ကိုဗစ်ကပ်ရောဂါကာလမှာ ပေါ်လာတဲ့အကောင်းဆုံးကိတ်မုန့်၊ vending machine မှာလည်းရောင်းချနေ !

ကိုရိုနာကပ်ရောဂါကြောင့် ဆိုင်အများအပြားပိတ်လိုက်ရပြီး၊ ဂျပန်တစ်နိုင်ငံလုံး၊ မဟုတ်သေးဘူး ကမ္ဘာတစ်ဝှမ်းလုံးက အထီးကျန်ဆန်လာပါတယ်။
ထိုအထဲမှာ UberEats မှစတင်လုပ်ကိုင်လာကြတဲ့ delivery စီးပွားရေးလုပ်ငန်းဟာ တစ်ရှိန်ထိုးကျယ်ပြန့်လာခဲ့ပေမဲ့၊ အဓိကအစားအစာမဟုတ်တဲ့အချိုပွဲမုန့်တွေရဲ့ရောင်းချမှုကတော့ ဆိုးရွားတဲ့အခြေအနေမှာဘဲ ဆက်လက်ရှိနေခဲ့ပါတယ်။
delivery မှာတော့ အများစုကမရှိမဖြစ်လိုအပ်တဲ့အနည်းအကျဥ်းလောက်ပဲဝယ်ကြတဲ့အတွက် dessert တွေကိုမရောင်းရခြင်းဖြစ်ပါတယ်။

အဲ့ဒီလိုအခြေအနေထဲမှာ Twitter မှာပေါ်လာတဲ့ ဒီဓါတ်ပုံဟာလူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။

https://gunosy.com/articles/a80Cu?s=s

စတော်ဘယ်ရီကိတ်မုန့်လေးက စည်သွတ်ဘူးပုံစံနဲ့ဖြစ်နေပါလား ?
ပုံမှန်အားဖြင့် ပန်းကန်ပြားပေါ်တင်ပြီးစားရတဲ့ Shortcake ကနေ စည်သွတ်ဘူးထဲထည့်ထားတဲ့ ဒီတစ်ခုခုလွဲနေပုံပေါက်တဲ့အသွင်အပြင်ဟာ အင်တာနက်ပေါ်မှာအရမ်းနာမည်ကြီးသွားပါတယ်။

အထဲမှာတော့ ကိတ်မုန့်၊ ကရင်မ်၊ စတော်ဘယ်ရီသီး တွေကိုသေသေချာချာအလွှာလိုက်ထည့်ထားပြီး၊ ပုံမုန်ကိတ်မုန့်လိုပဲ သုံးဆောင်နိုင်ပါတယ်။
စကားမစပ် ဒီထည့်စရာဘူးလေးရဲ့ ဘေးဘက်ကအကြည်ရောင်ဖြစ်တာကြောင့် မြင်တွေ့နေရတဲ့စတော်ဘယ်ရီသီးနဲ့ ခရင်မ်တို့ရဲ့‌ပေါင်းစပ်မှုဟာ ဘူးရဲ့ဒီဇိုင်းတော့မဟုတ်ပါဘူး။
အထဲမှာလည်း ဒီလိုပုံစံအတိုင်းပဲဖြစ်ပါတယ်။

အအေးခန်းထဲမှာ ၃ ရက်သိမ်းထားလို့ရနိုင်ပေမဲ့၊ ရေခဲသေတ္တာထဲမှာ ထည့်ထားမယ့်ပုံစံဟာလည်းချစ်စရာကောင်းနေမှာ အမှန်ပါပဲ။

Hokkaidoစီရင်စုရဲ့ Sapporo မြို့ရှိဆိုင်ကနေတီထွင်လိုက်တဲ့ ဒီစည်သွတ်ဘူးကိတ်ဟာ အချိန်ကာလအကန့်အသတ်နဲ့ တိုကျိုမှာလည်းရောင်းချနေပါတယ်။
ဒါ့အပြင် Sapporo မှာတော့ ၇ လပိုင်း ၁၆ ရက်နေ့ကနေစပြီး vending machine တွေမှာဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

တိုက်ရိုက်ထိတွေ့ဆက်ဆံဖို့မလိုတဲ့ ရောင်းချမှုနည်းစနစ်ကို အသုံးပြုထားတဲ့ကိတ်မုန့်…
vending machine ကိုတွေ့ရင် မမျှော်လင့်ဘဲဝယ်လိုက်မိမလားမသိဘူးနော် !?

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: