ဂျပန်နိုင်ငံ၏ အမှောင်ဘက်ခြမ်း၊ ၂၄နှစ်အရွယ် အိမ်ခြေမဲ့အမျိုးသမီးလေး…

လောင်းကစား၊ လိမ်လည်မှု၊ လုပ်ငန်းမှာကျရှုံးမှုတွေကြောင့် အကြွေးအများကြီးတင်သွားပြီး၊ အိမ်ခြေမဲ့အဖြစ် နေထိုင်စားသောက်သူတွေ….
အလုပ်လုပ်ရတာ မကြိုက်လို့ အိမ်ခြေမဲ့လို နေထိုင်နေတဲ့သူတွေရှိတာကတော့ ဂျပန်‌လူမျိုး တော်တော်များများလည်း သိကြပါတယ်။

ဒါပေမယ် ဒီမိန်းကလေးဟာ ဘာကြောင့်အိမ်ခြေမဲ့ဖြစ်နေရတာလဲ?
ဒီ ၂၄ နှစ်ပဲရှိသေးတဲ့ ချစ်စရာကောင်းတဲ့ကောင်မလေးဟာ အခုအိမ်ခြေမဲ့အနေနဲ့ နေထိုင်စားသောက်နေပါတယ်။

သူ့ဆီမှာလည်း သူ့ပြဿနာနဲ့သူရှိနေလို့ပဲဆိုပြီး ပြောရုံနဲ့ပြီးသွားနိုင်တဲ့ အခြေအနေလား?
ဒီအတိုင်းလေး ကြည့်လိုက်ရင်တော့ သာယာအေးချမ်းတယ်လို့မြင်ရတဲ့ ဂျပန်နိုင်ငံ။
ဂျပန်လူမျိုးတစ်ယောက်အနေနဲ့ အနည်းဆုံးတော့ ဘဝနေထိုင်စားသောက်ဖို့လောက်ကတော့ အာမခံချက်ရှိတယ်လို့ထင်ခဲ့ပေမယ့်၊ ဒီလိုလူမျိုးတွေလည်း ရှိသေးတာလားလို့ ပထမဆုံးအကြိမ်သိခဲ့ရပါတယ်။

အပြုံးလေးနဲ့ စကားပြောနေတဲ့ အဲ့ဒီမိန်းကလေးရဲ့ အင်တာဗျူးဗီဒီယိုကနေ ဂျပန်နိုင်ငံရဲ့ အမှောင်ဘက်ခြမ်းကို မြင်ရပါလိမ့်မယ်။

ဘယ်ချိန်ကစပြီး အိမ်ခြေမဲ့ဖြစ်နေခဲ့တာလဲ?
လွန်ခဲ့တဲ့ ၅ နှစ်က ၂ နှစ်ကြာလောက် အိမ်ခြေမဲ့အနေနဲ့ နေထိုင်နေခဲ့ပြီး၊ ဒီကြားထဲတစ်ခေါက်တော့ အိမ်ခြေမဲ့မဟုတ်တော့ဘဲ၊ အခုက နောက်တစ်ခါ အိမ်ခြေမဲ့လိုနေထိုင်နေတာပါ။
အခုဆို ၁ လလောက်ရှိပါပြီ။

အော် အထက်တန်းကျောင်းပြီးတော့ ၂နှစ်ကြာအိမ်ကနှင်ထုတ်ခံရလို့၊ အဲ့တုန်းကလဲ အိမ်ခြေမဲ့ပဲပေါ့။
ပြောရရင် မူကြိုအရွယ်လောက်ကတည်းက အမြဲတမ်း မိဘကအိမ်ကနေနှင်ထုတ်နေလို့ အိမ်ခြေမဲ့လိုနေရတာကတော့ ထူးခြားပြီးခက်ခဲမနေပါဘူး။

မူကြိုအရွယ်ကတည်းက အိမ်ခြေမဲ့လား?
မိဘအိမ်ကနေ နှင်ထုတ်ခံရလို့ ပန်းခြံထဲမှာ နေခဲ့ရတယ်။
မူကြိုတက်ဖို့ပိုက်ဆံက မိဘကပေးထားပေးပုံရလို့၊ ပန်းခြံကနေ မူကြိုကလာကြိုတဲ့ ဘတ်စ်ကားအထိ တစ်ယောက်တည်းသွားခဲ့ရတယ်။
နောက်တော့ မူလတန်းကိုလည်း ဒီလိုပုံစံနဲ့ပဲ ဖြတ်သန်းခဲ့ပါတယ်။

မူလတန်းကျောင်းတုန်းက ဖတ်စာအုပ်တွေဘာတွေ တခြားအသုံးအဆောင်တွေများတယ် လို့ထင်တယ်နော်၊ ဘယ်လိုလုပ်ခဲ့လဲ?
ကျွန်မက အမြဲတမ်းအနိုင်ကျင့်ခံရပြီး၊ ဖတ်စာအုပ်တွေအကုန်လုံး အတန်းဖော်တွေဆီ လွှင့်ပစ်တာခံရပါတယ်။
ဖတ်စာအုပ်တွေဘာတွေလည်းမရှိဘဲ ကျောင်းတက်ခဲ့ရပြီး အဲ့ဒီအချိန်လောက်ကနေစပြီး ရင်ထဲမှာစနာနေခဲ့တော့တာပါပဲ။

ဘာလို့ အနိုင်ကျင့်ခံခဲ့ရတာလဲ?
အနိုင်ကျင့်ရလွယ်တဲ့ပုံစံ ဖြစ်နေလို့ထင်တယ်နော်?

ရဲကတွေ့သွားတာတွေဘာတွေ မဖြစ်ဘူးလား?
ပတ်တရောင်ကားနဲ့ လှည့်နေတဲ့ရဲဆီမှာ လမ်းပြခံရဖူးတယ်။
မိဘအခေါ်ခံရပြီး လာခေါ်ပေမယ့် စိတ်ပူပြီးရှာနေတာလို့ လိမ်ခဲ့ကြတယ်။
ပြီးတော့ အိမ်ပြန်ခိုင်းလိုက်ကြတယ်။
ဒါပေမယ့်လည်း အိမ်ကနေထပ်ထွက်ပြီး၊ အဲ့ဒီအတိုင်းပဲ ထပ်ခါတလဲလဲဖြစ်နေခဲ့တယ်။

မိဘကရော?
အမေကတော့ စိတ်ကျန်းမာရေးမကောင်းတာလားပဲ?
အဖေကတော့ အိမ်တွင်းအကြမ်းဖက်တဲ့လူလေ။ အမေရော ကျွန်မရော ရိုက်နှက်ခံရပြီး ကြောက်လန့်နေခဲ့ရတယ်။
မိဘအပြင် ဆွေမျိုးတွေဘာတွေရှိတယ်လို့တော့ထင်တာပဲ။ ကျွန်မနဲ့တော့ အဆက်အဆံမရှိလို့ မသိပါဘူး။

ခဏလောက် အိမ်ခြေမဲ့အဖြစ်ကနေ ရပ်လိုက်တဲ့အချိန်က?
မထင်ထားဘဲနဲ့ ရည်စားထားဖြစ်ပြီး သူ့အိမ်မှာ လိုက်နေခဲ့တယ်။
ဒါပေမယ့်လည်း အဖြတ်ခံလိုက်ရပြီး ထပ်ပြီး အိမ်ခြေမဲ့ပြန်ဖြစ်ခဲ့တယ်။

ဘယ်လိုစားသောက်နေခဲ့တာလဲ?
၁ရက် ငှက်ပျောက်သီး၁လုံးစားနေပေမယ့်၊ ယန်း၂၀၀၀လောက်ပဲကျန်တော့လို့ နည်းနည်းတော့ ခက်ခဲနေတယ်။

ဝင်ငွေက?
Deai Kissa (ဆိုင်သို့လာရောက်သည့် အမျိုးသားနှင့် ညှိနှိုင်းလိင်ဆက်ဆံကာ ပိုက်ဆံရှာသောနေရာ) ကိုသွားတယ်။
ဧည့်ခန်းမှာအေးအေးဆေးဆေးစောင့်နေပြီး magic mirror ကနေတစ်ဆင့် ယောက်ျားလေးတွေက ကျွန်မတို့ကိုကြည့်ပြီး၊ စိတ်ဝင်စားတဲ့သူကို date လုပ်ဖို့ခေါ်ပါတယ်။
၁နာရီ ယန်း၃၀၀၀ ရတယ်။
အစားအသောက်လည်း အဲ့ဒီမှာပဲစားလို့ရတယ်။

အချိန်ပိုင်းအလုပ်လုပ်နေတာဆိုတော့ မှတ်ပုံတင်လက်မှတ် ရှိတယ်ပေါ့?
ဟင့်အင်း မိဘကယူသွားလို့ ကိုင်မထားရဘူး။

ဘာလို့ယူသွားတာလဲ?
ကျွန်မလည်းမသိဘူး။

ဝတ်ထားတဲ့အဝတ်အစားတွေကို လှတယ်လို့ ထင်လား?
အကုန်လုံး အသိဆီကရထားတာ။
အဝတ်ကတော့ ကိုယ်တိုင်တစ်ခါမှ မဝယ်ဖူးဘူး။

ရေချိုးတာကရော?
၃ရက်လောက်ရှိပြီ မချိုးရတာ။
ပန်းခြံထဲကရေပိုက်မှာပဲ ဆံပင်ကိုပေါ့ပေါ့ပါးပါးလျှော်ပြီး၊ ယပ်တောင်နဲ့ခြောက် အောင်လုပ်တယ်…

အနာဂါတ်အတွက် စိတ်ပူပန်နေတာက?
ဒီလိုမျိုးပဲ အမြဲနေသွားရမှာလားပဲ?
မှတ်ပုံတင်ကလည်းမရှိ၊ ဒီလိုပုံစံနဲ့သာဆိုရင်ရဲကိုရော၊ အစိုးရဌာနကိုရော အားကိုးလို့ကလည်းမရ…

ရဲတို့ အစိုးရဌာနတို့ဆီမှာ အကူအညီမတောင်းဘူးလား?
သွားတော့သွားဖူးတယ်။
အိမ်ခြေမဲ့ဆိုပေမယ့်လည်း ကူညီပေးလို့ရနိုင်မလား? လို့မေးကြည့်ပေမယ့်၊ မှတ်ပုံတင်မရှိလို့ ဆွေးနွေးမပေးဘူး။
မှတ်ပုံတင်က မိဘကယူသွားတာလို့ ပြောပေမယ့်လည်း နားထောင်မပေးကြဘူး။

အခုအချိန်ထိ အပျော်ဆုံးဖြစ်ခဲ့တာက?
ခက်တော့ခက်တယ်…
အမှတ်တရကတော့ သိပ်မရှိပါဘူး….
ဒါပေမယ့် အဝတ်အစားလက်ဆောင်ရတုန်းကတော့ ပျော်ခဲ့ရတယ်ထင်တယ်…

အခုကစပြီး ဘယ်လိုလုပ်သွားချင်သလဲ?
အရင်ဆုံး မှတ်ပုံတင်ရချင်တယ်။
အဲ့ဒါသာရရင် အလုပ်လည်းလုပ်လို့ရတယ်။

ဒီအင်တာဗျူးပြီးတဲ့နောက် အန္တရာယ်ကင်းကင်းနဲ့ မှတ်ပုံတင်ကို ရလိုက်တဲ့ပုံပါပဲ။
နောင်ပိုင်း အဲ့ဒီကောင်မလေးဆီကို ပုံမှန်လိုပြန်လည်နေထိုင်စားသောက်သွားနိုင်တဲ့နေ့ဟာ ရောက်လာမှာလား? ။

ပြီးတော့ ဂျပန်နိုင်ငံမှာ ဒီမိန်းကလေးလိုမျိုးပဲ အမှောင်ဘဝထဲ အသက်ရှင်နေရတဲ့လူတွေ ဘယ်လောက်များရှိနေမလဲ။
ဂျပန်နိုင်ငံက သုခဘုံဆိုတာ လုံးဝမဟုတ်ပါဘူး။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: