မြေပုံကနေပျောက်ကွယ်သွားတဲ့ရွာ (ကျိန်စာသင့်ရွာငယ်လေး)

Kansai ဧရိယာ, Hyogo စီရင်စုရဲ့အလယ်ဗဟိုရှိ Sasayama မြို့မှာတော့ အဲဒိုခေတ်မှာပျောက်သွားတဲ့ရွာတစ်ရွာရှိပါတယ်။
ထိုရွာနာမည်ကတော့ 夙村 Shuku mura
တောင်ထဲမှာရှိတဲ့ရွာဖြစ်ပြီး၊ အိမ်ခြေအများဆုံးဆိုမှ အလုံး ၈၀ သာရှိခဲ့ပေမဲ့၊ လက်ရှိမှာတော့ ပုံပါအတိုင်း သင်္ချိုင်းအုတ်ဂူ ၃၀ ခန့်သာရှိတဲ့ ရွာဖြစ်သွားပါတယ်။

 

https://tanba.jp/2018/10/地図から消えた村%E3%80%80祟り恐れ、住民ら毎年墓参り/

 

အဲဒိုခေတ်အချိန်မှာ ဒီရွာဟာ柿渋(Kakishibu )ပြုလုပ်တဲ့လက်မှုပညာရှင်များစွာရှိခဲ့တဲ့နေရာဖြစ်တယ်လို့ ပြောကြပါတယ်။
Kakishibu ဆိုတာက မရင့်မှည့်သေးတဲ့အစိမ်းရောင်တည်သီးကို ညစ်ချေပစ်လိုက်ပြီး၊ ရလာတဲ့အရည်ကို ကစော်ဖောက်ကာ သက်တမ်းကြာကြာထားခြင်းဖြင့်နောက်ဆုံးရလာတဲ့ အနီညိုရောင်အရည်ဖြစ်ပါတယ်။
၎င်းကို ရောဂါပိုးသတ်ဆေး – ရေစိုခံတဲ့သက်ရောက်မှုအပြင်၊ ဆေးဝါးထုတ်လုပ်ရေးတွေမှာလည်း အသုံးပြုပါတယ်။

ပတ်ဝန်းကျင်ရွာနဲ့ နှီးနှောနေထိုင်ခြင်းရှိခဲ့ပေမဲ့၊ တစ်စိမ်းနေရာကလူတွေနဲ့ လက်ထပ်ခွင့်မရှိဘဲ၊ ပတ်ဝန်းကျင်ကနေ အထင်သေးခံရတဲ့ရွာဖြစ်ပါတယ်။
သို့သော် အိမ်ခြေအလုံး ၈၀ ရှိတဲ့အတွက် ထိုရွာထဲမှာပဲပုံမှန်လို နေထိုင်လှုပ်ရှားနေရင်းနဲ့ တစ်နေ့မှာ ထိုရွာဟာရုတ်တရက် ပျောက်ကွယ်သွားပါတယ်။
1848 ခုနှစ်ကနေ ၇ နှစ်အတွင်း၊ အိမ်ထောင်စု ၇ အိမ်ထောင်သာကျန်တော့တဲ့အထိ နေထိုင်သူလျော့ကျသွားပြီး၊ အခြားသောနေထိုင်သူတွေကတော့ အသီးသီးသေဆုံးသွားပါတယ်။
ဒီ ၇ နှစ်အတွင်းမှာ လူဦးရေ ၉၀ ရာခိုင်နှုန်းအထက်သေဆုံးသွားတယ်ဆိုတာက ပုံမှန်မဟုတ်တဲ့အခြေအနေဖြစ်ပေမဲ့ အကြောင်းအရင်းကဘာလဲဆိုတာမသိရပါဘူး။
ကူးစက်ရောဂါကြောင့်လားလို့ ပြောကြပေမဲ့၊ ပတ်ဝန်းကျင်ရွာကတော့ ဘာကူးစက်မှုမှမရှိတာ ထူးဆန်းတဲ့အချက်ပါပဲ။

ပတ်ဝန်းကျင်ရွာက Shuku mura ရွာဟာ ကျိန်စာသင့်သွားတယ် ဒါမှမဟုတ်၊ ကူးစက်ရောဂါပျံ့နှံ့သွားတာပဲဆိုပြီး ချည်းကပ်ခြင်းလည်းမရှိတော့ဘဲ ထိုအတိုင်းမြေပုံကနေ နာမည်ဟာပျောက်ကွယ်သွားပါတယ်။
အချိန်တွေကုန်လွန်သွားပေမဲ့၊ 1900 ခုနှစ်ကိုရောက်လာတဲ့အချိန်မှာ ထူးဆန်းတဲ့ဖြစ်ရပ် ဖြစ်လာခဲ့တယ်။

တောမီးလောင်မှု မကြာခဏဖြစ်ပွားတယ်။
ဆောင်းဦးရဲ့ခြောက်သွေ့တဲ့ရာသီဟာ သစ်ရွက်တွေလည်းခြောက်နေပြီး၊ လေကလည်းခြောက်သွေ့တဲ့အတွက်
အလိုအလျောက်မီးလောင်တတ်ပြီး တောမီးလောင်မှုဖြစ်ပွားတတ်ပါတယ်။
တောမီးလောင်ခြင်းက တောတောင်ထဲမှာနေထိုင်သူအတွက် အဓိကကြောက်ရွံ့မှုပဲ…
နေအိမ်၊ အလုပ် ဆုံးရှုံးလိုက်ရပြီး၊ ရာသီဥတုဆိုးဝါးတဲ့အန္တရာယ်တောင် ရှိပါတယ်။
ဒါပေမဲ့ တောမီးလောင်မှုကြောင့် သစ်ပင်တွေရှင်းလင်းခြင်းခံရမယ်ဆို၊ ‌လောင်ကျွမ်းသွားတဲ့သစ်တွေကနေ အာဟာရပမာဏကြွယ်ဝတဲ့မြေဆီလွှာကိုမွေးဖွားပေးပြီး၊ တစ်ချိန်တည်းမှာပဲ တောဟာအသစ်တစ်ဖန်ပြန်လည်ရှင်သန်လာပါတယ်.

ဟုတ်ပါတယ်။ သဘာဝတရားနဲ့လွှမ်းခြုံထားတဲ့ကမ္ဘာမြေမှာ တောမီးလောင်မှုဆိုတာ သိပ်ပြီးထူးဆန်းတဲ့ကိစ္စမဟုတ်ပေမဲ့၊ မကြာခဏဖြစ်တယ်ဆိုတာကတော့ သိသိသာသာကိုဆန်းကျယ်နေပါတယ်။
အဲ့ဒါကလည်း နှစ်ပေါင်းများစွာဆက်ဖြစ်နေတယ်ဆိုတာမျိုးတော့ ကမ္ဘာပေါ်မှာမကြားဖူးပါဘူး။

ဒီထူးဆန်းတဲ့အခြေအနေမှာ ပတ်ဝန်းကျင်ရွာက ထိတ်လန့်စပြုလာတယ်

Shuku mura ရွာမှာသေဆုံးသွားတဲ့လူတွေရဲ့ ဝိညာဥ်က မကောင်းမှုတွေလုပ်နေတာမဟုတ်ဘူးလား?

အဲ့ဒီနေရာမှာအားလုံးကပူးပေါင်းပြီး၊ Shuku mura ရွာရဲ့ပျက်ဆီးယိုယွင်းတာတွေကို သန့်ရှင်းရေးလုပ်ပေးပြီး, နတ်ကွန်းတည်ဆောက်ပေးကာ သေဆုံးသူတို့အတွက် သတိရအောက်မေ့ခြင်းကျောက်တိုင်များကို ပြုလုပ်ခဲ့ပါတယ်.
ရွာအတွင်း အစီအစဥ်မကျထားထားတဲ့အုတ်ဂူတွေကိုလည်း တစ်နေရာတည်းမှာစုစည်းပြီး, အလှည့်ကျဘုန်းတော်ကြီးနှင့်အတူ ဒီရွာကိုဝင်ပြီး၊ အားလုံးဟာဆုတောင်းဝတ်ပြုပေးကြပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ဒီဧရိယာမှာတောမီးလောင်မှုရပ်သွားတယ်လို့ ဆိုကြပါတယ်။

မျက်မှောက်ခေတ်မှာလည်း ဆောင်းဦးရဲ့ သင်္ချိုင်းလည်ပတ်တဲ့နေ့မှာ ပတ်ဝန်းကျင်နေထိုင်သူတွေဟာ Shuku mura ဆီစုဝေးလာပြီး သင်္ချိုင်းအောက်မေ့ဖွယ်ပွဲကို ပြုလုပ်ကြပါတယ်။
ကနဦးကတော့ ကျိန်စာတွေကိုကြောက်လိုသာလုပ်ခဲ့ပေမဲ့ ယနေ့အချိန်မှာတော့ အိမ်နီးချင်းရဲ့သင်္ချိုင်းဂူကရှိပေမဲ့ ဘယ်သူမှဘာမှလာမလုပ်ပေးဘူး သနားပါတယ်ဆိုတဲ့ စိတ်နဲ့လာရောက်ဆုတောင်းပေးကြတဲ့အတွက် ကြောက်ရွံ့မှုတွေမရှိတော့ပါဘူး။

ယနေ့အချိန်အထိ ဘယ်သူမှမနေတော့တဲ့ Shuku mura ရွာ !!!
သို့သော် ဒါကိုသိတဲ့ဂျပန်လူမျိုးများက ဒီရွာဟာတကယ်ရှိခဲ့တယ်ဆိုတဲ့သမိုင်းနဲ့၊ ထိုနေရာမှာ နေထိုင်ခဲ့တဲ့လူတွေရဲ့သင်္ချိုင်းကိုစောင့်ရှောက်ရင်း သားစဥ်မြေးဆက်အထိပါ လက်ဆင့်ကမ်းလျှက်ရှိပါတယ်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: