ယောက်ျားဆန်လွန်းသော အခမဲ့ထုတ်ကုန် !!!

အမျိုးသားများရဲ့တောင့်တင်းလှသောကြွက်သားတွေကို ကြိုက်နှစ်သက်တဲ့ မြန်မာမိန်းကလေးတွေလည်း အများအပြားရှိကြမယ်မဟုတ်လား?
ဂျပန်မှာတော့ ကြွက်သားတွေပိုင်ဆိုင်ထားသူကို Macho “ မချော” လို့ခေါ်ပါတယ်။
Macho ပရိသတ်တွေထဲမှာ အထူးသဖြင့်မိန်းကလေးတွေများတယ် ….၊
အဲ့လိုလူမျိုးတွေအတွက် နှာခေါင်းသွေးလျှံသွားလောက်အောင် စိတ်လှုပ်စေမယ့် ဝက်ဘ်ဆိုက်တစ်ခုပေါ်လာပါတယ်…။

နာမည်က Muscle Plus !!
နာမည်ကအစ Macho ဖြစ်နေပါပြီ။
ဒါပေမဲ့ ဒါက ကြွက်သားရှိသူတွေရဲ့ အခမဲ့ထုတ်ကုန် ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။
မိမိကြိုက်နှစ်သက်တဲ့ကြွက်သားပုံကို ကြိုက်သလောက် ‌download လုပ်နိုင်တယ်။

ဒီလုပ်ငန်းရဲ့အကြံပြုချက်ကိုအသုံးပြုကြည့်ရင်ဘယ်လိုလဲ?
ဒါဖြင့် စိတ်ဝင်စားဖို့ကောင်းတဲ့ Macho ပုံတွေကိုကြည့်လိုက်မယ်ဆိုရင်

သီချင်းဆိုတဲ့ Macho

https://freephotomuscle.com/archives/photo/

ခရစ္စမတ် Macho

ဖရဲသီးခွဲတော့မယ့် Macho

စွန့်ပစ်ခံရတဲ့ကြောင်လေးပုံစံ Macho

ထိုးကြိတ်နေတဲ့ Macho

ရန်ဖြစ်ပြီးပြီ..

ပြန်တည့်ပြီး ဒိတ်နေကြတာလား?

အဲ.. ဒီလိုအကြံပြုချက်တွေကို သုံးဖို့ခက်နေလား?
ဒါဆို ဒီလိုမျိုးဆိုရင် ဘယ်လိုသဘောရပါသလဲ?

 

စာအမြန်ရိုက်နေတဲ့ Macho


ကွန်ပျူတာသင်တန်းအတွက် ဒီလိုကြော်ငြာဆိုရင်ရော?

call center ရုံးခန်းမှာ လေ့ကျင့်ခန်းမလုံလောက်သူတွေအတွက် အကြံပြုချက်..

တစ်ခုခုအော်ဒါရသွားလို့များလား? သိပ်နားမလည်ပေမဲ့ ကောင်းသားပဲ ..

ရုံးသွားလိုက်အုံးမယ် …! ဆိုတဲ့ပုံစံမျိုး…

 

အစကတော့ အဝတ်ပေးဝတ်လိုက်ချင်ပေမဲ့၊ ကျွန်တော်တောင်ကြည့်ရင်းနဲ့ အပေါ်ပိုင်းဗလာဖြစ်နေတာက ပုံမှန်ဖြစ်သွားသလိုပဲ.. တစ်ခုခုတော့ထူးဆန်းတယ်..

ဒါကတော့ သူ့ရဲ့ ဝက်ဘ်ဆိုက်ပါ…

https:/freephotomuscle.com

 

အခမဲ့ဓါတ်ပုံတွေကိုစုစည်းထားတဲ့ ဆိုက်တစ်ခုဖြစ်ပါတယ်။
ကြွက်သားလူသန်ကြီးအုပ်စု “ ALL OUT” အဖွဲ့သားတွေနဲ့ ဗလတောင့်‌တောင့်အမျိုးသားတွေကိုအဓိကထားပြီး နိုင်ငံတစ်ဝှမ်းလုံးမှာ ယောက်ျားပေါင်း ၄၀၀ ကျော်က ပုံစံမျိုးစုံနဲ့ဓါတ်ပုံရိုက်ကူးကြပါတယ်။

ဒီအပြင် ဒီဆိုက်မှာအခမဲ့လာရောက် ပူးပေါင်းပေးမယ့်မော်ဒယ်တွေလည်းခေါ်နေပါတယ်။
ဒါကြောင့် သင့်ဟာလည်းကြွက်သားတောင့်တင်းသူတစ်ယောက်လို့ ကိုယ့်ကိုကိုယ့်ယုံကြည်မှုရှိရင် ဂျပန်ရဲ့ဘယ်နေရာမှာဖြစ်ဖြစ် သွားရောက်ပူးပေါင်းနိုင်ပါတယ်။

ကဲ ! အလုပ်မှာပင်ပန်းနေပြီလား..
ဒါဆိုသေချာပေါက် သူတို့ကြွက်သားတွေရဲ့အကူအညီနဲ့ ပြန်လည်အားဖြည့်လိုက်ကြပါ …

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: