ဂျပန်နှင့်ထိုင်ဝမ်ကြားချစ်ကြည်ရေး။ ဒါကိုဝင်ရှုပ်ခဲ့တဲ့တရုတ်ရဲ့တိုက်ခိုက်မှု

၂၀၂၁ ခုနှစ်၊ ၆ လပိုင်း ၂ ရက်နေ့, ထိုင်ဝမ်ကိုဦးတည်ပြီး Narita လေဆိပ်ကနေ လေယာဥ်တစ်စီးပျံသန်းသွားပါတယ်။
လေယာဥ်ကိုကြည့်ပြီး ဦးညွှတ်အလေးပြုနေသူကတော့ ဂျပန်နိုင်ငံတွင်နေထိုင်သောထိုင်ဝမ်ကိုယ်စားလှယ် ..
ဂျပန်နဲ့ထိုင်ဝမ်ဟာ တရုတ်နှင့်ပတ်သက်မှုကြောင့် သံတမန်ဆက်ဆံရေးခိုင်မာမှုမရှိ‌တဲ့အတွက် ၂ နိုင်ငံကြားသံအမတ်မရှိပေမဲ့ ဒီပုဂ္ဂိုလ်ကတော့သံအမတ်လိုပါပဲ…
ဒီလေယာဥ်ပေါ်မှာ ထိုင်ဝမ်လူမျိုးတွေရဲ့အသက်ကိုကယ်ဖို့ ကာကွယ်ဆေးတွေတင်ဆောင်သွားတယ်။

 

https://livedoor.blogimg.jp/nappi11/imgs/8/7/87ab3d1d.png

 

ထိုင်ဝမ်ဟာ ကိုဗစ်ပထမလှိုင်းမှာကနဦးလုပ်ဆောင်ချက် အရမ်းကောင်းခဲ့တဲ့အတွက် ကူးစက်မှုကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့၊ လူနာအရေအတွက်များလာခဲ့တယ်။
ထိုင်ဝမ်အစိုးရဟာ ပုဂ္ဂိုလ်ရေးအရ ဂျာမနီကနေကာကွယ်ဆေးတင်သွင်းဖို့ သဘောတူညီမှုရယူခဲ့ပေမဲ့၊ တရုတ်အစိုးရဟာ ဂျာမနီအစိုးရဘက်ကိုဖိအားပေးပြီး ကာကွယ်ဆေးမပို့ဖို့အတွက် ကြားဝင်နှောက်ယှက်လိုက်ပါတယ်။

“ ကာကွယ်ဆေးလိုချင်ရင် တရုတ်ကနေပို့ပေးမယ်။
အဲ့ဒီအစား ပြောတာနားထောင် !”

ဒါဟာ ခြိမ်းခြောက်မှုပဲမဟုတ်လား?
သေချာတာပေါ့ .. ဒီလိုခြိမ်းခြောက်အကြပ်ကိုင်မှုကို တိုက်ရိုက်တော့မပြောပေမဲ့ ….
သဘောထားကိုကြည့်ရင် သိနိုင်ပါတယ်,,
ဒုက္ခအတိရောက်နေတဲ့ထိုင်ဝမ်ဟာ ဂျပန်ကိုအကူအညီတောင်းလာပါတော့တယ်…

ဂျပန်ဟာ ၂၀၁၁ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဂျပန်အရှေ့ပိုင်းငလျင်ကြီးကြောင့် ထိုင်ဝမ်ကနေနွေးထွေးတဲ့အကူအညီများစွာရရှိခဲ့ပြီး၊ ယခုအချိန်မှာတတ်နိုင်တာဘာမဆို ပြန်လည်ကူညီမယ်ဆိုတဲ့စိတ်က နိုင်ငံသားအားလုံးဆီမှာ မျိုးစေ့လေးတစ်စေ့အဖြစ်ရှိနေပါတယ်။

အမြဲတမ်းလှုပ်ရှားမှုနှေးကွေးတဲ့ဂျပန်အစိုးရဟာ ဒီတစ်ကြိမ်တော့ အလျင်အမြန်ပဲတုံ့ပြန်ခဲ့ပေမဲ့၊ တရုတ်က နိုင်ငံရေးဖိအားကိုပေးလာပြန်ပါတယ်။

“ တရုတ်နိုင်ငံရဲ့ ဥပဒေတစ်ရပ်အပေါ်ဆန့်ကျင်ပြီး
ဂျပန်သည် ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ခြင်းမပြုရ”

ဆိုတဲ့သတင်းစကားကို လူသိရှင်ကြားပြောရုံသာမက၊ တရုတ်သံရုံးကနေတစ်ဆင့် ဂျပန်အစိုးရဆီသို့ ပေးပို့ခဲ့ပါတယ်။

“ လေယာဥ်ပေါ်က ကာကွယ်ဆေးတွေကိုချပါ
တတ်နိုင်သမျှ ရောက်ရှိမှုနှောင့်နှေးစေပါ”

ဒီလိုခြိမ်းခြောက်မှုကိုလည်း ရရှိခဲ့တယ်လို့ဆိုပါတယ်။
တရုတ်ဟာ နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ လူ့အသက်တွေကိုဒီလိုအသုံးချတဲ့နိုင်ငံပဲ လို့ဂျပန်အစိုးရလည်းစတင်ကြေငြာလာပါတယ်။

ထိုင်ဝမ်ဆိုတာ တရုတ်ရဲ့အစိတ်အပိုင်းတစ်ခုပဲလို့တရုတ်ဟာကြွေးကြော်နေပြီး၊ ထိုင်ဝမ်နဲ့သံတမန်ဆက်ဆံရေးရှိတဲ့ နိုင်ငံအနည်းငယ်ကိုလည်း တရုတ်ဟာခြိမ်းခြောက်မှုတွေပြုလုပ်တယ်ဆိုတာ စာဖတ်သူတို့သိပါသလား?
ထိုင်ဝမ်နဲ့သံတမန်ဆက်ဆံရေးဖြတ်တောက်ရင် ODAဖြင့်အကူအညီများစွာပေးမယ်, ကာကွယ်ဆေးကိုပါလက်ဆောင်အဖြစ်ပေးမယ် ဆိုတဲ့ဖိတ်ခေါ်မှုမျိုးကိုပါလုပ်ပြီး ထိုင်ဝမ်ကိုတသီးပုဂ္ဂလဖြစ်သွားမယ့်လမ်းထဲ တွန်းပို့နေပါတယ်။

ကာကွယ်ဆေးပေးဖို့ကတိပြုခဲ့တဲ့ ဂျာမနီကလည်းအရှုံးပေးသွားတဲ့အထိ ပြင်းပြင်းထန်ထန်ဖိအားပေးခံလိုက်ရတယ်။
ဒီလိုမျှော်လင့်ချက်မဲ့နေတဲ့အခြေအနေထဲမှာတုံ့ပြန်လာတဲ့ ဂျပန်အစိုးရကို၊ ထိုင်ဝမ်တစ်ခွင်လုံးက ကျေးဇူးတင်ကြောင်းမှတ်ချက်တွေပေးပါတယ်။

 

သမိုင်းကြောင်း၊ နိုင်ငံရေးပြဿနာရှိတယ်ဆိုတာနားလည်ပါတယ်။
ဒါပေမဲ့ လူ့အသက်နဲ့ဆိုင်နေတဲ့ကိစ္စကိုအသုံးချပြီး တစ်ဖက်ကိုပါးစပ်ပိတ်ခိုင်းတာကတော့ လူသားချင်းစာနာမှုမှာ ကြီးမားတဲ့ပြဿနာတစ်ခုဖြစ်သွားပါပြီ…
“ လူစိတ်မရှိခြင်းပါပဲ…”

အရည်အချင်းမရှိဘူး၊တုံ့ပြန်မှုနှေးတယ် ဆိုတဲ့ပြည်သူတွေရဲ့အပြစ်တင်မှုကို အမြဲတမ်းခံရလေ့ရှိတဲ့ဂျပန်အစိုးရဟာ ဒီတစ်ခေါက်တော့ တုံ့ပြန်မှုကတကယ်အံ့သြစရာပဲလို့ ထင်ပါတယ်။
ဒါဟာ ရှင်းပါတယ်..
လူ့အသက်ကိုကယ်တင်တဲ့ပြဿနာသာမက၊ ငွေအင်အားနဲ့ကမ္ဘာကို ထိန်းချုပ်ချင်တဲ့တရုတ်အတွက် သတင်းစကားတစ်ခုဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် ဂျပန်အရှေ့ပိုင်းငလျင်ကြီးဖြစ်ပွားတဲ့အချိန်၊ ထိုင်ဝမ်ကနေ ယန်း၂၀ ဘီလီယံထောက်ပံ့ငွေကို ရရှိခဲ့ပါတယ်။
လူဦးရေအတိုင်းအတာနဲ့ကြည့်မယ်ဆို လန့်ဖြန့်စရာကောင်းလောက်တဲ့ ငွေကြေးပမာဏပါ…

ဒါတင်ပဲမဟုတ်ပါဘူး။
ငလျင်လှုပ်ပြီး ၅ ရက်မြောက်တဲ့နေ့နံနက်မှာ ထိုင်ဝမ်ကသက်ဆိုင်သူတွေအများအပြား ထိုနေရာသိုရောက်လာကျပြီး၊ အပူချိန် ၁၀ ဒီဂရီအောက်ကျနေတဲ့အအေးဒဏ်ကြားမှာ၊ Curry Rice ,yaki bīfun, Butajiru စတဲ့အစားအစာတွေကို ဒုက္ခသည်တွေဆီပို့ဆောင်ခဲ့ပါတယ်။
ကယ်ဆယ်ရေးပစ္စည်းတွေက တန် ၂၀၊ တန် ၅၀ လောက်ရှိတယ်လို့ ပြောကြပါတယ်။

ဒါ့အပြင်သူတို့တွေဟာ ပုဂ္ဂိုလ်ရေးထောက်ပံ့ကူညီခြင်းအနေဖြင့် နစ်နာဆုံးရှုံးခဲ့ရသူတွေကို ၁ အိမ်ထောင်လျှင် ယန်း ၅ သောင်းမှာ ၇ သောင်းပေးခဲ့ပါတယ်။
ကျန်ခဲ့သူတွေမရှိရအောင် ဒေသန္တရအစိုးရနဲ့ပါပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ လာမယူနိုင်တဲ့သက်ကြီးရွယ်အိုတွေအတွက်တော့ တစ်ဦးချင်းစီကိုအိမ်တိုင်ရာရောက်ပေးခဲ့ပါတယ်။

ငလျင်သဘာဝဘေးပြီးနောက် Tōhoku ဘက်ကိုပထမဆုံး ခရီးသွားဧည့်သည်ဟာ ထိုင်ဝမ်တွေပဲဖြစ်နေတယ် …
ထိုင်ဝမ်အစိုးရဟာ ကုန်ကျစရိတ်ခံပေးခဲ့တဲ့ခရီးစဥ်မှာ ထိုင်ဝမ်ကနေခရီးသွားတွေကိုဖိတ်ခေါ်တဲ့အတွက် နောက်ဆုံးမှာရောင်နီပြန်လင်းလာတာကို မြင်ခဲ့ရပါတယ်။
ဒီအပြင်ငလျင်ဒဏ်ကျရောက်ခဲ့တဲ့ဒေသရှိ လူပေါင်း ၁ ထောင်ကို ထိုင်ဝမ်သို့အခမဲ့ဖိတ်ခေါ်တဲ့အစီအစဥ်ကိုလည်း အကောင်အထည်ဖော်ပေးခဲ့တဲ့ထိုင်ဝမ်…!!!

ဒီကျေးဇူးကိုမဖြစ်မနေပြန်ဆပ်ရမယ်လို့ ဂျပန်လူမျိုးများတွေးနေစဥ်မှာပဲ ဒီတစ်ခေါက်က ကာကွယ်ဆေးပြဿနာဖြေရှင်းဖို့ဖြစ်လာပါတယ်.
တတ်နိုင်သလောက်လေးဆိုပေမဲ့၊ ဂျပန်ဟာနောက်ဆုံးထိုင်ဝမ်ကို ကျေးဇူးပြန်ဆပ်နိုင်လာပြီလို့ထင်ပါတယ်။

ထိုင်ဝမ်နဲ့ဂျပန်ကြားမှာ ပြဿနာမရှိဘူးလားဆိုတော့ … အဲ့ဒီလိုကိစ္စလုံးဝမရှိပါဘူး..
ဂျပန်နဲ့တရုတ်အငြင်းပွားနေတဲ့ Senkaku ကျွန်းစုရဲ့ပိုင်ဆိုင်မှုပြဿနာမှာ ထိုင်ဝမ်လူမျိုးအများစုက ထိုင်ဝမ်အပိုင်လို့တွေးနေကြတယ်။
ဒါကဂျပန်ဘက်က ပြောဆိုချက်နဲ့သိပ်ကွာခြားတယ်.

ဒါပေမဲ့ ဒီကိစ္စကဆွေးနွေးဖို့ပဲလိုအပ်တာပါ…

ဂျပန်နဲ့ထိုင်ဝမ်အကြားချစ်ကြည်ရင်းနှီးမှု ဘယ်လိုဖြစ်လာမလဲဆိုတာ မျှော်လင့်နေပါတယ်….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: