တရားဝင်ဝန်ထမ်းဘဝမှ လိင်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းသို့ အလုပ်ပြောင်းမှုများလာ !!!

ဂျပန်ရဲ့အနာဂတ်ကတော့ တောက်ပတဲ့အရိပ်အယောင်ပျောက်ကွယ်လာမယ်ထင်ပါတယ်…
အလုပ်လုပ်တဲ့မိန်းကလေးတွေရဲ့ပတ်ဝန်းကျင်ဟာ အကြီးအကျယ်ပြောင်းလဲလျှက်ရှိပါတယ်။

ယခုနှစ် ၂ လပိုင်းကနေ လိင်ဝန်ဆောင်မှုပေးလုပ်ငန်းထဲစတင်ဝင်ရောက်လာတဲ့ မိန်းကလေးတစ်ဦးရဲ့ပြောပြချက်…
အသက်အရွယ်မှာ ၂၅ နှစ် !!
အဝတ်အစားပိုင်းရော၊ စကားပြောဆိုပုံမှာပါ ပုံမှန်မိန်းကလေးကဲ့သို့ဖြစ်ပြီး၊ ဟိုတယ်လုပ်ငန်းနဲ့ မင်္ဂလာအခမ်းအနားဝန်ဆောင်မှုပေးတဲ့လုပ်ငန်းမှာ လုပ်ခဲ့ဖူးသူဖြစ်ကာ၊ အလွန်နူးညံ့တဲ့မိန်းကလေးတစ်ယောက်ဖြစ်တယ်။
အဲ့ဒီကနေ လက်ရှိမှာတော့ လိင်ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းမှာ ခန္ဓာကိုယ်ကိုရောင်းစားတဲ့အလုပ် လုပ်ကိုင်နေပါတယ်။

 

ထိုမိန်းကလေးဟာ ကိုရိုနာကပ်ရောဂါမဖြစ်ခင်က မင်္ဂလာအခမ်းအနားဝန်ဆောင်မှုပေးတဲ့လုပ်ငန်းမှာရှိနေခဲ့ပါတယ်…
အလုပ်ခွင်မှာ ပင်ပန်းမှုတွေကြားပျော်ရွှင်စွာနဲ့အလုပ်လုပ်ရင်း ကိုရိုနာကပ်ဘေးဆိုက်ရောက်လာခဲ့တယ်။
လူစုလူဝေးကိုရှောင်ရှားဖို့လိုအပ်တဲ့အခြေအနေဖြစ်လာခဲ့ပြီး, အလုပ်ဟာမရှိသလောက်နည်းလာတယ်။
ကုမ္ပဏီရဲ့ ရောင်းအားကျဆင်းတာနဲ့လိုက်ပြီး လစာလည်းအလျော့ခံလိုက်ရပါတယ်။

ယခင်ကလစဥ်ဝင်ငွေမှအသားတင် ယန်းသောင်း ၂၀ လက်ထဲကျန်ပေမဲ့ နည်းနည်းစီလျော့ကျသွားပြီး၊ နောက်ဆုံး ယန်း ၁၃ သောင်းအထိရောက်သွားပါတယ်။
ဘော်နက်စ်က ပမာဏနည်းသွားခြင်းမဟုတ်ဘဲ ယန်း 0 ထိဖြစ်သွားတာပါ….။
ဂျပန်မှာလူနေမှုစရိတ်မြင့်မားတဲ့အတွက် ဒီငွေပမာဏနဲ့အသက်ရှင်သွားဖို့က အတော်လေးကျပ်တည်းမယ်လို့စဥ်စားနေတုန်းမှာပဲ အထက်လူကြီးကနေ

“ ကိုဗစ်ရဲ့ အကျိုးပေးမှုကတော့ ဒါကြီးအလွန်မှာလည်းဆက်ပြီးရှိနေအုံးမှာပဲ”

လို့ပြောခြင်းခံလိုက်ရပြီး၊ ဒီအလုပ်မှာအနာဂတ်ပျောက်ဆုံးသွားသလိုခံစားရတာနဲ့ပဲ အလုပ်ပြောင်းလိုက်ပါတယ်။

ပထမဆုံး အေဂျင်စီကုမ္ပဏီမှာစာရင်းသွင်းတယ်။
အေဂျင်စီဝန်ထမ်းဘဝနဲ့ အရင်ဆုံးလုပ်ကြည့်ပြီး နောက်ခြေလှမ်းကိုရှာဖွေသွားမယ်လို့တွေးခဲ့ပုံရပေမဲ့,
လက်ရှိဂျပန်အခြေအနေက အချိန်ပြည့်ဝန်ထမ်းတွေကိုလျော့ချနေတဲ့ကုမ္ပဏီတွေခပ်များများရယ်..
အဲ့ဒီအထဲမှာ အေဂျင်စီဝန်ထမ်းအလုပ်က သိပ်ပြီးမရှိတော့တာလက်တွေ့ပဲဖြစ်ပါတယ်။

အေဂျင်စီကုမ္ပဏီကနေမိတ်ဆက်ပေးတဲ့အလုပ်တွေကလည်း ကာလတိုအတွက်ကများပြီး၊ ရေရှည်မှာဝင်ငွေအတွက်စိတ်မအေးစရာဖြစ်ရပြန်ပါတယ်။
ဒီလိုနဲ့အနာဂတ်ဟာ မရေရာမသေချာဖြစ်လာသလို၊ အခြားသောရွေးချယ်စရာကလည်းများများစားစားရှိမနေပါဘူး…

ဒီလိုနဲ့ပဲနောက်ဆုံးရွေးချယ်စရာအဖြစ် ထိုမိန်းကလေးရွေးလိုက်တာကတော့ လိင်ဝန်ဆောင်မှုပေးတဲ့ဆိုင်မှာ အလုပ်လုပ်ဖို့ပဲဖြစ်ပါတယ်။
ဒီလိုဆိုင်ကနာမည်ကြီးပြီး ဖောက်သည်တွေအများကြီးရှိမယ်ဆို ပိုက်ဆံရပေမဲ့၊ မလွယ်ကူဘူးဆိုတာကလည်း လက်ရှိအခြေအနေပါပဲ…
ခက်ခဲပေမဲ့၊ အေဂျင်စီဝန်ထမ်းနဲ့ ယခင်မင်္ဂလာအခမ်းအနားလုပ်ငန်းထက်စာရင်တော့ ပိုက်ဆံရတဲ့အတွက်၊ အသက်ရှင်သွားဖို့အခြားနည်းမရှိပါဘူး…

ဒါပေမဲ့ဒီအလုပ်ကလည်း လူများစွာနဲ့ဆက်ဆံရတာအဓိကဖြစ်လို့ ရောင်းအားကျဆင်းပြန်ပါတယ်။
နောက်ပြီး ဒီလိုဆိုင်တွေက ကိုဗစ်ကူးစက်ခံရဖို့ရာခိုင်နှုန်းအလွန်မြင့်တဲ့ အန္တရာယ်ရှိတဲ့အလုပ်ခွင်ဖြစ်ပါတယ်။…
သို့သော်အသက်ရှင်သွားဖို့အတွက်တော့မတတ်နိုင်ဘူးဆိုပြီး ဒီမိန်းကလေးဟာ နေ့တိုင်းအလုပ်သွားနေပါတယ်။

ကိုဗစ်ရောဂါကာကွယ်တားဆီးမှုအတွက် အိမ်တွင်စောင့်နေခြင်း၊ ဆိုင်ပိတ်ခြင်းနဲ့ပတ်သက်ပြီးတော့လည်း ဂျပန်ဟာအတင်းအဓ္ဓမတောင်းဆိုမှုမရှိပါဘူး…
နောက်ပြီးကာကွယ်ဆေးထိုးခြင်းက ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ သိသိသာသာနောက်ကျနေပါတယ်။

ဒီလိုအခြေအနေရှိတဲ့ဂျပန်မှာ အလုပ်လုပ်နေကြသူတို့ရဲ့အနာဂတ်ထဲ တောက်ပတဲ့မျှော်လင့်ချက်ရှိပါ့မလား?

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: