အိုလံပစ်၊ အဆုံးမှာတော့ သေဆုံးမှုဖြစ်ပေါ်သည့် အခြေအနေထိတိုင်…

JAPO မှာအကြိမ်ကြိမ်တင်နေတဲ့ တိုကျိုအိုလံပစ် ပြဿနာ။
ပြည်သူတွေရဲ့ဆန့်ကျင်မှုကို ဂရုမပြုဘဲ၊ အတင်းအဓမ္မ ကျင်းပရန်လိုလားသော ဂျပန်အစိုးရဟာ နောက်ဆုံးမှာတော့လူသေဆုံးမှုဖြစ်ပေါ်သည့်အခြေအနေထိ တွန်းပို့သွားပါတော့တယ်။
ဇွန်လ ၇ ရက်နေ့နံနက် ၉ နာရီ ၂၀ မိနစ်ခန့်က Toei Asakusa လိုင်း Nakanobu ဘူတာရုံမှာ
JOC (ဂျပန်အိုလံပစ်ကော်မတီ) တွင်စာရင်းကိုင်တာဝန်ယူထားသောအသက် ၅၀ ရှိအမှုဆောင်အရာရှိတစ်ဦးဟာ ရထားလမ်းအတွင်းခုန်ချကာသတ်သေခဲ့ပါတယ်။
ယခုအချိန်ထိ သေတမ်းစာကို ရှာမတွေ့သေးပါဘူး။

အိုလံပစ်ပြိုင်ပွဲမှာ ပွင့်လင်းမြင်သာမှုမရှိတဲ့ ငွေကြေးစီးဆင်းမှုဟာလည်း ပြဿနာတစ်ခု ဖြစ်နေပါတယ်။
ယန်း ၁၅၆၉ သန်းကုန်ကျတဲ့ အမျိုးသားအားကစားရုံဟာ ကွန်ကရစ်အတိုင်းသားနဲ့၊ ပိုက်လိုင်းတွေကိုလည်းမြင်နေရပါတယ်။
အလားတူစကေးရှိတဲ့ ပုံစံတည်ဆောက်ထားတဲ့၊ Kanagawa စီရင်စုရှိ Nissan Stadium ဟာယန်း သန်း၆၀၀၊ Saitama Super Arena ကယန်းသန်း၆၅၀ဖြစ်ပြီး၊ ဈေးထက်ဝက်ထက်နည်းပေမယ့်လည်း ကောင်းစွာတည်ဆောက်ထားပါတယ်။
ဘယ်လိုပဲကြည့်ကြည့် သံသယဖြစ်ဖွယ်ငွေစီးဆင်းမှုရှိတယ်လို့ခံစားရတဲ့ အခြားသတင်းတွေလည်း အများကြီးပျံ့လို့နေပါတယ်။
အဲ့ဒီအထဲကမှ စာရင်းကိုင်အမှုဆောင်တစ်ဦးက ကိုယ့်ကိုယ်ကိုသတ်သေခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါကရော တကယ်ပဲသတ်သေတာလားလို့ သံသယ‌နဲ့အတွေးတွေဝင်လာပါတယ်။
နှုတ်ပိတ်ဖို့သတ်လိုက်တာရော မဖြစ်နိုင်ဘူးလား?

ပြီးတော့ ပြည်သူတွေကိုတော့ အပြင်ထွက်ဖို့တားတာတွေလုပ်နေရင်းနဲ့၊ နိုင်ငံခြားသားတွေကိုတော့ ဝင်ခွင့်ပြုတယ်။
အဲ့ဒီလို အပြောနဲ့အလုပ်မညီတာတွေလုပ်တာကြောင့် ပြည်သူလူထုရဲ့ဒေါသဟာ သိသိသာသာတိုးလာနေပါတယ်။
ပြိုင်ပွဲဖျက်သိမ်းဖို့အတွက် လက်မှတ်ထိုးထားတာကို လူပေါင်း ၃၅၀၀၀၀ စုဝေးပြီး တင်ပြခဲ့တာတောင် အတင်းအကျပ်ကျင်းပခဲ့ပါတယ်။

ကိုရိုနာစီမံရေးကော်မတီဥက္ကဌ Omi ဟာ အိုလံပစ်ပွဲကျင်းပဖို့ သဘောမတူတာကြောင့် ရာထူးဆုံးရှုံးရတော့မယ်ထင်ပါတယ်။

လွတ်လွတ်လပ်လပ်ပြောနိုင်တဲ့ဒီမိုကရေစီလို့ လုံးဝမထင်နိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။

အိုလံပစ်ကျင်းပရန်အတွက်ပြင်းပြင်းထန်ထန်တိုက်တွန်းနေတဲ့ဂျပန်အစိုးရ၏ကိုယ်စားလှယ်ဖြစ်သည့် ၀န်ကြီးချုပ်ဟာ သူကအိုလံပစ်ပွဲတော်ကိုစီစဉ်သူမဟုတ်ဘူးလို့ပြောပြီး ခေါင်းရှောင်သွားပါတယ်။
ဇူလိုင်လ ၂၃ ရက်နေ့မှာကျင်းပဖို့စီစဉ်ထားပေမယ့်ဘာဖြစ်လာဦးမလဲ…။
ရလဒ်အနေနဲ့ကတော့ အိုလံပစ်ကျင်းပပြီးနောက်ပိုင်း ဂျပန်မှာကိုဗစ်ကူးစက်ခံရသူတွေ ကြောက်ခမန်းလိလိများလာပါတော့တယ်….

『ဘာသာပြန်သူမှ』
အပြင်အဆင်ပိုင်းမသေသပ်တာတွေ၊ ကောလဟာလတွေ၊ မရှင်းနိုင်တဲ့ပြဿနာတွေကြားမှာ …
အခုတော့ အိုလံပစ်ပွဲတော်ကိုလည်း ကျင်းပနေပါပြီ။ ဂျပန်လို ဒီမိုကရေစီနိုင်ငံမှာ ပြည်သူ့အသံဟာ အာဏာလောက်အရေးမစိုက်ခံရတာကိုတွေ့ရတော့ အံ့ဩမိသလို၊ ဝမ်းနည်းသလိုလည်း ခံစားရပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: