နှာခေါင်းကနေသွင်းမယ့်ကိုဗစ်ကာကွယ်ဆေး? ဆန်ကိုစားရုံနဲ့ ကိုဗစ်ကိုတွန်းလှန်မယ် ?

Shionogi ဆေးဝါးကုမ္ပဏီလီမိတက်နဲ့ တိုကျိုတက္ကသိုလ်မှအကျိုးတူကုမ္ပဏီဖြစ်သော HanaVaxကုမ္ပဏီလီမိတက်တို့ဟာ မျိုးစိပ်သစ်ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးအသစ်တီထွင်မှုရဲ့ လိုင်စင်သဘောတူညီချက်ကို အကောင်အထည်ဖော်ပြီး ဆိုတဲ့သတင်းထွက်လာခဲ့ပါတယ်။

ဒါဟာအတော်လေးစိတ်ဝင်စားဖို့ကောင်းတာကြောင့် မိတ်ဆက်ပေးချင်ပါတယ်။

https://times.abema.tv/news-article/8667619

ကာကွယ်ထိုးတဲ့ သတင်းvideo ကိုကြည့်ပြီး “ တော်တော်နာမှာပဲ …” လို့တွေးမိမယ့်လူက ကျွန်တော်တစ်ယောက်တည်းတော့ မဟုတ်တာသေချာပါတယ်။
ထင်သလောက်လည်းမနာပါဘူးလို့ပြောသူတွေရှိပေမဲ့၊ အဲ့ဒီလောက်ထိအပ်နဲ့ပြင်းပြင်းထန်ထန်တော့ အထိုးမခံချင်ဘူးနော် …

ဒီတစ်ခေါက် တီထွင်လိုက်တဲ့ကာကွယ်ဆေးကတော့ နှာခေါင်းကနေဆေးထိုးသွင်းရမယ်လို့ ဆိုပါတယ်။
ဟုတ်ပါတယ် အပ်နဲ့ထိုးမှာတော့မဟုတ်ပါဘူး။
နှာခေါင်းထဲကိုရေကိုထည့်လိုက်ရင် နာမယ်လို့ထင်ရပေမဲ့၊ တကယ်တော့မနာပါဘူး။

ဒါ့အပြင် စိတ်ဝင်စားဖို့ကောင်းတာက နှာခေါင်းရဲ့ mucous membrane (နှာရည်ထွက်သောအမြှေး) ကိုအသုံးပြုတာဖြစ်လို့ ထိရောက်မှုမှာကြီးမားတဲ့ကွာခြားချက်ရှိတဲ့အပိုင်းပဲဖြစ်ပါတယ်။
ထိုးဆေးကာကွယ်ဆေးဟာ အခြေအနေမပြင်းထန်အောင်ကာကွယ်တာဖြစ်လို့၊ ခန္ဓာကိုယ်တွင်းသို့ကျူးကျော်လာမယ့်ဗိုင်းရပ်စ်ကိုတော့ မကာကွယ်နိုင်ပါဘူး။
နှာခေါင်းရဲ့ mucous membrane (နှာရည်ထွက်သောအမြှေး) ကိုအသုံးပြုတဲ့ ဒီပုံစံအသစ်ဟာ ပထမဆုံးခန္ဓာကိုယ်ထဲသို့ကျူးကျော်ဝင်ရောက်လာမှုကို ကြီးမားစွာကာကွယ်ပေးနိုင်တဲ့သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ဟာမျက်လုံးနဲ့ပါးစပ် စတာတွေကနေလည်း ဝင်ရောက်နိုင်တဲ့အတွက် ၁၀၀ ရာခိုင်နှုန်းကာကွယ်နိုင်တယ်လို့မဟုတ်ပေမဲ့၊ နှာခေါင်းဟာအဓိကဖြစ်တာကြောင့် ဒါဟာကြီးမားတဲ့အချက်ပဲဖြစ်ပါတယ်။

နောက်ထပ်သူတို့တွေ တီထွင်စမ်းသပ်နေကြတာကတော့ ဒီမှာပါ…


ဟုတ်ပါတယ်, ဆန်
ဆန်ကိုစားလိုက်ရုံနဲ့ ကာကွယ်ဆေးထိုးခြင်းနဲ့တူညီတဲ့သက်ရောက်မှုရှိတယ်ဆိုတဲ့အရာ….

လက်ရှိထိုးပေးနေတဲ့ကာကွယ်ဆေးဟာ အအေးခံသေတ္တာမရှိဘူးဆိုရင် သယ်ယူပို့ဆောင်ရေးနဲ့သိုလှောင်မှုနှစ်ခုလုံးကိုလုပ်နိုင်မှာမဟုတ်ပါဘူး။
ဒါပေမဲ့၊ ဆန်ဆိုရင် သာမန်အပူချိန်မှာအဆင်ပြေပါတယ်။
ကမ္ဘာတစ်ဝှမ်းကိုလည်း ဖြန့်ချိရလွယ်ကူတယ်။
ကြီးထွားဖို့ရန် အချိန်ယူရမယ့်ပြဿနာတော့ရှိပေမဲ့၊ ကြီးထွားပြီးနောက်ပိုင်းမှာတော့ လွယ်ကူစွာသိုလှောင်နိုင်ပါတယ်။
နောက်ပြီး စိုက်ပျိုးရေးနိုင်ငံကလည်း ကမ္ဘာတစ်ဝှမ်းမှာရှိတာကြောင့်၊ နိုင်ငံတစ်ခုချင်းစီမှာ အကြီးစားထုတ်လုပ်မှုလည်းလုပ်နိုင်မယ်လို့ဆိုပါတယ်.

ကာကွယ်ဆေးတီထွင်မှုမှာ နောက်ကျတဲ့ဂျပန်ဟာ ဒီတစ်ကြိမ်တော့ဘယ်လောက်အထိမျှဝေမှုကိုလုပ်ပေးနိုင်လိမ့်မလဲ?
အဲ့ဒါဟာသူတို့တွေရဲ့ တွေးခေါ်မှုနဲ့ သက်ဆိုင်နေမယ်လို့ထင်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: