ဒဏ်ရာရသွားတဲ့ပြိုင်ဘက်ကို ပစ်မထားခဲ့နိုင်ဘူး။ (ချန်ပီယံတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို ကမ္ဘာသို့ချပြခဲ့တဲ့ ကစားသမား Asahina)

ကျန်ခဲ့တဲ့ ဇွန်လက Budapest မှာကျင်းပသွားခဲ့တဲ့ ဂျူဒိုကမ္ဘာ့ဖလားချန်ပီယံမှာ၊ အမျိုးသမီး ၇၈ ကီလိုဂရမ်အထက်ပြိုင်ပွဲမှာ ကစားသမား Asahina Sara ဟာ ဒုတိယအကြိမ်မြောက် ကမ္ဘာ့နံပါတ်တစ်နေရာကို ဆုခူးရရှိခဲ့ပါတယ်။
ဆရာဝန်ဖြစ်ဖို့ရည်မှန်းချက်ရှိပြီး၊ ကျောင်းပညာရေးမှာရောအားကစားမှာပါ အစွမ်းကုန်ကြိုးစားနေတဲ့သူမရဲ့ပုံစံဟာ အရင်ကတည်းကတန်ဖိုးထားခံခဲ့ရပေမဲ့၊ ဒီတစ်ခေါက်ပြိုင်ပွဲမှာတွေ့လိုက်ရတဲ့ပုံစံကတော့ ကမ္ဘာကတောင်ချီးမွမ်းခဲ့ရပါတယ်။

နောက်ဆုံးပွဲစဥ်မှာတော့ ပထမဆုံးပွဲဦးထွက်ဖြစ်တဲ့ ကစားသမား Wakaba Tomita နဲ့ဂျပန်လူမျိုးချင်းထိပ်တိုက်ရင်ဆိုင်ရတဲ့ပွဲဖြစ်ပါတယ်။
ခြေလှမ်းကွက်တွေနဲ့တိုက်ခိုက်တဲ့ Asahina ကို၊ Tomita ကလည်းအပြင်းအထန် ဆန့်ကျင်တိုက်ခိုက်ပြီး အချိန်ပိုအထိတောင် ရှုပ်ထွေးနေခဲ့ပါတယ်။
ပြိုင်ပွဲအချိန် ၉ မိနစ်ကိုတောင်ကျော်သွားပြီး၊ မဖြစ်နိုင်တဲ့အနေအထားကနေစီစဥ်ချမှတ်ခဲ့တာကြောင့်များလား၊ Tomita ဟာခြေထောက်ထိခိုက်သွားပြီး လမ်းတောင်မလျှောက်နိုင်တော့ဘဲ၊ နောက်ဆုံးမှာ Asahina ဟာအနိုင်ရရှိသွားခဲ့ပါတယ်။

ပြိုင်ပွဲဟာပြီးသွားခဲ့ပေမဲ့ ခြေထောက်နာသွားတဲ့ Tomita ဟာမလှုပ်ရှားနိုင်ခဲ့ပါဘူး။
Asahina ဟာTomita ကိုကျောပိုးပြီး၊ ပြိုင်ပွဲကြမ်းခင်း tatami မှာဦးညွှတ်ပြီးနောက် နေရာကနေပြန်လည်ထွက်ခွာလာခဲ့ပါတယ်။

https://www.yomiuri.co.jp/sports/etc/20210623-OYT1T50144/

Tomita ဟာ
“ ကိုယ်ပိုင်ခြေထောက်နဲ့ tatami ကနေပြန်ထွက်ခွာချင်ခဲ့တာက စိတ်ရင်းအမှန်ပါ။
ဒါပေမဲ့ ကစားသမား Asahina ကိုတော့ အရမ်းကျေးဇူးတင်ပါတယ်”

ဆိုပြီးမှတ်ချက်ပြုထားပါတယ်။

နာကျင်သွားတဲ့ကစားသမားကို ပစ်မထားခဲ့နိုင်ဘူး..
ဆိုတဲ့သဘာဝခံစားချက်ကနေထွက်လာတဲ့ အပြုအမှုဖြစ်ပုံရပါတယ်။

အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းပဲမဟုတ်၊ ဂျပန်ရဲ့ကိုယ်ခံပညာမှာ တစ်ဖက်လူကိုလေးစားမှုကအရေးကြီးပါတယ်။
ဒီမှန်ကန်တဲ့နှလုံးသားဟာ ကစားသမား Asahina ရဲ့နှလုံးသားမှာအမြစ်တွယ်နေတယ်လို့ ထင်ပါတယ်။

ကစားသမား Asahina ဟာ တိုကျိုအိုလံပစ်ရဲ့ ကိုယ်စားလှယ်ကနေလွဲချော်သွားပြီး၊ မနှစ်က ၄ လပိုင်းမှာ တက္ကသိုလ်ရဲ့ဆေးပညာဌာနကိုကျောင်းဝင်ခဲ့ပါတယ်။
တက္ကသိုလ်ရဲ့ assignment တွေနဲ့ လက်တွေ့လေ့ကျင့်ရေးတို့ကိုလည်း လုပ်ဆောင်ရပြီး၊ လေ့ကျင့်ဖို့အချိန်မရှိတဲ့ကြားက အနိုင်ရရှိခဲ့တဲ့ဒီတစ်ခေါက် အောင်မြင်မှု…
ဒါ့အပြင် ကြင်နာတတ်ဖို့လည်းမမေ့ပါဘူး။

ဒီလိုပုံစံကြောင့် ကမ္ဘာတစ်ဝှမ်းဟာချီးမွမ်းခဲ့ကြပါတယ်။
ဆရာဝန်ဖြစ်ဖို့လမ်း၊ ဒါ့အပြင် ဂျူဒိုချန်ပီယံတစ်ယောက်အနေနဲ့လျှောက်လှမ်းရမယ့်လမ်း၊ ၂ ခုလုံးကိုအစွမ်းကုန်ကြိုးစားတဲ့သူမရဲ့ပုံစံဟာ တကယ်ကိုလှပပါတယ်….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: