“ဝမ်းနည်းစရာသတင်း” ကာတွန်းကြိုက်သူတွေရဲ့ သီးသန့်နေရာဖြစ်လာတဲ့ ကော်ဖီဆိုင်လှလှလေး

တိုကျိုမြို့၊ မိနတိုရပ်ကွက်ရဲ့ အအိုးယမဆိုတဲ့နေရာတစ်ဝိုက်ဟာ ကော်ဖီဆိုင်လှလှလေးတွေနဲ့ ခေတ်မှီအထည်ဆိုင်တွေ စီတန်းနေတဲ့ အရွယ်ရောက်သူတွေရဲ့မြို့ဖြစ်ပါတယ်။
ရှိဘုယနဲ့ ဟရဂျုခုလိုမျိုး ထူးခြားပြီးဖက်ရှင်ကျသူတွေနဲ့ အခိဟဘရလိုမျိုး သာမန်ဖက်ရှင်ကျတဲ့လူတွေက စုဝေးကြတဲ့မြို့ဖြစ်ပါတယ်။

အဲ့လိုမြို့မှာရှိတဲ့ ဒီကော်ဖီဆိုင်လေး။
အပြင်ဘက်ကကြည့်ရင်တောင် သိပ်လှတယ်လို့ထင်ရတဲ့ခံစားမှု။


ဒီမှာထူးဆန်းတဲ့အဖြစ်အပျက်ဖြစ်ပွားခဲ့ပါတယ်။

https://r.gnavi.co.jp/prtu40bx0000/map/

အအိုးယမရဲ့ ဝတ်စားဆင်ယင်ပုံနဲ့မတူနဲ့လူတွေရောက်ရှိနေပါတယ်။
ဆိုင်ထဲမှာ ဒီလိုဓာတ်ပုံတွေရိုက်ကူးနေကြတဲ့ပုံပါပဲ။


ကာတွန်းကြိုက်သူတွေဟာ ဘာလို့ အခိဟဘရလိုမြို့မှာရှိမနေဘဲ ကာတွန်းနဲ့မဆက်စပ်တဲ့ အအိုးယမမှာ စုဝေးကြတာလဲ။
အဖြေကတော့ အောက်ကပုံမှာ ရှိပါတယ်။

ဒီဆိုင်ကို လူကြိုက်များနေတဲ့အနီမေးရှင်းဖြစ်တဲ့ Love Live ရဲ့ အဓိကဇာတ်ကောင်ရဲ့ မိဘနေအိမ်အနေနဲ့ အသုံးပြုခဲ့တာကြောင့်ဖြစ်ပါတယ်။

https://www.lisani.jp

 

Love life ရဲ့ ထုတ်လုပ်သူဘက်ကလည်း ဆိုင်ကနေခွင့်ပြုချက်ကို သေချာယူထားတဲ့တာကြောင့် ဆိုင်ဘက်ကလည်း ဒီလိုအခြေအနေအတွက် မကျေမနပ်ဖြစ်လို့မရပါဘူး။
ဒါပေမယ့် ဒီလိုမျိုးကာတွန်းကြိုက်သူတွေပဲ စုဝေးနေပြီးလာမယ်ဆိုရင် အအိုးယမရဲ့ ပုံမှန်ဖောက်သည်တွေ မလာတော့ပါဘူး။

အခုက ကာတွန်းကြိုက်သူတွေရဲ့ ဝယ်လိုအားကြောင့် အခြေအနေကောင်းနေပေမယ့် ဒါဟာခဏတာပဲဆိုတာကို တွေးကြည့်ရင် နောက်ပိုင်းရောင်းအားအတွက်က စိုးရိမ်ရပါတယ်။

ဒီလိုဖြစ်လာမယ်လို့ မတွေးမိဘူး။ ငြင်းလိုက်ရင်ကောင်းမှာ။
ဆိုတဲ့ တွစ်တာပို့စ်တစ်ခုကို ဆိုင်ရှင်က တွစ်တာမှာတင်ပြီးပြီးချင်းပဲ ကာတွန်းကြိုက်သူတွေက ဒေါသမီးတောက်ထွက်ကြပါတော့တယ်။
ဆိုင်ရှင်ရဲ့ခံစားချက်ကို နားလည်ပေမယ့် ဒီလိုထုတ်ပြောလိုက်တာတော့ မကောင်းဘူးပေါ့။ အစကတည်းက ဒီလိုဖြစ်မယ်လို့တွေးမိပေမယ့် ခွင့်လွှတ်ပေးလိုက်ပါတယ်။

ဒါနဲ့ မီနူးက အရမ်းအရသာရှိမယ့်ပုံပဲနော်။

နောက်ပိုင်းမှာ ဒီဆိုင်လေးက ကာတွန်းကြိုက်သူတွေရဲ့ သီးသန့်နေရာလေးအဖြစ် ဆက်ရှိနေမလား ဒါမှမဟုတ် အရင်အတိုင်း ကော်ဖီဆိုင်လှလှလေးအဖြစ်ပဲ ဆက်ရှိနေမလား?
ကာတွန်းကြိုက်သူတွေကို အရူးလိုမျိုး ပြောခဲ့တဲ့စကားအပေါ် ကာတွန်းကြိုက်သူတွေရဲ့ ဒေါသဟာ မပြေပျောက်သေးဘဲ အင်တာနက်ပေါ်မှာတော့ သတင်းကြီးတစ်ခုဖြစ်နေဆဲပါ။
ကာတွန်းထုတ်လုပ်သူဘက်နဲ့ ပူးပေါင်းပြီး ကုန်ပစ္စည်းတွေထုတ်ရောင်းရင် အမြတ်ထွက်ပြီး အဆင်ပြေမှာကို အခုတော့……။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: