အရှေ့အာရှမှာ ကိုရိုနာကြောင့်သေဆုံးသူအရေအတွက် နည်းပါးရတဲ့အကြောင်းရင်းက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀၀ မှာရှိနေခဲ့တာလား!?

ကမ္ဘာတစ်ဝှမ်းလုံးက လူတွေကိုအသက်ဆုံးရှုံးမှုတွေဖြစ်အောင်လုပ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်။
ဒါပေမယ့် ထူးဆန်းတဲ့ အကြောင်းအရာတစ်ခုရှိနေပါတယ်။
အနောက်နိုင်ငံတွေမှာ သင်္ဘောအရေအတွက်အလွန်များပေမယ့်၊ ရောဂါကြောင့်သေဆုံးသူအရေအတွက် ပိုမိုများနေပြီး၊ အဲ့လိုသေဆုံးရတဲ့အတွက် ကြောက်ရွံ့မှုတွေဖြစ်နေကြပါတယ်။
ဒါပေမယ့် ဂျပန်၊ ကိုရီးယား၊ တရုတ်စတဲ့နိုင်ငံတွေပါဝင်တဲ့ အရှေ့အာရှဘက်မှာတော့ အခြေအနေတွေက ကွဲပြားနေပါတယ်။
ရောဂါကူးစက်ခံရသူအရေအတွက်ဟာ အလွန်များပြားနေပေမယ့်၊ ရောဂါကူးစက်မှုနှုန်းနဲ့ယှဥ်ရင် သေဆုံး သူနည်းပါးပါတယ်။
ဟုတ်ပါတယ်။ သေဆုံးမှုနှုန်းဟာ အနောက်နိုင်ငံတွေနဲ့ ခြားနားနေပါတယ်။


ရောဂါကူးစက်ပြီး ခံစားနေရတာမျိုး မဖြစ်ချင်ပေမယ့်လည်း၊ သေဆုံးနှုန်းနည်းပါးတယ်ဆိုရင် အခုလိုမျိုး တင်းကျပ်တဲ့ထိန်းချုပ်မှုတွေကို လုပ်စရာမလိုပါဘူး။
ဂျပန်နိုင်ငံရဲ့ ရောဂါကူးစက်မှုအခြေအနေကိုကြည့်မယ်ဆိုရင် ရောဂါကူးစက်ခံရသူအရေအတွက်များတာ ဟာ ပြဿနာတစ်ခုဆိုတာသေချာပေမယ့်၊ သေဆုံးသူအရေအတွက်ဟာ စုစုပေါင်း ၁၄၀၀၀ ဦးခန့်ရှိပြီး အခြားသေဆုံးမှုအကြောင်းအရင်းတွေနဲ့ ယှဥ်ကြည့်ရင် သိသာစွာကွာခြားနေမှုမရှိပါဘူး။

ဂျပန်နိုင်ငံမှာ နှစ်စဥ် နှစ်သစ်ကူးကာလမှာ လူတွေဟာ ဆန်မုန့်ကိုစားကြပေမယ့်၊ ဆန်မုန့်စားနေချိန် လည်ချောင်းနင်ပြီး သေဆုံးတဲ့သူ နှစ်စဥ် ၃၀၀၀ ဦးခန့်ရှိတာကို တွေးကြည့်မယ်ဆိုရင်၊ ဆန်မုန့်ထက် ၂ ဆ ကျော်ပိုအန္တရာယ်ရှိတဲ့သဘောဖြစ်တဲ့အတွက်၊ ကိုရိုနာကြောင့် စီးပွားရေးကိုပျက်စီးဆုံးရှုံးစေလောက်တဲ့ အစီအမံတွေကို ပြုလုပ်တာထက်စာရင်၊ ဆန်မုန့်ကို ရောင်းချခွင့်ပိတ်လိုက်တာက ပိုပြီးကောင်းနိုင်တဲ့အခြေအနေရှိပါတယ်။
အဲ့လောက်ထိ သေဆုံးသူအရေအတွက် နည်းပါးတာဖြစ်ပါတယ်။

အနောက်နိုင်ငံတွေနဲ့ အရှေ့အာရှရဲ့ ကိုရိုနာရောဂါအခြေအနေဟာ ဘာကြောင့်မတူညီရတာလဲ ဆိုတဲ့ သုတေသနလုပ်ငန်းတွေကို များစွာသောသုတေသနစင်တာတွေမှာ လုပ်ဆောင်နေကြပါတယ်။
အစားအသောက်ဓလေ့မတူညီမှုကနေလာတဲ့ အူလမ်းကြောင်းရှိဘက်တီးရီးယားအချိုးအစား မတူညီမှုကြောင့်လို့ ဆိုတဲ့သူလည်းရှိပြီး၊ လူရဲ့ မျိုးရိုးဗီဇဖွဲ့စည်းပုံ မတူညီမှုကြောင့်လို့ ဆိုတဲ့သူလည်း ရှိပါတယ်။

ဒါပေမယ့် အဲ့ဒီလိုသုတေသနလုပ်ငန်းတွေပြုလုပ်ရာမှ စိတ်ဝင်စားစရာကောင်းတဲ့ရလဒ် ထွက်လာခဲ့ ပါတယ်။
ကျွန်တော်တို့ အာရှသားတွေရဲ့ ဘိုးဘေးတွေဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ထိတွေ့ဖူးတယ်ဆိုတဲ့အကြောင်း အရာပဲဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့အပြန်အလှန်လုပ်ဆောင်မှုပြုလုပ်တဲ့ပရိုတင်းရဲ့ တည်ရှိမှုကို လူမျိုး၊ ဒေသအလိုက် စစ်ဆေးကြည့်တဲ့အခါ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀၀ ကတည်းက ကျွန်တော်တို့တွေရဲ့ ဘိုးဘေးတွေရဲ့ မျိုးရိုးဗီဇဖွဲ့စည်းပုံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ တိုက်ခိုက်ခဲ့တဲ့ လက္ခဏာရှိခဲ့ပုံရပါတယ်။


ဒီလက္ခဏာတွေဟာ ဘီစီ ၃၀၀၀ ခန့်မှာ မှေးမှိုန်ပျောက်ကွယ်သွားခဲ့ပါတယ်။
ပြီးတော့ ဒီအရာဟာ လူတွေကို တောက်လျှောက်ဒုက္ခပေးခဲ့တာလား၊ ဒါမှမဟုတ် တုပ်ကွေးရောဂါ လိုမျိုး ရာသီအလိုက်ဖြစ်ပေါ်တဲ့ကပ်ရောဂါလိုမျိုးပဲ ဖြစ်ခဲ့တာလား ဆိုတာတော့ မသဲကွဲပါဘူး။
ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်တယ်ဆိုပြီးတော့လည်း အခိုင်အမာမပြောနိုင်ခဲ့ပါဘူး။

ဒါပေမယ့် နှစ်ပေါင်း၂၀၀၀၀ အတွင်းမှာ ကျွန်တော်တို့တွေရဲ့ ဘိုးဘေးတွေဟာ ဗိုင်းရပ်စ်တစ်ခုခုရဲ့ ခြိမ်းချောက်မှုအန္တရာယ်ကို ကြုံတွေ့ခဲ့ပုံရပါတယ်။

ရှေးယခင်ကာလက၊ ကျွန်တော်တို့အရှေ့အာရှက ဘိုးဘေးတွေဟာ ဗိုင်းရပ်စ်နဲ့တိုက်ခိုက်ခဲ့ကြတဲ့ အတွက်၊ လက်ရှိကိုရိုနာဗိုင်းရပ်ကြောင့် ကသောင်းကနင်းဖြစ်နေပေမယ့်လည်း အနောက်နိုင်ငံတွေနဲ့ ယှဥ်ရင် သေဆုံးသူအရေအတွက် နည်းပါးနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စာဖတ်သူတွေရော ဘယ်လိုထင်ကြပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: