၁၉၆၄ ခုနှစ်၊ ယခင်တစ်ခေါက်အိုလံပစ်ဟာ ဂျပန်ကိုပြောင်းလဲစေခဲ့တယ်။

ရှုပ်ထွေးမှုတွေကြားထဲမှာ ကျင်းပနေတဲ့တိုကျိုအိုလံပစ်အားကစားပြိုင်ပွဲကြီး !!!
အားနည်းချက်၊ ချို့ယွင်းချက်တွေများစွာရှိနေပြီး၊ ဘတ်ဂျက်အမြောက်အများအသုံးပြုနေသော်လည်း တိုကျိုဆိုတဲ့မြို့မှာ ကြီးကြီးမားမားပြောင်းလဲမှုမရှိပါဘူး။

၁၉၆၄ ခုနှစ်က ကျရောက်ခဲ့တဲ့တိုကျိုအိုလံပစ်ကတော့ ဒီလိုပုံစံပြိုင်ပွဲကြီးဖြစ်ခဲ့ပါတယ်။


https://www.ssf.or.jp/ssf_eyes/history/olympic_legacy/02.html

ယခုတစ်‌ခေါက်လိုပဲ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့လေယာဥ်များဟာ အိုလံပစ်ရဲ့သင်္ကေတကိုသရုပ်ဖော်ပြသခဲ့ပါတယ်။

ကွင်းထဲကိုလှပစွာ တန်းစီပြီးဝင်ရောက်လာမှုကတော့ ဒီတစ်ခေါက်အိုလံပစ်နဲ့မတူဘူးနော် …
ပွဲကြည့်ပရိသတ်အပြည့်ရှိခဲ့တာလည်း ကွာခြားပေမဲ့၊ ကိုဗစ်ကြောင့်ဆိုတော့လည်း ဒီတစ်ခေါက်ကမတတ်နိုင်ပါဘူး။

၁၉၆၄ ခုနှစ်ကတိုကျိုဟာ ဒုတိယကမ္ဘာစစ်အတွင်းစစ်ရှုံးခဲ့တာနဲ့ဆို ဘယ်လောက်မှာမကြာသေးပါဘူး။ ဆင်းရဲ့တဲ့မြို့ကလေးသာဖြစ်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ တောက်ပတဲ့အနာဂတ်အရိပ်အယောင်စမြင်ရလာပြီး၊ များစွာသောပြည်သူလူထုဟာ အမြင့်ကိုမျှော်မှန်းရင်း လျှောက်လှမ်းစပြုတဲ့အချိန်မှာ အိုလံပစ်ကိုအကောင်အထည်ဖော်ခဲ့ကြပါတယ်။

အဲ့ဒါနဲ့လိုက်ပြီး ကမ္ဘာကိုအတွေ့ခံဖို့ရှက်စရာမဟုတ်တော့တဲ့အရာအဖြစ်လုပ်ကြမယ် လို့ဆိုကာ၊ တိုင်းပြည်နဲ့အတူအပြည်သူလူထုက တစ်သွေးတစ်သံတည်းနဲ့ တိုကျိုရဲ့ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ခဲ့ကြပါတယ်။

ကမ္ဘာ့ပထမဆုံး အမြန်မီးရထားလမ်းပေါ်ပေါက်လာခြင်း

လက်ရှိကမ္ဘာတစ်ဝှမ်းက သိထားကြတဲ့ကျည်ဆန်ရထားဟာ ၁၉၆၄ ခုနှစ်မှာပေါ်ပေါက်လာခဲ့ပါတယ်။
ဂျပန်ရဲ့မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းကို ၁၉၃၂ ခုနှစ်မှာ ရေးဆွဲခဲ့ပါတယ်။
တိုကျိုကနေ တရုတ်နိုင်ငံရဲ့ Changchun အထိကို မြန်နှုန်းမြင့်ရထားနဲ့ဆက်သွယ်ပြီး၊ ကုန်ပစ္စည်းအမြောက်အများကိုသယ်ယူပို့ဆောင်နိုင်ဖို့အတွက် အထောက်အကူဖြစ်တယ်ဆိုတဲ့အသံတွေထွက်လာပြီး၊ ၁ နာရီကို ၂၀၀ ကီလိုမီတာ အမြင့်ဆုံးအမြန်နှုန်းနဲ့သွားနိုင်တဲ့ရထားလမ်းစီမံကိန်းကို ရေးဆွဲခဲ့ပါတယ်။
အဲ့ဒီနောက် ဂျပန်ရဲ့ စစ်ပွဲအခြေအနေက အဆိုးကြီးတော့ဖြစ်မလာခဲ့ပေမဲ့၊ ထိုစီမံကိန်းဟာ ၁၉၆၄ ခုနှစ်မှာ လက်တွေ့ဖြစ်လာခဲ့ပါတယ်။

စစ်ပြီးနောက် လေယာဥ်နဲ့ပတ်သက်သမျှလုပ်ငန်းတွေအားလုံး ပိတ်ပင်ခံလိုက်ရတာကြောင့် ဦးတည်ချက်ပျောက်ဆုံးသွားရတဲ့ လေယာဥ်တည်ဆောက်ရေးပညာရှင်တွေဟာ ကမ္ဘာ့မြန်နှုန်းအမြင့်ဆုံး အမြန်ရထားလမ်းကိုတီထွင်ဖန်တီးလာခဲ့ကြပါတော့တယ်။

 

Shibuya ကမြို့ဖြစ်လာသည်။

အဲ့ဒီအချိန်၊ Ueno, Asakusa နဲ့ Ginza အနီးတစ်ဝိုက်ဟာ မြို့လယ်ကောင်ဖြစ်ခဲ့ပါတယ်။
ထိုအချိန်မှာ Shibuya ဆိုတာကတော့ တော်တော်လေး အဆင့်နိမ့်နေပါသေးတယ်။
ဒါပေမဲ့ အိုလံပစ်အားကစားပြိုင်ပွဲကြီးရဲ့ ကျေးဇူးကြောင့်နဲ့ သိသိသာသာပြောင်းလဲသွားပါတယ်။
ပြိုင်ပွဲကျင်းပရာနေရာနဲ့နီးတယ်လို့ပြောကြပြီး၊ လမ်းမကြီးများကိုချဲ့ထွင်ခြင်းနှင့်အတူ စားသောက်ဆိုင်များရဲ့ တန်းစီဆောက်လုပ်ခြင်းများရှိလာခဲ့ပါတယ်။

ဒီအပြင်၎င်းမြို့ဟာ လက်ရှိတိုကျိုမှာလည်း ထိပ်တန်းအဆင့် မြို့တစ်မြို့အဖြစ် လျင်မြန်စွာနဲ့တိုးတက်လာခဲ့ပါတယ်။

 

အဆောက်အဦးတွေကြား ကားတွေဖြတ်သန်းသွားလာရာမြို့

တိုကျိုဟာ ဆာမူရိုင်းအချိန်ကာလကတည်းက လူစည်ကားတဲ့မြို့ဖြစ်ပါတယ်။
အဲ့ဒီအချိန် လန်ဒန်၊ ပါရီတို့နဲ့ကြီးကြီးမားမားကွာခြားပြီး၊ ကမ္ဘာ့အများဆုံးလူဦးရေကိုကျော်လွန်ခဲ့ပါတယ်။
အဲ့ဒီအတွက် နေ့စဥ်နေထိုင်မှုဘဝမှာ နေရာအကြပ်အတည်းဖြစ်လာပါတယ်။
နောက်ပိုင်းမှာလမ်းကိုချဲ့ဖို့တောင် တော်တော်လေးခက်ခဲသွားတာကြောင့်၊ တိုကျိုဟာ အဆောက်အဦးတွေကြားကိုဖြတ်ပြီး မြေအောက်ကိုဖြတ်တဲ့လမ်းတွေအများကြီးရှိတဲ့မြို့ဖြစ်လာပါတယ်။

ရှုပ်ထွေးပြီးအဆင်ပြေလှတဲ့ မြို့ပြရဲ့အမြန်လမ်းတွေစတင်ပေါ်ပေါက်လာတာကတော့ ၁၉၆၂ ခုနှစ်ကတည်းကဖြစ်ပါတယ်။

အိုလံပစ်အားကစားပြိုင်ပွဲကြီးကျင်းပခဲ့တဲ့ ၁၉၆၄ ခုနှစ်မှာတော့ ကျင်းပရာနေရာ Yoyogi အနီးရှိလမ်းများကိုလည်းဖွင့်လှစ်ခဲ့ပြီး၊ အနာဂတ်မြို့တော်ကို ပုံဖော်ခဲ့ပါတယ်။

အိုလံပစ်ရဲ့အကျိုးကျေးဇူးကြောင့် မြို့ဟာဒီလောက်အထိတိုးတက်ပြောင်းလဲသွားခဲ့ပေမဲ့၊ ဒီတစ်ခေါက် တိုကျိုအိုလံပစ်ကတော့ ဘယ်လိုပြောင်းလဲပေးခဲ့သလဲ?
မြို့ ကအနည်းငယ်သန့်ရှင်းသွားတယ်လို့ထင်ရပေမဲ့၊ ပြောင်းလဲမှုတော့သိပ်ပြီးမရှိဘူးနော်….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: