ကြောက်စရာကောင်းတဲ့ matching app၊ ယောက်ျားလေးအများစုအတွက် ထောင်ချောက်ဖြစ်နေ

မျက်မှောက်ခေတ်ဂျပန်လူငယ်တွေက ရည်းစားထားရတာကိုမနှစ်သက်တော့ဘဲ၊ စိတ်ရှုပ်စရာကောင်းတယ်လို့တွေးသူတွေများလာခဲ့ပေမဲ့၊ ပုံမှန်အားဖြင့် အဲ့ဒီလိုချည်းပဲတော့မဟုတ်ပါဘူး။
ရုပ်ချောတဲ့ချစ်သူမျိုးကိုမှလိုချင်သူတွေများပေမဲ့၊ ကိုရိုနာရဲ့ကူးစက်မှုတွေကြောင့်အပြင်မထွက်ကြတော့ဘဲ၊ ပိုဆိုးတာက တွေ့ဆုံစားသောက်တာမျိုးကိုတောင်မလုပ်ကြတော့တဲ့အတွက်၊ ဒိတ်လုပ်မှုသိသိသာသာနည်းသွားပါတယ်။
ဘယ်တော့များမှပြီးဆုံးပါ့မလဲမသိတဲ့ကိုရိုနာကြောင့်လည်း နောက်ထပ်မစောင့်နိုင်တော့ပါဘူး….


ဒီလိုနဲ့ပဲ လတ်တလောနာမည်ကြီးနေတာကတော့ matching app လို့ခေါ်တဲ့အရာပဲဖြစ်ပါတယ်။
ဖူးစာဖက်ဆုံချင်ကြတဲ့အမျိုးသားအမျိုးသမီးအသီးသီးကို လိုက်ဖက်ပြီးသင့်တော်မယ့်လူနဲ့တွဲပေးတဲ့ အက်ပလီကေးရှင်းဖြစ်ပြီး၊ အိမ်ထောင်ပြုချင်ကြတဲ့ အပျိုကြီး၊လူပျိုကြီးတွေအတွက်တော့ ကျေးဇူးတင်စရာကောင်းတဲ့ ကိရိယာလေးတစ်ခုဖြစ်ပါတယ်။

သို့သော် သတိထားပါ။
ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ် ဒုက္ခ‌ရောက်သွားရတဲ့လူတွေ အတော်လေးရှိပါတယ်။

မိန်းကလေးတစ်ယောက်က သူမနဲ့တွေ့မယ့်အမျိုးသားဆီကနေ အကြမ်းဖက်ခံရနိုင်ချေရှိတယ်ဆိုတာ ကြိုတင်ခန့်မှန်းရလွယ်ပေမဲ့၊ တကယ်တော့ အန္တရာယ်နဲ့ကြုံခဲ့ရတာက အမျိုးသားတွေမှာပိုများတယ်? ဆိုတဲ့အချက်ဖြစ်ပါတယ်။
ရာဇဝတ်မှုတွေအထိဖြစ်နိုင်ချေရှိပြီး ထောင်ချောက်သဖွယ်အန္တရာယ်ရှိတဲ့ matching app ရဲ့ကြောက်စရာကောင်းမှုကတော့….

မုဒိမ်းမှုဖြင့်အဖမ်းခံရခြင်း

matching app မှာဆုံခဲ့တဲ့မိန်းကလေးနဲ့ အပြင်မှာတွေ့ကြရင်း စိတ်တူသဘောတူကြောင့် ပထမဆုံးတွေ့တဲ့အခေါက်မှာပဲမိန်းကလေးရဲ့အိမ်ကိုလိုက်သွားတယ်။
အခြေအနေကလည်းကောင်းနေရဲ့သားနဲ့ ရုတ်တရက်မိန်းကလေးကအိပ်ဟန်ဆောင်တဲ့ပုံစံမျိုးလုပ်လိုက်တာကြောင့်၊ အဲ့ဒီအချိန်မှာပဲမိမိရဲ့ လိင်အလိုရမ္မက်တက်ကြွလာတဲ့အတွက် ကျူးလွန်လိုက်မိတယ်။
ပုံမှန်အားဖြင့်တော့ မိန်းကလေးအိမ်ကိုလိုက်သွားပြီး၊ ရင်းနှီးခင်မင်သွားတာကနေစကာ၊ သောက်ကြစားကြတဲ့အဆင့်ကနေဆိုရင် နှစ်ဦးသဘောတူညီချက်အရလို့ ယောက်ျားလေးဘက်ကပြန်ငြင်းနိုင်ပေမဲ့၊ ဒါကတော့ ထောင်ချောက်တစ်ခုဆိုတာ သိသာလွန်းနေပါတယ်။
rape လုပ်ခံလိုက်ရတယ်၊ တရားစွဲမယ်ဆိုပြီး ကောင်မလေးဟာနောက်နေ့မှာပြောလာပါတယ်။
ရည်ရွယ်ချက်ကတော့ သေချာပေါက် ငွေညစ်ဖို့ပါ..
ဒါ့အပြင် ပိုက်ဆံမပေးဘူးဆိုရင်တော့ ရဲကိုခေါ်ပြီးအဖမ်းခံရနိုင်ချေရှိပါတယ်။

 

လက်စားချေခြင်း porn ရဲ့အန္တရာယ်

အတူတူကာမလွန်ကျူးပြီးခဲ့တဲ့မိန်းကလေးဟာ အဲ့ဒီအချိန်အတွင်းသူမရိုက်ခဲ့တဲ့ဓါတ်ပုံတွေကို အင်တာနက်ဝက်ဘ်ဆိုက်တွေမှာဖြန့်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်လာမှုကလည်း ပေါ်လာပြန်ပါတယ်။
ဒီလိုအန္တရာယ်ကတော့ အမျိုးသားရောအမျိုးသမီးမှာပါ ကြုံတွေ့နိုင်ချေများပါတယ်။
ယောက်ျားလေးဆိုရင်၊ အိမ်ထောင်ရှိသူဆို ဒီခြိမ်းခြောက်မှုမှာရှုံးနိမ့်ပြီး ပိုက်ဆံပေးလိုက်ရတဲ့လူတွေက များများစားစားပါပဲ …
တိုင်ချက်ဖွင့်လို့ကလည်းမရတာကြောင့် အခြေအနေကိုမဖြေရှင်းနိုင်ဘဲ ငွေညစ်ခံလိုက်ရတာများပါတယ် ….

 

rip-off barဘားသို့ ဖိတ်ခေါ်ခံရခြင်း

အတူတူထမင်းစားကြပြီး အဲ့ဒီနောက်နည်းနည်းသောက်ကြရအောင်လို့ဆိုကာ ဖိတ်ခေါ်ခဲ့တဲ့ဆိုင်က rip-off bar ဖြစ်နေ !!!
အနည်းငယ်သောက်ရုံနဲ့ ယန်းသောင်း ၅၀ ထိ ပြေစာကျသင့်သွားတဲ့လူတောင်ရှိပါတယ်။

ဒီအပြင်လည်း အိမ်ထောင်ရေးလိမ်လည်လှည့်ဖြားသူနဲ့ မိမိရဲ့စိတ်ပိုင်းဆိုင်ရာကိုအတော်လေး ဒုက္ခပေးနိုင်တဲ့လူတွေလည်းရှိတာကြောင့်၊ လူအများနဲ့တွေ့ဆုံမယ်ဆိုရင်တော့ကောင်းပေမဲ့၊ မိမိရဲ့လက်တွဲဖော်အဖြစ်ရွေးချယ်ဖို့ဆိုရင်တော့ ဂရုတစိုက်ကြည့်ဖို့လိုအပ်ပါတယ်။
အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်တော့….

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: