My Neighbor Totoro ဇာတ်ကားထဲက လျှို့ဝှက်ထားတဲ့ ကြောက်မက်ဖွယ်ရာအချက်များ…

1988 ခုနှစ်မှာ Studio Ghibli ကနေကြေငြာလိုက်တဲ့အနုပညာထုတ်ကုန်ဖြစ်သော My Neighbor Totoro ဟာ ချစ်စရာကောင်းတဲ့ဇာတ်ကောင်လေးအပြင် ချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးကြောင့် နာမည်ကြီးသွားပါတယ်. ဒါပေမဲ့ ဒီအကြောင်းအရာရဲ့နောက်ကျောဘက်မှာတော့ အမှန်တကယ်ဘယ်လိုမှမဖြစ်နိုင်တဲ့ ကောလဟလတစ်ခုရှိတယ်ဆိုတာ သင်သိပါသလား?

ဒါဟာ 1963 ခုနှစ်မှာတကယ်ဖြစ်ခဲ့တဲ့ 狭山事件(さやまじけん)မှုခင်းကိုအခြေခံရိုက်ကူးထားခြင်းပဲလို့ ဆိုပါတယ်။
ဇာတ်လမ်းထဲမှာ အမှန်တရားကိုဝှက်ထားတာကြောင့် ၁ ခုချင်းစီကြည့်လိုက်ရအောင်….

 

ခေတ်ကာလနောက်ခံ

ဇာတ်လမ်းလေးကို Shōwa 30 ခုနှစ် (1955 ခုနှစ်) အစောပိုင်းအချိန်ကာလပုံစံအဖြစ် ဖန်တီးထားတယ်…
狭山事件Sayama မှုခင်းဟာ Shōwa 38 ခုနှစ်မှာဖြစ်သွားခဲ့တယ်ဆိုတော့ … ဒါကိုပုံဆောင်နေသလိုမျိုး၊ တဖန်ကွဲပြားနေသလိုမျိုးနဲ့ ထူးဆန်းနေပေမဲ့၊ ခေတ်ကာလနီးကပ်တယ်ဆိုတာတော့ တထစ်ချပြောနိုင်ပါတယ်။

 

ဇာတ်အိမ်တည်နေရာ အတူတူပဲလား?
ဒါရိုက်တာ Hayao Miyazaki က ယခင်Saitama စီရင်စု Tokorozawa မြို့မှာနေခဲ့တယ်လို့ပြောကြတယ်။
ဇာတ်လမ်းထဲမှာ Matsugo ဆိုတဲ့နေရာပါဝင်ပြီး၊ ဒါက Tokorozawa မြို့မှာရှိတဲ့အရပ်ဒေသတစ်ခုဖြစ်ပါတယ်။
ဒီအပြင် ဇာတ်ကားထဲမှာ “ 七国山 Shichikokuyama” ဆိုတဲ့ဒေသတစ်ခုပါဝင်ပေမဲ့၊ “ 八国山Hachikokuyama” ဆိုတဲ့ဒေသကလက်တွေ့ Tokorozawa မှာရှိနေပြန်ပါတယ်။


စကားမစပ် ဖြစ်သွားခဲ့တဲ့ Sayama မှုခင်းက Tokorozawa မြို့ရဲ့အနီးလေးတင်ပါ…..။
ဒါကြောင့် ဇာတ်အိမ်တည်နေရာက Tokorozawa အပြင်၊ ပုံစံတူနေတဲ့ Sayama မှုခင်းပဲဆိုတာ မလွဲနိုင်ပါဘူး….

 

မှုခင်းဖြစ်ရပ်ရဲ့ သားကောင်သည်လည်း ညီအစ်မနှစ်ယောက်ဖြစ်နေ
ဇာတ်လမ်းထဲမှာတော့ အသက် ၁၂ နှစ်အရွယ် Satsuki နှင့် အသက် ၄ နှစ်အရွယ် ညီမဖြစ်သူ Mei …
ဖြစ်ရပ်မှန်သေဆုံးသွားသူကတော့ မောင်နှမ ၄ ယောက်ရှိတဲ့အထဲ ညီမလေး ၂ ယောက်…
မှုခင်းဖြစ်တဲ့အချိန် သေဆုံးသူတို့မှာ အသက် ၁၆ နှစ်အရွယ်မိန်းကလေးနဲ့၊ အသက် ၂၃ နှစ်အရွယ် အမဖြစ်သူတို့ ဖြစ်ပါတယ်…
အသက်မကိုက်ညီပေမဲ့၊ ညီအစ်မဖြစ်နေတာကတော့ တိုက်ဆိုင်လွန်းပါတယ်။

ဒီအပြင် ဇာတ်လမ်းထဲက အမဖြစ်သူ Satsuki ရဲ့နာမည်ဟာ ဂျပန်ဘာသာစကားမှာ 皐月(5月/5လပိုင်း)လို့အဓိပ္ပါယ်ရတယ်….
Mei ဆိုတာ May !!
သူလည်း မေလ ကိုပဲဆိုလိုနေတယ်…..
Sayama မှုခင်းဟာ ၅ လပိုင်းမှာဖြစ်ပွားခဲ့ပါတယ်။

 

ဒါက Totoro ရဲ့ပထမဆုံးပိုစတာဖြစ်ပါတယ်…

ကောင်မလေးက တစ်ယောက်တည်း….
Satsuki လည်းမဟုတ်၊ Mei လည်းမဟုတ်တဲ့ ထူးဆန်းတဲ့အသက်အရွယ် !!
ဒါဟာ ဖြစ်ရပ်မှန်နဲ့ဆင်လာတယ်မဟုတ်ဘူးလား?

 

အရိပ်ပျောက်နေတယ်?

ဒီ animation ကိုကြည့်လိုက်ရင်သိရမှာပါ…
Mei ဟာ ပျောက်သွားတဲ့ နောက်ပိုင်းကစပြီး…
Satsuki ကလည်း ကြောင်ဘတ်စ်ကားကိုစီးလိုက်တဲ့အချိန်ကနေစပြီး၊ ၂ ယောက်လုံးမှာ အရိပ်မပါလာတော့ပါဘူး….
ပုံဆွဲသူရဲ့အမှားလား?… သေဆုံးကြောင်းကိုဖော်ပြဖို့အတွက် ချန်ထားခဲ့ခြင်းပဲလား…..?

 

ခြေနင်းဖိနပ်ရဲ့ လျှို့ဝှက်မှု
Mei ပျောက်သွားပြီး ဖိနပ်တစ်ဖက်ပေါ်လာတဲ့ အခန်းရှိပါတယ်။
Satsuki ကသေချာကြည့်ပြီး Mei ရဲ့ဖိနပ်မဟုတ်ဘူးလို့ပြောလိုက်ပေမဲ့၊ ဒါဆို ဒါကဘယ်သူ့ဖိနပ်လဲ?
Sayama ဖြစ်ရပ်ကို သတိထားမိပါသလား?

 

ညီအစ်မ ၂ ယောက်လုံးကို မမြင်ရတဲ့မိဘ
Satsuki နဲ့ Mei ဟာ မိခင်ရဲ့ဆေးရုံအခန်းထဲကို ပြောင်းဖူးပို့ပေးလိုက်ပါတယ်။
ဒါပေမဲ့ ဘာကြောင့်ဆေးရုံအခန်းထဲကို မရောက်ရတာလဲ?
နောက်ပြီး မိဘတွေကလည်း သူတို့ ၂ ယောက်ကို ဘာကြောင့်မမြင်ရတာလဲ?

 

မူလအကြောင်းအရာတစ်ခုရှိတယ်

 

ဒါဟာတော်တော်လေးကို လေးနက်တဲ့အကြောင်းအရာတစ်ခုပါ…
ဒီမှာတော့ ခေတ်ကာလနောက်ခံက 1950 ခုနှစ်အသွင်ဖော်ထားတာကြောင့် ခေတ်အနည်းငယ်လွဲနေပါတယ်။
မိန်းကလေးငယ်ငယ်လေး Satsuki နဲ့ Mei တို့ရဲ့ ငရဲပြည်ခရီးစဥ်ကို ဖော်ပြထားပါတယ်။

မိခင်ဖြစ်သူသေဆုံးသွားပြီးတဲ့‌နောက် သားအဖ ၃ ယောက် ရွာဘက်ကိုအိမ်ပြောင်းရွေ့လာခဲ့ပေမဲ့၊ ပတ်ဝန်းကျင်က သူတို့ကိုလက်မခံဘဲ အမျိုးမျိုးညှင်းဆဲခဲ့ပါတယ်။
ဖခင်ဖြစ်သူက စိတ်ရောဂါရသွားပြီး၊ ညီအစ်မလေး ၂ ယောက်ကို တင်းကျပ်စွာရိုက်နက်ပါတော့တယ်။

အဲ့ဒီလို သူတို့ ၂ ယောက်ရဲ့အရှေ့ကိုပေါ်လာတာကတော့ သေဆုံးသူတို့ကမ္ဘာက Totoro ပဲဖြစ်ပါတယ်။
Totoro ဟာ မိခင်ဖြစ်သူနဲ့တွေ့ဖို့ဆိုရင် တမလွန်လောကကို လိုက်သွားဖို့နည်းကလွဲပြီးမရှိဘူးလို့ လမ်းညွှန်ပေးလိုက်ပြီး၊ အဲ့ဒီနောက် Mei ဟာ သတ်သေသွားပါတယ်။
Satsuki ကတော့ အင်မတန်ကြီးမားတဲ့ ကြောင်တစ္ဆေရဲ့စားသောက်ခြင်းကိုခံလိုက်ရကာ၊ အဲ့ဒီကနေစပြီး ငရဲပြည်ခရီးစဥ်ဟာ အစပြုလာပါတယ်။

နိဂုံးချုပ်ပြောရရင် တမလွန်လောကနေပြန်ရောက်လာခဲ့ပေမဲ့၊ ၂ ယောက်လုံးရဲ့ခန္ဓာကိုယ်ဟာ မရှိတော့တာကြောင့် ပုံမှန်ဘဝကိုပြန်မသွားနိုင်တော့ပါဘူး။

ဒီအကြောင်းအရာလေးရဲ့ခေါင်းစဥ်ကလည်း My Neighbor Totoro ပဲ……။
နာမည်လည်းတူနေပေမဲ့၊ သူ့မှာတော့ Kanji စကားလုံးပါဝင်တာလေးကပဲ ကွဲပြားသွားပါတယ်။

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: