အိုလံပစ်အားကစားပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ဂျပန်ဟာအနစ်နာခံမှဖြစ်မှာလား?

ဆုံးရှုံးနစ်နာမှုကြီးတွေရရှိခဲ့တဲ့အနောက်နိုင်ငံတွေဟာ တစ်ပြိုင်နက်တည်း စီးပွားရေးပြန်လည်နလန်ထူနိုင်မယ့်လားရာသို့ ဦးတည်လျှက်ရှိပါတယ်။
ဂျပန်ဟာသေဆုံးမှုအရေအတွက်နည်းတယ်ဆိုပေမဲ့ ကာကွယ်တားဆီးမှုပိုင်းမှာတော့ ညံ့ဖျင်းလွန်းတဲ့အတွက် အချိန်မကြာသင့်ဘဲကြာနေရပြီး၊ စီးပွားရေးထိခိုက်ပျက်စီးမှုဟာ အလွန်ကြီးမားလာပါတယ်။
ဒီအပြင် မထိန်းချုပ်နိုင်သေးတဲ့အခြေအနေမှာရှိပါတယ်…။

ထိုအထဲမှာ ယခုနှစ် ခုနှစ်လပိုင်းမှာကျင်းပဖို့ရှိတဲ့အိုလံပစ်ကို ဘယ်လိုလုပ်မလဲဆိုတာက ဆွေးနွေးမှုကြီးတစ်ရပ်အဖြစ်ရှိနေပါတယ်။
ယခုမှာတော့ ပြည်သူလူထုရဲ့ ၈၀ ရာခိုင်နှုန်းနဲ့အထက်ဟာ မကျင်းပရန်ကန့်ကွက်လျှက်ရှိနေပေမဲ့၊ ဂျပန်အစိုးရဟာ ဖိအားပေးပြီးကျင်းပဖို့လုပ်နေပါတယ်။

အဓိကပြဿနာအရင်းခံကတော့ ငွေကြောင့်လို့ပြောနေကြပါတယ်။
စပွန်ဆာနဲ့ ထုတ်လွှင့်ခွင့်ကိုငွေပေးခဲ့တဲ့ ရုပ်မြင်သံကြားဌာနဆီကငွေ, ဒီအပြင်လက်မှတ်ဖိုးကို အများအပြားအသုံးပြုမိလျှက်သားဖြစ်သွားပြီး ပြန်အမ်းငွေမပေးနိုင်တော့ဘူးလို့ ဆိုပါတယ်။

လိုအပ်တဲ့ကုန်ကျစာရိတ်ဆိုရင် နည်းလမ်းမရှိတော့ပေမဲ့၊ တစ်ချို့အမြတ်အစွန်းများလာတဲ့ကုမ္ပဏီတွေဆီသို့ စီးဆင်းသွားတဲ့အရာကလည်း အတော်အသင့်ရှိတဲ့ငွေပမာဏတက်လာပါပြီ။

ငြိမ်းချမ်းရေးအခမ်းအနားပွဲလို့သိထားတဲ့အိုလံပစ်ဟာ အခုတော့ အမြတ်အစွန်းရှာပေးတဲ့ပွဲတော်တစ်ခုဖြစ်သွားပြီး ကနဦးအလွန်မြင့်မြတ်တဲ့သိခြင်းတရားဟာ လွှင့်ပျယ်သွားပါတယ်။

အိုလံပစ်ကိုဘာကြောင့် နွေရာသီမှာသာလျှင်မဖြစ်မနေကျင်းပရသလဲဆိုတာ သိပါသလား?
အမေရိကန်ပြည်ထောင်စုရှိ အမေရိကန်ဘောလုံးကစားပွဲကြီးနဲ့ထပ်နေတာကြောင့် ဆောင်းဦးသို့မရွေ့တော့ခြင်းဖြစ်ပါတဘ်။
တစ်ချိန်တည်းမှာပဲကျင်းပလိုက်ရင်၊ အားပေးသူပရိသတ်ရာခိုင်နှုန်းကွဲထွက်သွားပြီး, ပိုက်ဆံအများကြီးပေးပြီး ထုတ်လွှင့်ခွင့်ကိုဝယ်ခဲ့တဲ့ရုပ်သံဌာနက ငြင်းဆန်လိုက်မှာဖြစ်လို့ဖြစ်ပါတယ်။

ဟုတ်တယ် လူ့အသက်ထက် ပိုက်ဆံကတန်ဖိုးကြီးနေတယ်။

ဒီအပြင် IOC (နိုင်ငံတကာဆိုင်ရာအိုလံပစ်ကော်မတီ) ရဲ့ ဥက္ကဌThomas Bach ဟာကျင်းပဖြစ်ရေးအတွက် အတင်းအဓမ္မဆက်လက်စီစဥ်နေတယ်။
သူဟာအံ့သြစရာကောင်းတဲ့မိန့်ခွန်းကိုပြောကြားခဲ့ပါတယ်.

https://news.livedoor.com/article/detail/20248182/

 

“ အိုလံပစ်ကျင်းပရေးအတွက်,
ကျွန်ုပ်တို့ဟာ စွန့်လွှတ်အနစ်နာခံဖို့လိုအပ်တယ်။”

အွန်?
ဂျပန်ကအနစ်နာခံလိုက်ပါ လို့ဆိုလိုတာလား?

ငြိမ်းချမ်းရေးအခမ်းအနားပွဲဆိုတဲ့ စကားလုံးနဲ့တစ်ဖြည်းဖြည်းမဆိုင်သလိုဖြစ်လာတဲ့ အိုလံပစ်….
ငွေနဲ့ဖုံးလွှမ်းထားတဲ့အားကစားပွဲကြီးဖြစ်လာတဲ့ လက်ရှိအိုလံပစ်ကို ဒီအခြေအနေအတိုင်းဆက်လက်သွားဖို့ သင့်တော်ရဲ့လား?ဆိုတဲ့ မေးခွန်းထွက်လာပါတယ်။

ပိုက်ဆံမရရင်မလုပ်ဘူး !!!
ဒါကြောင့် အရှေ့တောင်အာရှမှာတော့ ကျင်းပခြင်းမရှိသေးပါဘူး။

ကျင်းပရာမှာလည်းညီတူညီမျှလုပ်မှာလား, ငြိမ်းချမ်းရေးပွဲလို့မပြောဘဲ ပိုက်ဆံတွေအများကြီးအကုန်အကျခံပြီးကျင်းပတဲ့အကြောင်းကို ဖွင့်ပြောမှာလား, တစ်ခုခုမလုပ်ဘူးဆိုရင်, အိုလံပစ်ရဲ့ အဆင့်အတန်းဟာ တစ်ဖြည်းဖြည်းကျဆင်းသွားရပါလိမ့်မယ်…

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: