မုန်းတီးနေသူကို ပြုစားမယ် !!! ဂျပန်ရိုးရာ ကောက်ရိုးလူရုပ် ကျိန်စာ !!!

သတ်ပစ်ချင်လောက်အောင် မုန်းတယ်..
သို့သော် အင်အားကမမျှ၊ သတ္တိကလည်းမရှိတာကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ဆိုမလုပ်နိုင်ဘူး… မုန်းနေတာကတော့ အမှန်ပဲ….

ဒီလိုအတွေးကိုပုံဖော်ပြီး၊ ကမ္ဘာတစ်ဝှမ်းမှာ ကျိန်စာဆိုတဲ့ယဥ်ကျေးမှု တည်ရှိလာပါတယ်။
ပရော်ဖက်ရှင်နယ် စုန်ကဝေနတ်ဆရာတွေထံအကူအညီတောင်းတာမျိုးရှိပေမဲ့၊ ဂျပန်မှာ ယေဘုယျအကျဆုံးကတော့ ဒါပဲဖြစ်ပါတယ်။

 

https://samsara.link/archives/

 

ကောက်ရိုးလူရုပ်ကိုအသုံးပြုထားတဲ့ 丑の刻参り(うしのこくまいり)” အုရှိနော့ခိုခုမအိရိ” ကျိန်စာ
ညသန်းခေါင်ယံ အမှောင်မည်းဆုံးနတ်ကွန်းထဲမှာ အဖြူရောင်ကီမိုနိုကိုဝတ်ပြီး ပြုလုပ်တဲ့ရိုးရာ…
ဒီလိုပုံစံကိုမြင်ရတာနဲ့တင် ပြုစားခံရနိုင်ပါတယ်။

အဓိကအားဖြင့် မနာလိုတတ်သောအမျိုးသမီးတွေ လုပ်တတ်ကြတဲ့ ဒီရှေးခေတ်ကျိန်စာအတွက် လိုအပ်ချက်ကတော့….

 

အဝတ်အစား
အဖြူရောင်သက်သက်ဖြစ်တဲ့ကီမိုနို 白装束(しろしょうぞく)ကိုဝတ်မယ်။
ဒါဟာပုံမှန် လူသေကိုပေးဝတ်တဲ့အဝတ်အစားဖြစ်ပြီး၊ မင်္ဂလာရှိတဲ့အဝတ်အစားမဟုတ်တာတော့ သေချာပါတယ်။

ဦးခေါင်းမှာတော့ သံကွင်းကိုဝတ်ဆင်ပြီး၊ အဲ့ဒီအပေါ်မှာ ဖယောင်းတိုင်ကြီး ၃ တိုင်ကို မီးထွန်းညှိရမယ်။
မျက်နှာကို အဖြူရောင်ဆေးလိမ်းခြယ်မယ်။
နှုတ်ခမ်းနီကိုတော့ အနီတောက်တောက်အရောင် ရွေးချယ်ရပါတယ်.

ခြေတောက်အတွက်တော့ အဆင်ပြေ‌လောက်မှာမဟုတ်ပေမဲ့၊ ဒီလိုဖိနပ်ကို စီးရပါတယ်။

ရင်ဘက်ပေါ်မှာအဆောင်လက်ဖွဲ့အဖြစ် မှန်ကိုချိတ်ဆွဲထားရပြီး၊ ဒါဟာအဆောင်လက်ဖွဲ့တစ်ခုဖြစ်ပါတယ်။
ရင်ဘက်ထဲမှာ ဓါးတိုတစ်ချောင်းကိုလည်း ထည့်ထားရမယ်။ ဒါကလည်း အဆောင်လက်ဖွဲ့တစ်ခုပဲဖြစ်ပါတယ်။
ဒီအချက်နဲ့တင် သရဲ၊တစ္ဆေ ပုံစံနဲ့တူနေပါပြီ….

 

ကောက်ရိုးလူရုပ်

စပါးပင်ကနေ စပါးစေ့ကိုယူပြီးနောက် ပင်စည်ကိုအခြောက်လှန်းခြင်းဖြင့် ကောက်ရိုးဆိုတာဖြစ်လာပါတယ်။
ဒါကိုအသုံးပြုပြီးလုပ်ထားတဲ့လူရုပ်ကတော့ ကောက်ရိုးလူရုပ်၊ တစ်နည်းအားဖြင့် စာခြောက်ရုပ် ….
အထဲမှာ တစ်ဖက်လူရဲ့ဆံပင်မွေးထည့်တာတို့၊ နာမည်ရေးထားတဲ့စာရွက်ပိုင်း ထည့်တာတို့ … နေရာဒေသနဲ့လိုက်ပြီး ကွဲပြားပေမဲ့၊ မိမိမုန်းတီးသူရဲ့အကြောင်းကိုတွေးပြီး ကောက်ရိုးအရုပ်ကိုပြုလုပ်ကြပါတယ်။

ယူသွားမည့်အရာ
5 စင်တီမီတာရှိတဲ့ ကြီးမားတဲ့သံနဲ့ ဒါကိုရိုက်မယ့် တူတစ်ချောင်းယူသွားရပါတယ်။
သေချာပေါက် ကောက်ရိုးအရုပ်ကိုလည်း ချန်ထားခဲ့လို့မဖြစ်ပါဘူး….

 

အချိန်၊ နေရာ?
丑の刻参り ဆိုတဲ့နာမည်အတိုင်း.. အချိန်က သန်းခေါင်ယံနံနက် ၂ နာရီ..
ဦးတည်ရာက လူသူတိတ်ချိန် သန်းခေါင်ယံနတ်ကွန်းဆီသို့….
ဘယ်သူမှမြင်သွားလို့မဖြစ်ပါဘူး။
မြင်သွားခဲ့မယ်ဆိုရင်တော့ ထိုမျက်မြင်သက်သေကို မသတ်ပစ်ဘဲကျိန်စာဟာ ပြီးမြောက်တော့မှာမဟုတ်ပါဘူး….

 

丑の刻参り “ အုရှိနော့ခိုခုမအိရိ” ကိုဘယ်လိုလုပ်မလဲ..
နတ်ကွန်းကနတ်ဘုရား ကျိန်းဝပ်တဲ့ဧရာမသစ်ပင် (Goshinboku) မှာ ကောက်ရိုးလူရုပ်ကိုသံဖြင့် ကပ်ရိုက်ရမယ်.
ဘယ်လိုကျိန်စာကိုမျှော်လင့်တာနဲ့ပတ်သက်ပြီး သံဖြင့်ရိုက်ရမည့်နေရာကလည်း ပြောင်းသွားပါတယ်။
ခေါင်းကိုရိုက်ရင် ဦးခေါင်းနဲ့ပတ်သက်တဲ့ ရောဂါကိုရရှိပြီး….
နှလုံးကိုရိုက်မယ်ဆိုရင်တော့ သေပါတယ်…
စိတ်ဝင်စားဖို့ကောင်းတာကတော့ လက်…
လက်နေရာကို ရိုက်ထည့်မယ်ဆိုရင်တော့ တဖက်လူကမဖောက်ပြန်တော့ပါဘူး…။

ဒါကို ၇ ရက်ကြာ ဆက်တိုက်လုပ်ရပါတယ်….။

丑の刻参り “ အုရှိနော့ခိုခုမအိရိ” ဖြင့်နာမည်ကျော်ကြားတဲ့ နတ်ကွန်းရှိပါတယ်။
ကျိုတိုမှာရှိတဲ့ Kifune နတ်ကွန်း….နဲ့ 、Okayama မှာရှိတဲ့ Ikurei နတ်ကွန်း

https://tabigo-media.net/kibuneshrine-spirit/

သို့သော် နာမည်ကြီးနေရာဖြစ်လို့ အခြားလာရောက်လည်ပတ်သူတွေလည်းရှိတာကြောင့်၊ တစ်ယောက်ယောက်မြင်သွားနိုင်မယ်နော်…?
“ အုရှိနော့ခိုခုမအိရိ” လုပ်နေသူအချင်းချင်းဆုံသွားခဲ့ရင်ရော.. အချင်းချင်းသတ်ဖြတ်မှုဖြစ်သွားနိုင်မလား ?

တော်ပါ .. ဒီလိုတော့မလုပ်နိုင်ပါဘူး… လို့သင်တွေးမယ်ဆိုရင် “ အုရှိနော့ခိုခုမအိရိ” ကိုကိုယ်စားလုပ်ပေးသူလည်း ရှိတယ်တဲ့….
အဆင်ပြေလိုက်တာနော်….

 

Amazon စတဲ့ mail order ဆိုက်မှာ ဒီ “ အုရှိနော့ခိုခုမအိရိ” set ကို ရောင်းချပေးနေပါတယ်။
ကိုယ်တိုင်လုပ်ထားတာမဟုတ်တဲ့အတွက် ကောင်းပါ့မလား??

ဒီအပြင်လွယ်ကူတယ်၊ ကိုယ်စားသွားပေးတယ်…
ညသန်းခေါင် တစ်ယောက်တည်းနတ်ကွန်းသွားရတာကတော့ တော်တော်လေးစိတ်ခြောက်ခြားစရာပါ…
ဒါကြောင့် အေဂျင်စီဝန်ဆောင်မှုကို အသုံးပြုသူတွေရှိလာပါတယ်။

ဒီလောက်လွယ်ကူတဲ့ကျိန်စာတိုက်ခြင်းက ပြည့်စုံပါ့မလား?
မကြာခင်မှာပဲ စမတ်ဖုန်းအက်ပလီကေးရှင်းနဲ့ အရာခပ်သိမ်းကို လုပ်ဆောင်နိုင်လာတော့မယ်ထင်ပါတယ်။

ဗုဒ္ဓဘာသာမှာတော့ ကံ ကံ၏အကျိုး ဆိုတဲ့အယူအဆရှိတယ်နော်….။
ဤလောကမှာ ပြုမိတဲ့အကုသိုလ်ဟာ နှောင်ဘဝကိုသယ်သွားတယ်။
သင်ဟာအသစ်တဖန်မွေးဖွားပြောင်းလဲသွားပါစေအုံး ဒီလောကမှာပြုလုပ်တဲ့ ကုသိုလ်၊အကုသိုလ်ဟာ လူ့နောက်ကိုပါသွားတဲ့အတွက် ဒီလိုမျိုးပြုစားတာတွေ၊ ကျိန်စာတိုက်တာတွေကို မလုပ်တာကောင်းတယ်လို့ ကျွန်တော်တော့ ခံယူမိပါတယ်….

အဲ့ဒီလောက်ထိမုန်းစရာကောင်းတဲ့လူကို မေ့ပစ်လိုက်ပါ…..
ပြီးရင်တော့ မိတ်ဆွေအသစ်ဖွဲ့ပြီး ဘဝကိုပျော်ရွှင်စွာနဲ့ ဖြတ်သန်းခြင်းက အကောင်းဆုံးသောထွက်ပေါက်ပဲလို့ထင်ပါတယ်…..

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: