အစိုးရအဖွဲ့ဝင်ဖြစ်ခဲ့တဲ့ ဂျပန်အကောင်းဆုံးမှော်ဆရာ လက်ရှိချိန်ထိ ထိုစွမ်းအားတွေရှင်သန်နေဆဲ ?

မင်းမျိုးမင်းနွယ်များ ဇိမ်ကျစွာနဲ့နေထိုင်ခဲ့ကြတဲ့ခေတ်၊ 平安時代Heian ကာလဟာ နိုင်ငံရေးအကျင့်ပျက်ချစားမှုရှိခဲ့တဲ့ ကာလဖြစ်ပါတယ်။
နိုင်ငံရေးအကျင့်ပျက်ချစားမှုရှိလာပြီး၊ လူတွေရဲ့နှလုံးသားထဲမှာနာကျင်မှုအစပြုလာတဲ့အချိန် ဘယ်နေရာကမှန်းမသိတဲ့ ပရလောကသားတွေကလည်း ပေါ်လာခဲ့ပါတယ်။
အဲ့ဒီပရလောကသားတွေဟာ ထိုအချိန်မြို့ကြီးဖြစ်တဲ့ 平安京Heiankyo (မျက်မှောက်ခေတ် ကျိုတို)မှာ လွှမ်းမိုးခဲ့ကြတယ်လို့ ပြောကြပါတယ်။

 

အဲ့ဒီ Heian ခေတ်မှာ Seimei Abe ဆိုတဲ့မှော်ဆရာဟာမွေးဖွားလာခဲ့ပါတယ်။
သူဟာ 921 ခုနှစ်မှာမွေးဖွားပြီး၊ ဂျပန်နံပါတ် (၁) အကြားအမြင်ရ မှော်ဆရာအဖြစ်ကြီးပြင်းလာခဲ့တယ်။
ဂျပန်လိုတော့ စုန်းကဝေလိုမျိုးပါပဲ။

ထူးခြားတဲ့စွမ်းအားတွေပိုင်ဆိုင်ထားပြီး၊ ခေါ်ထုတ်လိုက်တဲ့ တစ္ဆေဝိညာဥ်တွေကိုအသုံးပြုကာ ရန်သူကိုတိုက်ခိုက်လိုက်၊ ထိုတစ္ဆေတို့ရဲ့အကူအညီနဲ့ ပြဿနာကိုရှောင်လေ့ရှိခဲ့ပါတယ်။

ရှေးရှေးက မိုးမရွာဘူးဆိုရင် စပါးခင်းရော၊ယာခင်းတွေကပါ ခြောက်သွေ့အပ်ကွဲကုန်ကြပြီး၊ အစာခေါင်းပါးခြင်းဖြစ်လာပါတယ်။
ကူးစက်ရောဂါပြန့်ပွားမှုမှာလည်း ဆေးဘက်ဆိုင်ရာကုသမှုမပြည့်စုံခြင်းကြောင့်လည်း ကာကွယ်မှုမှာ ဒုက္ခရောက်ခဲ့ကြပါတယ်။

ဒါတွေရဲ့ကာကွယ်တားဆီးမှုကိုပြုလုပ်ပေးခဲ့တာကတော့ မှော်ဆရာပဲဖြစ်ပါတယ်။
ဧကရာဇ်(အစိုးရ)ထံကညွှန်ကြားမှုနဲ့ တိုင်းသူပြည်သားတွေအတွက် တာဝန်ထမ်းဆောင်ခြင်းဖြစ်တာကြောင့်၊ အခုအနေနဲ့ပြောရရင် အလွန်ထူးကဲတဲ့စွမ်းအားကိုပိုင်ဆိုင်ထားသော နိုင်ငံဝန်ထမ်း လို့ခေါ်ရင်မှန်ကောင်းမှန်နိုင်ပါတယ်.

အဲ့ဒီအထဲမှာတော့ အတိတ်ကနေလက်ရှိအချိန်ထိ Seimei Abe ဟာ အာဏာအရှိဆုံးလို့ ပြောကြပါတယ်။
အမျိုးမျိုးသောသမိုင်းစာအုပ်နဲ့ ဧကရာဇ်ရဲ့စာချွန်လွှာမှာဖော်ပြမှတ်သားထားတဲ့အတွက် တကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်လို့မှတ်ယူရပြီး၊ ဒီအပြင်ကိုယ်ပိုင်စွမ်းအားနဲ့ ဧကရာဇ်ဆီကအသိအမှတ်ပြုခံရတဲ့အထိ ရာထူးချီးမြှောက်ခြင်းခံရတာကိုကြည့်ခြင်းဖြင့် ၎င်းစွမ်းအားဟာအစစ်အမှန်ပဲဖြစ်တယ်လို့ မှတ်ယူရပါတယ်။

သူဟာဘာကြောင့် ဒီလိုစွမ်းအားကိုပိုင်ဆိုင်ရသလဲ.. အကြောင်းကတော့……။
သူ့ရဲ့ဖခင် Abeno Yasuna ဟာ Shinoda Myojin နတ်ကွန်းမှာ သွားဆုတောင်းပြီးအပြန်လာ မုဆိုးတစ်ယောက်ဟာ မြေခွေးဖြူတစ်ကောင်းကိုဖမ်းမိလာတာကို တွေ့လိုက်ပါတယ်။
Yasuna ဟာ ထိုမြေခွေးကိုလွတ်ပေးလိုက်ပေမဲ့၊ ထိုမြေခွေးဟာ မိန်းကလေးပုံသဏ္ဍာန်ဖြစ်သွားပြီး Yasuna ရဲ့ ခြေရင်းမှာပေါ်လာပါတယ်။
လူသားနဲ့ မြေခွေးမလေးတို့ ၂ ယောက်လက်ထပ်လိုက်ပြီး သားယောက်ျားလေးတစ်ဦးဖွားမြင်လာပါတယ်။
ထိုကလေးဟာတော့ Seimei Abe ပဲဖြစ်ပါတယ်။

ဂျပန်မှာ ဟိုးရှေးကတည်းက မြေခွေးမှာထူးခြားတဲ့စွမ်းအင်ရှိတယ်လို့ယုံကြည်ကြပြီး၊ အဖြူရောင်မြေခွေးနဲ့ အမြီးများစွာရှိတဲ့မြေခွေးဟာ ထူးခြားတဲ့တည်ရှိမှုပဲလို့ သတ်မှတ်ကြပါတယ်။
မိခင်ရဲ့စွမ်းအားကို အမွေဆက်ခံမယ်ဆိုရင် ၊ Seimei Abe ဟာ ထူးခြားတဲ့အစွမ်းကိုပိုင်ဆိုင်နေမှာ အသေအချာပဲဖြစ်ပါတယ်။

Seimei Abe ဟာ စာရွက်နဲ့ပြုလုပ်ထားတဲ့ လူပုံသဏ္ဍာန်ကိုအသက်သွင်းပြီး၊ “ ရှိခိဂမိ” ဆိုတဲ့နာမည်ပေးကာ နေ့စဥ်အိမ်မှုကိစ္စတွေကို ခိုင်းစေခဲ့ပါတယ်။

Seimei ကို တည်ထားကိုးကွယ်တဲ့နတ်ကွန်း ကျိုတိုမြို့မှာရှိပါတယ်။
၎င်းနာမည်ကလည်း Seimei jinja ပဲဖြစ်ပါတယ်…
Seimei ရဲ့ ကြီးမားတဲ့စွမ်းဆောင်မှုကိုဂုဏ်ပြုတဲ့အနေနဲ့ 1007 ခုနှစ်မှာဧကရာဇ်အမိန့်တော်ဖြင့် ဆောက်လုပ်ထားသော နတ်ကွန်းဖြစ်ပါတယ်။
နေရာက Seimei နေထိုင်ခဲ့သော အိမ်အဆောင်ကိုရွေးချယ်ပြီး၊ လက်ရှိချိန်မှာလည်း အတော်လေးအားကောင်းတဲ့ စွမ်းအားတွေထွက်ပေါ်တယ်လို့ ပြောကြပါတယ်။

 

安倍晴明は平安時代のスーパー国家公務員だった?羽生結弦の心も掴んだミステリアスガイの謎に迫る

 

video လည်းကြည့်လိုက်ပါ…

 

ပရဝုဏ်ထဲဝင်ခါနီးနေရာမှာ ကြယ်အမှတ်အသားကို တွေ့ရပါတယ်။
ဒါဟာ Seimei မိသားစုအမှတ်အသား၊ ၅ ထောင့်ကြယ် ဖြစ်ပြီး၊ ခိုင်မာသောအတားအဆီးအဖြစ်အမှတ်အသားလုပ်ထားခြင်းဖြစ်ပါတယ်။

ဒီအပြင် ဒီနတ်ကွန်းရဲ့အနီးအနားမှာ 戻り橋Modori-bashi (အပြန်လမ်းတံတား) ဆိုတဲ့ တံတားတစ်ချောင်းရှိတယ်။
ဒီနေရာကလည်း Seimei Abe က တန်ခိုးပြခဲ့တဲ့နေရာဖြစ်ပါတယ်။

 

ဒီတံတားနာမည်ရဲ့မူလကတော့ …
Seimei လက်ထပ်မတိုင်ခင် ဘုန်းကြီးတစ်ပါးဟာ မိမိရဲ့ဖခင်သေဆုံးကြောင်းကြားသိရပြီး အလျင်အမြန်ပြန်လာတဲ့အချိန်၊ ဒီတံတားပေါ်မှာပဲအသုဘနဲ့ကြုံရပါတယ်။
ထိုအချိန်သရဏံဂုံတင်ပေးတဲ့အခါ ခဏလေးအတွင်းမှာပဲ ဖခင်ဖြစ်သူဟာအသက်ပြန်ရှင်လာပြီး၊ စကားထပြောလာပါတယ်။

အဲ့ဒီနောက် Seimei Abe လက်ထပ်
သူ့ရဲ့ပြိုင်ဘက်ထဲမှာ ဖျက်လိုဖျက်ဆီးသာလုပ်တတ်တဲ့ Ashiya Doman ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဒီတံတားပေါ်မှာပဲ Seimei ရဲ့ဖခင်ကို သတ်ပစ်လိုက်ပါတယ်။
သို့သော် Seimei ဟာ သေရာမှပြန်လည်အသက်ရှင်တဲ့ဂါထာကိုရွတ်ဖတ်ပြီး ပြန်အသက်ရှင်စေခဲ့တာကြောင့် ဒီဖြစ်ရပ် ၂ ခုကနေကောက်နုတ်ပြီး၊
တမလွန်လောကနဲ့ဒီဘက်ကမ္ဘာကို ဆက်စပ်ပေးတဲ့တံထားလို့ သတ်မှတ်လိုက်ပါတော့တယ်. ….

တန်ဖိုးထားရတဲ့လူကိုဆုံးရှုံးလိုက်ရသူအတွက် ဒီနေရာကိုလာပြီး အတိတ်ကအမှတ်တရာများကိုတွေးရင်း တံတားပေါ်ဖြတ်လျှောက်ခြင်းက ဘာနဲ့မှမလဲနိုင်တဲ့ခံစားမှုမျိုးကိုရရှိနိုင်မယ်လို့ ထင်ပါတယ်…

စကားမစပ်ကျိုတိုမှာတော့ ဒီ 戻り橋Modori-bashi ရဲ့ဒဏ္ဍရီကို တော်တော်များများယုံကြည်ကြပြီး၊ မင်္ဂလာဆောင်တဲ့အချိန် ဒီတံတားပေါ် မဖြတ်ရဘူးဆိုတဲ့အယူအဆလည်း ရှိပါတယ်။
အကယ်၍ပြန်မရောက်လာခဲ့ရင် သွားပြီပေါ့နော်….

ဂျပန်မှာတော့ ယခုအချိန်ထိ စွမ်းအားအရှိဆုံးမှော်ဆရာ Seimei Abe ကိုယုံကြည်သက်ဝင်လျှက်ရှိပါတယ်။
သင်ရောထိုစွမ်းအားကို ယုံကြည်ပါသလား?

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: