စစ်တပ်ရဲ့တောင်းဆိုမှုကို လျစ်လျူရှုပြီး၊ အနာဂတ်ဂျပန်လူမျိုးအတွက် ဘရူနိုင်းကိုထောက်ပံ့ပေးခဲ့သောပုဂ္ဂိုလ်

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ဟာအာရှဘက်ကိုနယ်ချဲ့ပြီး သိမ်းပိုက်ခဲ့တဲ့နယ်မြေတွေကို ၎င်းရဲ့အုပ်ချုပ်မှုအောက်မှာထားခဲ့ကြပါတယ်။
အရှေ့တောင်အာရှရဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ ဘရူးနိုင်းဟာလည်းထိုကဲ့သို့ပဲ ဂျပန်အုပ်ချုပ်မှုအောက်ကိုရောက်သွားပြီး၊ ဂျပန်ရဲ့စီရင်စုတစ်ခုတောင်ဖြစ်လာခဲ့ပါတယ်။
ထိုဒေသမှာ အလွန်တက်ကြွစွာပါဝင်ပြီး၊ ဒေသတွင်းမှာပဲနာမည်ကြီးလာတဲ့ ဂျပန်လူမျိုးတစ်ဦးရှိခဲ့တယ်။

အောက်ပါဓါတ်ပုံရဲ့ ဘယ်ဘက်အရှေ့မှာထိုင်နေတဲ့ပုဂ္ဂိုလ်ကတော့ အခုပြောပြမယ့်ဇာတ်လိုက် 木村強(きむら つよし)Kimura Tsuyoshi ဆိုသူပဲဖြစ်ပါတယ်။
1942 ခုနှစ်၊ အသက် 42 နှစ်မှာ ဘရူနိုင်းရဲ့ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် ဂျပန်ကနေစေလွှတ်ခံရတဲ့ အစိုးရဝန်ထမ်းဖြစ်ပါတယ်။

 


https://kahoku.news/articles/20210319khn000044.html

ဂျပန်တွေရောက်မလာခင်မှာဘရူနိုင်းဟာ အင်္ဂလိပ်တို့လက်ထဲမှာရှိပါတယ်။
တိုင်းပြည်ငယ်လေးဖြစ်ပေမဲ့၊ သဘာဓါတ်ငွေ့နဲ့ရေနံထွက်တာကြောင့်ပစ်မှတ်ထားခံရပြီး၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းခံခဲ့ရပါတယ်။
သဘာဝသယံဇာတထွက်တဲ့တိုင်းပြည်ဖြစ်သော်လည်း ဒါကပဲတိုင်းသူပြည်သားတွေကို ဒုက္ခတွင်းနက်စေခဲ့ပါတယ်။

ဗြိတိသျှတွေပြောင်းသွားပြီး ဂျပန်လက်အောက်ရောက်လာပြန်တော့လည်း၊ ထိုဒေသရှိလူတွေက နောက်ထပ်ဒီလိုပဲကြုံရအုံးမှာပဲလို့ ရန်သူလိုသဘောထားခဲ့ကြပါတယ်။
ဒါပေမဲ့ Kimura ဆိုသူကတော့ ဒီမကောင်းတဲ့ပုံရိပ်ဆိုးကို ပယ်ဖျက်နိုင်ခဲ့ပါတယ်။

ပထမဆုံး ဘရူနိုင်းဘုရင်ထံနှုတ်ခွန်းဆက်သဖို့သွားပြီး၊ ဒူးထောက်ကာနှုတ်ဆက်လိုက်ချိန်မှာ အားလုံးအံ့သြသွားကြတယ်…
နောက်ပြီး ဘုရင်ထံမှာ ဘရူနိုင်းလူမျိုးထူးချွန်တဲ့ဝန်ထမ်းတစ်ဦးကို အတွင်းရေးမှူးအဖြစ်ခန့်အပ်ချင်ကြောင်း တောင်းဆိုပြီး အရင်ဆုံးဘရူနိုင်းအကြောင်းကို အသေးစိပ်ကျကျသိချင်ပါတယ်လို့ တောင်းပန်ခဲ့ပါတယ်။

နောက်ထပ်ခြေလှမ်းအနေနဲ့ Kimura စံဦးတည်ခဲ့တာကတော့ ရေနံနဲ့သဘာဝဓါတ်ငွေ့ စက်ရုံသို့မဟုတ်ဘဲ၊ ဆင်းရဲတဲ့ပြည်သူတွေနေထိုင်ရာ မြို့ ပဲဖြစ်ပါတယ်။
ဆင်းရဲပြီးဒုက္ခရောက်နေတဲ့ပြည်သူတွေနဲ့ ၎င်းတို့ရဲ့ပတ်ဝန်းကျင်က သစ်တောဆီသွားခဲ့တယ်။
သူဟာ ထိုသစ်တောတွင်းရှိသစ်ပင်အများစုဟာ ရော်ဘာပင်တွေဖြစ်နေမှန်း ရှာတွေ့ခဲ့ပြီး, ရော်ဘာဥယျာဥ်ကိုပြုလုပ်လိုက်ပါတယ်။
ရော်ဘာဥယျာဥ်မှာ ဘရူနိုင်းလူမျိုးကိုပဲအလုပ်သမားအဖြစ်ခန့်အပ်တဲ့အပြင် လစာကိုပါအသေအချာပေးခဲ့တယ်။
သိမ်းပိုက်ထားတဲ့နိုင်ငံဆိုပြီး သဘောမထားခဲ့ပါဘူး…

ဒီအပြင် လခတွေပေးပြီးနောက် ကျန်တဲ့ငွေကို စာသင်ကျောင်း၊ ဆေးရုံစတဲ့ တိုင်းပြည်ရဲ့အခြေခံကျတဲ့အဆောက်အဦးများဖွံ့ဖြိုးတိုးတက်မှုမှာ အသုံးပြုခဲ့ပါတယ်။
သိမ်းပိုက်ခံရတဲ့တိုင်းပြည်မှာ ယခင်အင်္ဂလိပ်တွေကလည်းအတူတူပဲ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကိုပဲ အဓိကထားခဲ့တယ်။
သို့သော် ဂျပန်ကတော့ ဘရူနိုင်းကို ဂျပန်ရဲ့စီရင်စုတစ်ခုအဖြစ်သဘောထားပြီး၊ နောက်ဆုံး ဂျပန်ပြည်သားထဲက လူမျိုးနွယ်တစ်စုအဖြစ်ယူဆတဲ့ ဥပဒေတောင်ရှိခဲ့ပါတယ်။
ဒီလိုတွေးလိုက်မယ်ဆို ဆေးရုံနဲ့ကျောင်းတွေကိုပြင်ဆင်ခြင်းက အခြားသောစီရင်စုများနည်းတူ အညီအမျှဖြစ်စေဖို့ရည်ရွယ်ခဲ့တာပဲ ဖြစ်ပါလိမ့်မယ်…။

ဒါပေမဲ့ ခက်ခဲတဲ့ဂျပန်ရဲ့အခြေအနေထဲမှာ၊ ဘရူနိုင်းအားခေါင်းပုံဖြတ်အမြတ်ထုတ်မှုကို ပိုပြီးတိုးမြင့်ဖို့ညွှန်ကြားချက် ထွက်လာခဲ့တယ်။
ဒါပေမဲ့ Kimura တစ်ယောက်ကတော့ ဘရူးနိုင်းအတွက်ပေးဆပ်တာကြောင့်ပဲ, မျက်မှောက်ခေတ်ဘရူးနိုင်းဟာ ဂျပန်ထောက်ခံတဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်။

Kimura ဟာ ၁ နှစ်လောက်သာနေလိုက်ရပြီး၊ မလေးရှားသို့ပြောင်းရွေ့ခံလိုက်ရရင်း ထိုနေရာမှာပဲ စစ်ပွဲပြီးသွားခဲ့ပါတယ်။

ထိုအချိန်မှာတိုင်းပြည်ကိုပြန်ရောက်လာတဲ့ Kimura ကိုရှာဖို့ ဘရူးနိုင်းဘုရင်ရဲ့ သံတမန်ဟာ ဂျပန်ကိုရောက်လာခဲ့တယ်။
ဒါပေမဲ့ Kimura ကိုရှာမတွေ့ခဲ့ပါဘူး။ ဒါနဲ့ပဲ တစ်ချိန်ကဘရူနိုင်းကိုရောက်ဖူးတဲ့ ဂျပန်ကုန်သွယ်ရေးကုမ္ပဏီကပုဂ္ဂိုလ်တစ်ဦးဆီကို ဘရူနိုင်းဘုရင်ကနေ Kimura ဆီရေးတဲ့စာကို တစ်ဆင့်ပေးလိုက်ပြီး၊ ထိုစာဟာ Kimura ဆီရောက်သွားခဲ့ပါတယ်။

စာလက်ခံရရှိတဲ့ Kimura ဟာ ဘရူနိုင်းကိုသွားရောက်လည်ပတ်ပေမဲ့၊ ထိုအချိန်ရဲ့ဘရူနိုင်းဘုရင်ဟာ တစ်ချိန်က Kimura ပထမဆုံးအတွင်းရေးမှူးအဖြစ်ခန့်အပ်ခဲ့တဲ့ ပုဂ္ဂိုလ်ပဲဖြစ်နေပါတော့တယ်။

ဘုရင်က Kimura ကို နောက်တစ်ကြိမ်ဘရူနိုင်းမှာ အလုပ်လာလုပ်စေချင်ကြောင်းတောင်းဆိုပေမဲ့၊ အလုံလောက်ကြွယ်ဝချမ်းသာလာတဲ့ဘရူနိုင်းမှာ မိမိတတ်နိုင်တာဘာမှမရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ဘာကြောင့် ဒီလောက်အထိ ဘရူနိုင်းအတွက် ‌ပေးဆပ်ခဲ့တာလဲ..
ဒါနဲ့ပတ်သက်ပြီး Kimura ဒီလိုပြန်ဖြေခဲ့ပါတယ်။

“ ဂျပန်လူမျိုးရဲ့အပြုအမှု၊ လုပ်ရပ်ဟာ နောက်မျိုးဆက်သစ်မှာ လှောင်ရယ်ခံရ၊ဝေဖန်ခံရတာမျိုး မဖြစ်ရအောင် ,
ကိုယ့်ဂုဏ်သိက္ခာကိုထိန်းသိမ်းပြီး၊ ဂျပန်အပေါ်နိုင်ငံတကာယုံကြည်မှု မြင့်မားလာစေချင်လို့ပဲ…”

ဒီလိုအတွေးကိုရင်ဝယ်ပိုက်ပြီး ကမ္ဘာမှာတက်ကြွစွာလှုပ်ရှားခဲ့တဲ့ ဂျပန်လူမျိုးတွေ ထိုအချိန်ကရှိခဲ့ပါတယ်။
ရလဒ်အနေနဲ့ ဂျပန်ဟာကမ္ဘာကြီးရဲ့ယုံကြည်မှုကို ရရှိလိုက်ပါတယ်။

မိမိအကျိုးကိုသာမကြည့်ဘဲ၊ အနာဂတ်ကိုလက်ဆင့်ကမ်းနိုင်မယ့် ယုံကြည်မှုကိုရရှိခြင်းက အောင်မြင်ခြင်းရဲ့လမ်းကြောင်းပဲဖြစ်တယ်….
အဲ့ဒီအချိန်က ကမ္ဘာကြီးကလည်းပြောင်းလဲမှုကြီးဖြစ်ပြီး, စစ်ပွဲနဲ့သိမ်းပိုက်ခြင်းဆိုတဲ့စကားလုံးဟာ ပျောက်ကွယ်လာပေမဲ့၊
ယခုသင်ဟာအလားတူအတွေးမျိုးနဲ့ ကမ္ဘာကြီးကိုသေချာပေါက် ပြောင်းလဲပစ်နိုင်ပါတယ်…..။

လက်ရှိဂျပန်က အဲ့ဒီလောက်အထိတော့ မတတ်နိုင်သေးပါဘူး။
ဂျပန်နဲ့အတူ မြန်မာလည်း၊ ဒီလိုအတွေးကိုလက်ကိုင်ထားပြီး, ကမ္ဘာကြီးဆီသို့ခုန်ထွက်မယ့်လူမျိုးကို ပြုစုပျိုးထောင်သွားကြပါစို့ …..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: