ဂျပန် AV ရဲ့ဘုရင်တစ်ဆူ Toru Muranishi (ပြစ်မှုမှတ်တမ်း ၇ ခု၊ အကြွေး ယန်း၅ ဘီလီယံ၊ အမေရိကန်မှာအနှစ် ၃၇၀ ထောင်ဒဏ်ကျခဲ့သူ)

ကမ္ဘာတစ်ဝှမ်းလူတွေကြိုက်နှစ်သက်ကြတဲ့ ဂျပန်ရဲ့ adult video
ဝယ်ယူခွင့်တားမြစ်ထားတဲ့နိုင်ငံမှာတောင် ခိုးကူးခွေနဲ့လည်ပတ်နေပြီး, သင့်တော်မသင့်တော်မသိပေမဲ့ ကမ္ဘာကျော်တဲ့ ဂျပန်နံပါတ် ၁ ထုတ်လုပ်မှုကြီးဖြစ်လာပါတယ်။

အဲ့ဒီလိုလောကမှာ ဘုရင်တစ်ဆူဖြစ်ခဲ့တဲ့အမျိုးသားတစ်ယောက်ရှိပါတယ်။
ပြစ်မှုမှတ်တမ်း ၇ ခု၊ အကြွေးမြီ ယန်း ၅ ဘီလီယံ…
အမေရိကန်နိုင်ငံမှာ ထောင်ဒဏ် ၃၇၀ နှစ်ချမှတ်ခြင်းခံလိုက်ရတဲ့ ရာဇဝင်တွင် adult video ဒါရိုက်တာ Toru Muranishi ပဲဖြစ်ပါတယ်…
သူရဲ့ ဘဝသက်တမ်းတစ်ဝက်ကို Netflix မှာ “全裸監督” ဆိုတဲ့နာမည်နဲ့ ဒါရမ်မာပြန်ရိုက်ထားပါသေးတယ်။

 


https://diamond.jp/articles/-/114796?page=2

 

အောင်မြင်ကျော်ကြားနေတဲ့အချိန် ကုမ္ပဏီ ၅ ခုပိုင်ဆိုင်ပြီး နှစ်စဉ်ရောင်းအားယန်း ၁၀ ဘီလီယံတောင်ရရှိတဲ့ AV နိုင်ငံတစ်ခုကိုတည်ထောင်ခဲ့တဲ့ ထိုအမျိုးသား..
သူဟာ ဘယ်လိုဘဝမျိုးကိုဖြတ်သန်းခဲ့သလဲဆိုတာ ကြည့်ရအောင်

၁၉၇၀ ခုနှစ်မှာ အင်္ဂလိပ်စာသင်ကြားရေးပစ္စည်းကို တစ်အိမ်တက်တစ်အိမ်ဆင်းရောင်းခဲ့တယ်။
တစ်စုံကို ယန်းသောင်း ၂၀ လောက်ဖြစ်ပါတယ်။
မျက်မှောက်ခေတ် ငွေကြေးတန်ဖိုးနဲ့ဆို ယန်းသောင်း ၁၀၀ လောက်ရှိမယ့် အကောင်းစားပစ္စည်းတွေဖြစ်ပြီး၊ ၁ လမှာ ၄ စုံလောက်ရောင်းရမယ်ဆို ထိပ်တန်းစီးပွားရေးသမားအဖွဲ့ဝင်ပဲလို့သတ်မှတ်ကြတဲ့ အလုပ်ကိုလုပ်ခဲ့ပါတယ်။
ဒါပေမဲ့သူဟာ အနည်းဆုံးအချိန်ဆို တစ်ပတ်ကို ၄ အုပ်ရောင်းရပြီး၊ အများဆုံးအချိန်ဆို ၁ ပတ်အစုံ ၂၀ တောင် ရောင်းခဲ့ရပါတယ်။

ပထမပြောခဲ့တဲ့ပျမ်းမျှဟာ လနဲ့တွက်တာဖြစ်ပေမဲ့၊ Muranishi ရဲ့အောင်မြင်မှုကတော့ ရသတ္တပတ်နဲ့တင်ဖြစ်ပါတယ်။
ဘယ်လောက်အံ့သြစရာကောင်းသလဲဆိုတာ ကောင်းကောင်းနားလည်နိုင်ပါတယ်။

တစ်ခါကယာကူဇာရဲ့အိမ်ကိုဝင်သွားမိပြီး၊ ထိုကြောက်စရာကောင်းတဲ့ထိုနေရာမှာ

အဖေကြီး !!!
အခုနောက်ပိုင်းယာကူဇာတွေကလေ လက်ျာလက်မှာသေနတ်, လက်ဝဲလက်မှာ အင်္ဂလိပ်အဘိဓာန်
အဲ့ဒီခေတ်ကို ရောက်လာတော့မှာနော် !!!!

ဆိုပြီး စာအုပ်ရောင်းခဲ့တယ်တဲ့… ရေလည်မိုက်တယ်..

အဲ့ဒီအချိန် တက္ကသိုလ်ဘွဲ့ရပြီးနောက် ပထမဆုံးလစာက ယန်း25,000 လောက်ရခဲ့တဲ့အချိန်မှာ သူ့ရဲ့တစ်လဝင်ငွေက ယန်း 1,500,000 ဖြစ်နေပါပြီ။
ဟုတ်ပါတယ်. စကားပြောစွမ်းရည်ရှိသူပီသပါတယ်။

နောက်ပြီး လှုပ်ရှားမှုကလည်း မြန်တယ်….
အဲ့ဒီခေတ်က Invaders video games ဆိုတာနာမည်ကြီးခဲ့တယ်။

ဒီလိုမျိုး စားပွဲပုံစံဂိမ်းစက်မှာ ယန်း ၁၀၀ ထည့်ပြီး ဆော့ရတဲ့ကိရိယာပေါ့ ..
သူ့ရဲ့ငွေရှာကြမ်းချက်ကတော့ ၁ နှစ်ဆိုတဲ့အချိန်အတွင်းမှာပဲ ငွေသား ယန်းသန်း ၃၀၀ နဲ့ ယန်းသန်း ၂၀၀ တန်ဖိုးရှိပစ္စည်းကိရိယာတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်

ဒီအပြင် 18+ ရုပ်ပုံစာအုပ်များကိုထုတ်လုပ်ရောင်းချခဲ့ပြီး၊ ဂျပန်တစ်နိုင်ငံလုံးရဲ့ ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း တရားမဝင်တဲ့အပြုအမူတွေပါလုပ်လာတယ်.
ဂျပန်ရဲ့ဥပဒေမှာ မဖြစ်မနေကွယ်ဝှက်ထားရမယ့်နေရာကိုလည်း ဝှက်ထားခြင်းမရှိ ထိုအတိုင်းရိုက်ထားတဲ့ Nude Magazine ကိုပါရောင်းချလာပါတယ်။
နှိမ်နင်းရေးဘက်ကရဲကို နှစ်တိုင်းငွေသားယန်းသောင်း ၆၀၀ ကျော်ကို လာဘ်ထိုးခဲ့ပါတယ်။
နောက်ဆုံးတော့လည်း အဖမ်းခံလိုက်ရတာပါပဲ။….

အဲ့ဒီနောက် အိမ်တွေမှာဗွီဒီယိုတွေစပြီးပျံ့နှံ့လာတဲ့အချိန် AV ထုတ်လုပ်မှုကိုစတင်လာခဲ့တယ်။
အဲ့ဒီအထဲမှာ အသက် ၁၇ နှစ်နဲ့ ၁၆ နှစ်အရွယ်မိန်းကလေးငယ်လေးတွေကို ခေါ်ရိုက်တဲ့အတွက် အဖမ်းခံလိုက်ရပါတယ်။

အရမ်းအစွန်းရောက်လွန်းတဲ့ရိုက်ကူးရေးဖြစ်ပုံရပြီး၊ ဟာဝိုင်အီမှာ FBI တွေဖမ်းမိသွားကာ တရားခွင်မှာ အနှစ် ၃၇၀ ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။
ဘာလုပ်ခဲ့ပါလိမ့် … ထောင်ဒဏ်အနှစ် ၃၇၀ ဆိုတာ တော်တော်လေးပြင်းထန်တယ်နော်….

အဲ့ဒီနောက်ချက်ချင်း ဂြိုလ်တုအသံလွှင့်လုပ်ငန်းကိုစတင်ခဲ့ပေမဲ့ ချက်ချင်းပင်အရှုံးကြီးရှုံးကာ ယန်း ၅ ဘီလီယံအကြွေးတင်းသွားပါတော့တယ်။

စကားမစပ် အိမ်ထောင်ကလည်း ၃ ဆက်ဖြစ်ပါတယ်။

ပုံမှန်ဆို ဒီလောက်အထိကိစ္စအမျိုးမျိုးကြုံလာရပြီဆို စိတ်ပျက်သွားဖို့ကောင်းပေမဲ့၊ Muranishi ကတော့ ရှေ့ကိုသာအမြဲကြည့်သူတစ်ယောက်ဖြစ်ပါတယ်။

အဲ့ဒီတက်ကြွမှုက adult video လုပ်ငန်းကိုကျော်ပြီး လူများစွာရဲ့လေးစားမှုကိုရရှိစေခဲ့တာပဲဖြစ်ပါတယ်။

ကိုရိုနာကြောင့် ပိတ်ဆို့မှုတွေကိုသာခံစားရတဲ့ကမ္ဘာကြီး !!!
ဒီအဖြစ်ဆိုးကိုကျော်လွှားနိုင်ဖို့အတွက် Muranishi ကဲ့သို့တက်ကြွစွာနေထိုင်ဖို့ လိုအပ်နေသလားလို့တောင် ထင်ရပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: