Iwate စီရင်စုရဲ့ မြင်းလှည့်လည်ပွဲ Chagu Chagu Umakko Festival
2021ခုနှစ် 6 လပိုင်း 12 ရက်နေ့ (စနေနေ့) ကကျရောက်ခဲ့တဲ့ Chagu Chagu Umakko Festival
Chagu Chagu Umakko Festival ဆိုတာ ဇွန်လရဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။
A city of strength လို့တောင် တင်စားထားတဲ့ Iwate ခရိုင်ရဲ့ Morioka မြို့ဟာ ဇွန်လကိုရောက်လာတိုင်း ပွဲတော်ရဲ့ ဆည်းလည်းသံက တညံညံဖြင့်လွှမ်းခြုံလို့နေပါတယ်။
https://www.japan.travel/en/spot/494/
ထိုပွဲတော်မှာ မြင်းအကောင်ရေ ၁၀၀ ကို ရောင်စုံလှပဆန်းကြယ်တဲ့ မြင်းကကြိုးနဲ့ခေါင်းလောင်းများဖြင့် တန်ဆာဆင်ပြီး Takizawa ကနေ Morioka အထိ စီတန်းလှည့်လည်လေ့ရှိပါတယ်။
အဲ့ဒီလိုလှည့်လည်တဲ့အခါမှာတော့ ကလေးငယ်များကိုတင်ဆောင်ကြပါတယ်။
*ဝန်တင်တိရစ္ဆာန်*
ရှေးအချိန်ကာလကတည်းက Iwate စီရင်စုဟာ မြင်းမွေးမြူရေးလုပ်ငန်းနဲ့ကျော်ကြားတဲ့ဒေသတစ်ခုဖြစ်ပါတယ်။
လူနဲ့မြင်းနဲ့ တစ်မိုးအောက်တည်းအတူနေထိုင်ခဲ့ကြပါတယ်။
https://japantravel.navitime.com/en/area/jp/spot/90013-fesm00153/
Chagu Chagu Umakko Festival ကို လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်ကစတင်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ အလွန်ပင်ပန်းခဲ့တဲ့စပါးစိုက်ပျိုးချိန်ပြီးနောက် မြင်းတွေကို ၁ ရက်အနားပေးခြင်းနဲ့၊ ၎င်းတို့ကျန်းမာစွာဆက်ရှိနေဖို့ နတ်ကွန်းမှာသွားရောက်ဆုတောင်းခြင်းပဲဖြစ်ပါတယ်။
မြင်းတွေဟာ Takizawa ရဲ့ Onikoshi Sozen နတ်ကွန်းကနေ, Morioka ရဲ့ Hachiman နတ်ကွန်းဆီသို့ ဦးတည်ထွက်ခွါပါတယ်။ ထူးဆန်းတာကတော့ Onikoshi Sozen နတ်ကွန်းဆိုတာ မြင်းတို့ရဲ့နတ်ဘုရားကိုရည်စူးထားတဲ့ နတ်ကွန်းတစ်ခုပဲဖြစ်ပါတယ်။
ပွဲတော်တစ်လျှောက် ဆည်းလည်းသံတွေဟာ မြို့တစ်ခွင်ကိုလွမ်းခြုံထားတယ်။
မြင်းတွေခြေလှမ်းလှမ်းတိုင်းမှာ ၎င်းတို့ပေါ်ကခေါင်းလောင်းသံတွေက “ chagu chagu” လို့မြည်ပါတယ်။
၎င်းမြည်သံကိုပဲအစွဲပြုပြီး ပွဲတော်နာမည်ကိုပေးခဲ့ပါတယ်။
https://equestrio.com/reportages/chagu-chagu-umakko-the-japanese-horse-festival
မြင်းတစ်ကောင်မှာ ဆည်းလည်းပေါင်း ၇၀၀ ကိုဆင်မြန်းပေးထားပါတယ်။
အားလုံးထဲမှာ အထူးခြားဆုံးခေါင်းလောင်းကတော့ ၎င်းတို့လည်ပင်းမှာဆွဲထားပေးတဲ့ ဒိုးနပ်ပုံစံခေါင်းလောင်းဖြစ်ပြီး, မူလအားဖြင့်ဒါကို ဝံပုလွေရန်ကနေကာကွယ်တားဆီးတဲ့နေရာမှာ သုံးခဲ့ကြပါတယ်။
https://www.tohokukanko.jp/en/attractions/
သင်ဟာဒီပွဲတော်နဲ့ကြုံကြိုက်ခဲ့ရင်တော့ အောက်ပါ (၂) ချက်ကို လုပ်ဆောင်နိုင်ပါတယ်။
၁။ မြင်းများကိုမုန်လာဥနီကျွေးခြင်းနှင့် အမှတ်တရဓါတ်ပုံရိုက်ခြင်း
၂။ ၎င်းတို့ကိုယ်ပေါ်က အရောင်အသွေးစုံလင်လှသော ထူးဆန်းဖွယ်ဝတ်ရုံများနှင့် ခေါင်းလောင်းများအား ရှုစားနိုင်ခြင်း တို့ဖြစ်ပါတယ်။
ဒါပေမဲ့ သတိထားရမှာကတော့ မြင်းရဲ့အနောက်မှာသွားမရပ်မိပါစေနဲ့ …
ဒီအပြင် လျှပ်တစ်ပြက်မီးရောင်ထွန်းခြင်း၊ ကျယ်လောင်တဲ့အသံပြုလုပ်ခြင်း စတဲ့အချက်တွေက ၎င်းတို့ကိုလန့်သွားစေတဲ့အတွက် မလုပ်မိဖို့လိုအပ်ပါတယ်။
https://www.tohokukanko.jp/en/attractions/
ဒီပွဲတော်ပြီးသွားတဲ့အခါမှာတော့ သင်ဟာ Iwate ဥယျာဥ်က Hachiman နတ်ကွန်း ဒါမှမဟုတ် Morioka မြို့ရဲ့ ရှုခင်းများထဲကတစ်ခုကို လေ့လာကြည့်ရှုနိုင်ပါတယ်။
https://diversity-finder.net/tourism/
ဒီနှစ်မမီခဲ့ပေမဲ့ နောက်နှစ်များမှာသွားချင်တယ်ဆိုရင်တော့
Morioka ဘူတာကိုသွားတဲ့ Tohoku ကျည်ဆန်ရထားကိုစီးရမှာဖြစ်ပြီး၊ အဲ့ဒီကနေပွဲတော်နေ့မှာ အထူးပြေးဆွဲတဲ့ ဘူတာရှေ့ terminal 16 မှာရှိတဲ့ ဘတ်စ်ကားကိုစီးသွားရမှာပဲဖြစ်ပါတယ်။
Japo Myanmar