ယန်း ၁၀ ဘီလီယံအမွေရထားသောမိသားစုမှ မွေးဖွားလာတဲ့ မကောင်းဆိုးဝါး

ဂျပန်ရဲ့ နာမည်ကြီးပုဂ္ဂလိကတက္ကသိုလ်များထဲက တစ်ခုဖြစ်တဲ့၊ ကဲအိုတက္ကသိုလ်ရဲ့ အလှမောင်ပြိုင်ပွဲနောက်ဆုံးပွဲစဥ်မှာ ရွေးချယ်ခံလိုက်ရတဲ့ “ ဝါတာနဘဲ ယိုးတ”
ပိုက်ဆံရှိသားသမီးတွေများတဲ့ ကဲအိုတက္ကသိုလ်မှာလည်း အင်မတန်ချမ်းသာပြီး ယန်း ၁၀ ဘီလီယံအမွေရထားတဲ့ မိသားစုကနေကြီးပြင်းလာခဲ့ပါတယ်။
ကြားနေလူကို ဒုက္ခမပေးလောက်မယ့်မျက်နှာမျိုးရှိပေမဲ့၊ တကယ်က မယုံနိုင်စရာနတ်ဆိုးဖြစ်နေပါတယ်။

 

https://gunosy.com/articles/a8ZpY?s=s

၂၀၂၀ ခုနှစ် ၉ လပိုင်းမှာဖြစ်ပွားခဲ့တဲ့မှုခင်းကြောင့် အဖမ်းခံလိုက်ရတယ်။
Yokohama ဘူတာအနီးရှိ အဆောက်အဦးတစ်ခုမှာ အသိရင်းနှီးသူမဟုတ်ဘဲ အသက် ၁၉ နှစ်အရွယ် အရက်မူးနေတဲ့မိန်းကလေးကိုခေါ်သွားပြီး သားမယားပြုကျင့်လိုက်ပါတယ်။
အဲ့ဒီနောက် စုတ်ပြတ်ပြီးကြောင်တောင်တောင်ဖြစ်သွားတဲ့မိန်းကလေးကို တက္ကစီပေါ်ဆွဲတင်ပြီး ၁၅၀ မီတာအကွာလမ်းပေါ်ဆင်းကာ၊ မိန်းကလေးရဲ့ဗိုက်ကိုကန်ပါတော့တယ်။
ပြစ်မှုကျူးလွန်သူကို လက်ရှိဖမ်းဆီထားပါတယ်။
ဒီလိုပုံစံကို video သက်သေရှိနေတာတောင် တရားခွင်မှာ “ မူးနေလို့မမှတ်မိတော့ဘူး” ဆိုပြီး ဝန်မခံဘဲငြင်းဆိုခဲ့တယ်…။

သို့သော် သူ့ရဲ့မူမမှန်တဲ့လုပ်ရပ်က ဒါတင်မကသေးဘူး။
ကိုယ်ကျင့်တရားရော၊ လူသားချင်းစာနာမှုရော လုံးဝမရှိဘူးလို့ “ ဝါတာနဘဲ” ရဲ့ပတ်ဝန်းကျင်ကလူတိုင်းပြောကြပါတယ်။

လိင်ဆက်ဆံဖို့ငြင်းဆန်ရင် လည်ပင်းကိုညစ်တယ်။

သူ့ယောက်ျားလေးသူငယ်ချင်းတွေရှေ့မှာပဲ လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုလုပ်ပြီး၊ ဒါကိုငြင်းဆန်တဲ့မိန်းက‌လေးရဲ့မျက်နှာကို ဖုန်းမျက်နှာပြင်နဲ့ရိုက်တယ်။
twitter မှာရင်းနှီးတဲ့မိန်းကလေးကို လိင်ဆက်ဆံဖို့ပြောချိန် အငြင်းခံလိုက်ရတာကြောင့်၊ ဒေါသထွက်သွားတဲ့သူဟာ ထိုမိန်းကလေးရဲ့ ဆံပင်တွေကို စက်ကပ်ကြေးဖြင့် ရိတ်လိုက်ပါတယ်။

နောက်ပြီး မိန်းက‌လေးတစ်ယောက်ကိုလည်း ထူးထူးဆန်းဆန်းစွဲလန်းနေတယ်။
အဲ့ဒီမိန်းကလေးအိမ်ကို နေ့တိုင်းစာတစ်စောင်ရေးပြီး၊ မိုးလင်းတဲ့အထိ အိမ်ရှေ့မှာစောင့်နေတဲ့အတွက် ဒီလိုချောင်းမြောင်းမှုနဲ့ အဖမ်းခံလိုက်ရပေမဲ့၊ ဘာကြောင့်ရဲတွေစိတ်ဆိုးသွားလဲဆိုတာနားမလည်နိုင်ဘူးလို့ ပတ်ဝန်းကျင်ကရင်းနှီးသူတွေပြောကြပါတယ်။

မိဘရဲ့စီးပွားရေးလုပ်ငန်းမှာလည်း မိဘပိုင်ကုမ္ပဏီရဲ့ လက်အောက်ကုမ္ပဏီခွဲမှာ ဥက္ကဌနေရာယူထားတဲ့ ဝါတာနဘဲတစ်ယောက် အလုပ်မလုပ်လည်း ငွေကတော့ဝင်နေဆဲဖြစ်ပါတယ်။
ကလေးဘဝကတည်းက ပိုက်ဆံနဲ့ပတ်သက်ပြီးဒုက္ခရောက်တာမျိုးလုံးဝမရှိခဲ့ပေမဲ့၊ ကလေးဘဝကတည်းက ပြဿနာတော့ တော်တော်ရှာခဲ့သူဖြစ်ပါတယ်။

စာသင်ခန်းထဲမှာ အခြားကျောင်းသားရဲ့ခုံကိုဆွဲပြီး ချော်လဲစေအောင်လုပ်လိုက်၊ ခြေထိုးခံလိုက်နဲ့ အလယ်တန်းစာသင်နှစ် ၃ နှစ်ပတ်လုံးမှာ အကြိမ် ၃၀ ခန့်မိဘအခေါ်ခံရတယ်။
အထက်တန်းကျောင်းဆက်တက်တော့လည်း အပိုးမကျိုးသေးဘဲ ၂ လတည်းနဲ့ ကျောင်းထုတ်ခံရပါတယ်။
ချမ်းသာတဲ့အတွက် ဆွစ်ဇာလန်မှာ နိုင်ငံခြားပညာတော်သင်ရောက်သွားပေမဲ့ ထိုကျောင်းမှာလည်း မိန်းကလေးပြဿနာနဲ့ပဲ နယူးဇီလန်ကိုပြောင်းသွားပြီး အဲ့ဒီနောက်မှာမှ ဂျပန်ကိုပြန်ရောက်လာခဲ့ပါတယ်။

မိန်းကလေးတွေရဲ့လုံခြုံမှုအတွက် ခြောက်လန့်စရာဖြစ်တဲ့ ဒီကောင်လေးအဖမ်းခံလိုက်ရလို့ တော်သေးတယ်လို့တွေးမိနေတုန်းမှာပဲ ဒီအမှုကိုဖြေရှင်းနိုင်မယ့်နည်းပေါ်လာပါတယ်။
ဘာဖြစ်မယ်လို့ထင်လဲ?
ငွေ ! ငွေပါပဲ…
ငွေအင်အားနဲ့ နစ်နာသူကိုပါးစပ်ပိတ်ခိုင်းလိုက်ပြီး၊ တိုင်ကြားချက်ကိုရုပ်သိမ်းလိုက်မယ်ဆို သူချက်ချင်းလွတ်မြောက်သွားမှာပါ…
အမှုကိုလိုက်နိုင်မယ့် ငွေအလုံအလောက် ဒီမိသားစုမှာရှိပါတယ်။
“ ငွေများ တရားနိုင်မယ့်လောကကြီးပါလား…”

မိဘကဘယ်လိုလုပ်မှာလဲ? လူအများကဒါကိုစိတ်ဝင်စားနေကြပါတယ်။
ငွေဟာလူကိုပျော်ရွှင်မှုဖန်တီးပေးတဲ့ အရာဝတ္ထုတစ်ခုလား ?
သင်ရော ဘယ်လိုထင်ပါသလဲ ?

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: