ ၂၂ ခုဆိုတာကို Yamato စကားနဲ့“はたち” လို့ခေါ်ဆိုရာကနေ ဆင်းသက်လာခြင်းဖြစ်ပါတယ်။

စကားလမ်းကြောင်းလွဲသွားတယ်…၊ပြန်ဆက်ပြောရရင်
Yamato စကားမှာ 8 ကို “やー” လို့ခေါ်တယ်။
8 ကို “やっつ”လို့ယခုခေတ်မှာလည်းခေါ်ပါတယ်။

ဒီ“や”ဆိုတဲ့စကားမှာ ကြီးမားတဲ့ခွန်အား၊ 言霊(ことだま)ရှိနေတယ်လို့ ဂျပန်လူမျိုးတွေကသင်ကြားလာခဲ့ပါတယ်။

大和言葉ရဲ့ 大和(やまと)ဆိုတာက ဂျပန်အဓိပ္ပါယ်သက်ရောက်ပေမဲ့၊ ဒါကလည်း “や” ကနေအစပြုခဲ့တယ်။
ဒဏ္ဍာရီလာနတ်သမီးကညာကအုပ်ချုပ်ခဲ့တဲ့ရှေးတိုင်းပြည် 邪馬台国(やまたいこく)မှာလည်း “や” ပါဝင်နေတယ်။
ဂျပန်မှာတော့ ပြောပြ၍မကုန်ခမ်းလောက်အောင် နတ်ဘုရားတွေအများအပြားရှိတာကို 八百万の神(やおよろずのかみ)လို့ခေါ်ပြန်တယ်။
ဧကရာဇ်မိသားစုရဲ့ မြင့်မြတ်သောရတနာ ၃ ပါးအနက်တစ်ပါးဖြစ်သော 八咫鏡(やたのかがみ)
ဂျပန်ကိုကာကွယ်သည့်ခြေထောက်သုံးချောင်းရှိသောကျီးကန်း 八咫烏(やたがらす)

Kendo မှာကိုယ်တိုင်စိတ်အားထက်သန်မှုကိုထည့်လိုက်တဲ့အချိန် ဖော်ပြသောစကားလုံးဟာ “やー!!”
၎င်းက ကရာတေးနဲ့ဂျူဒိုမှာလည်း “ ယား…” ဆိုပြီးအော်ကြတယ်နော်…

နေရာနာမည်မှာလည်း များစွာရှိပါတယ်။
တိုကျိုဘူတာတည်ရှိတဲ့ 八重洲(やえす)၊ တိုကျိုမှာရော အိုဆာကာမှာပါရှိတဲ့ 八幡(やわた、はちまん)

“ ရှင်တို” ဆိုတဲ့ဂျပန်ရဲ့ထူးခြားတဲ့ဘာသာတရားရဲ့မူလပုံစံ 古神道(こしんとう)မှာ‌တော့ ,
ကောင်းကင်သို့မျက်နှာမူခြင်း ၄ နေရာ
မြေကြီးသို့မျက်နှာမူခြင်း ၄ နေရာတို့ဖြင့် အားလုံးဆုတောင်းကြတဲ့အတွက်စုစုပေါင်း 8 ဖြစ်ပါတယ်။

ဂျပန်ကိုကျော်သွားတဲ့နေရာမှာလည်း 8 ဟာသန့်ရှင်းသောဂဏန်းအဖြစ် တည်ရှိတယ်လို့ပြောကြပါတယ်။
Piano keyboard က “ 8 8”
ဒီထက်များရင် အပေါ်ရောအောက်ရော လူသားတွေကြားနိုင်တဲ့အတိုင်းအတာထက်ကျော်လွန်သွားတာကြောင့်ဖြစ်ပါတယ်။

နေအဖွဲ့အစည်းမှာ ဂြိုလ် 8 ခုရှိတယ်။
Atomic number 8 ကလည်း လူသားတွေအတွက်အလိုအပ်ဆုံး အောက်စီဂျင်ဖြစ်ပါတယ်။

ချရေးမယ်ဆိုရင်တောင်မကုန်ပါဘူး။ ဒါပေမဲ့
8 နဲ့ဂျပန်စာထဲက “や” ဆိုတဲ့အသံထွက်ဟာ ကြီးမားတဲ့အစွမ်းကိုပိုင်ဆိုင်ထားတယ်ဆိုတာ ဂျပန်တစ်ခုတည်းမဟုတ်ဘဲ၊ တော်တော်လေးကျယ်ဝန်းတဲ့ဧရိယာမှာ ရှေးကတည်းကယုံကြည်လာခဲ့ကြပါတယ်။

ဧကရာဇ်စနစ်ကိုကာကွယ်ပေးတဲ့ကြယ်ဟာ Big Dipper(၇ ဆင့်ကြယ်)ကြယ်တာရာဖြစ်ပေမဲ့၊
ဒါဟာတကယ်တော့ ကြယ် 8 လုံးရှိနေတာကို သိကြပါသလား?

https://www.kaze-travel.co.jp/

ကြယ်များစွာဟာရွေ့လျားနေရင်း၊ သိပ်ပြီးရွေ့လျားမှုမရှိတဲ့မြောက်ဘက်ကြယ်ဟာ ဧကရာဇ်ကိုရည်ညွှန်းပြီး၊ ၎င်းကိုစောင့်ရှောက်ဝန်းရံပေးတာကတော့ Big Dipper ပဲဖြစ်တယ်လို့ ဂျပန်ကတော့ ပြောစမှတ်ပြုကြပါတယ်။
ဒါဟာ ကြယ် 8 လုံးအတွဲလိုက်ရှိနေတာဖြစ်ပြီး၊ အရင်ခေတ်အီဂျပန်နိုင်ငံမှာလည်း ဒီလိုပဲပြောခဲ့ကြပါတယ်။
၁ ခုလေးပဲ.. အတော်လေးမှောင်လို့ မြင်ဖို့ခက်နေတာပါ..
ဒါပေမဲ့ 8 လုံးအတွဲဟာ အတူတကွရွေ့လျားနေတာပဲဖြစ်ပါတယ်။

နောက်ပြီး နှစ်ပေါင်း ၁၃၀၀ မတိုင်ခင်ကရှေးခေတ်သင်္ချိုင်းတောင်ကုန်း၊ 高松塚古墳 Takamatsuzuka Kofun ကိုစပြီး၊
ဂျပန်အာဏာရှင်တွေရဲ့အုတ်ဂူမှာတော့ ၆ ထောက်ပုံစံအလှဆင်ထားတဲ့အရာကို အများအပြားအသုံးပြုထားပါတယ်။

8 ရဲ့အစွမ်းကိုယုံတာမယုံတာက သင့်အပေါ်မှာပဲမူတည်တယ်။
ဒါပေမဲ့ 8 ရဲ့အစွမ်းကိုယုံကြည်ပြီး လျှို့ဝှက်စွာအသုံးပြုလာတဲ့ ဂျပန်ဧကရာဇ်မိသားစုဟာ ကမ္ဘာမှာသက်တမ်းအကြာဆုံး ဧကရာဇ်တော်ဝင်မိသားစုပဲဖြစ်ပါတယ်။
8 ရဲ့ပါဝါကို သင်လည်းယုံကြည်ပါလား?

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: