နှစ် ၁၀၀ မတိုင်ခင်ကနေ့ရက်တွေဟာ ၂၀၂၁ ခုနှစ်နဲ့ထပ်တူကျနေ

ကိုရိုနာဟာ ကမ္ဘာတစ်ဝှမ်းကိုကူးစက်ပျံ့နှံ့သွားပြီး Mask မပါရင်အချင်းချင်းတွေ့ဆုံဖို့ခက်ခဲသလို၊ အပြင်လည်းထွက်မရတဲ့ခေတ်ဆီသို့ တစ်ကြော့ပြန်စေခဲ့တယ်..
New Normal ဆိုတဲ့စကားလုံးက ဒီနောက်ပိုင်း ပုံမှန်အသိတရားတစ်ခုဖြစ်လာပါတယ်။

နေ့တဓူဝ ဒီလိုအသက်ရှုရခက်မယ်သာဆိုရင်တော့…မလွယ်ဘူး…
လို့တွေးနေသူတွေ အများကြီးရှိမယ်လို့ထင်ပါတယ်။
ဒါဟာအနာဂတ်မှာလည်း တောက်လျှောက် ဒီလိုပဲဖြစ်သွားတော့မှာလား?

အဖြေကိုမသိရပေမဲ့၊ စိတ်ဝင်စားဖို့ကောင်းတဲ့ လွန်ခဲ့သောနှစ် ၁၀၀ မတိုင်ခင်က ဓါတ်ပုံကိုရှာတွေ့ခဲ့ပါတယ်။

 

https://www.huffingtonpost.jp/entry/color_jp_602253f9c5b689330e3264b3

 

1920 ခုနှစ်ကရိုက်ကူးခဲ့တဲ့ဓါတ်ပုံကို အရောင်ပြန်ထည့်လိုက်ခြင်းဖြစ်ပါတယ်။
1918 ခုနှစ်လောက်က ကမ္ဘာတစ်ဝှမ်းမှာ စပိန်တုပ်ကွေးဆိုတဲ့ရောဂါတစ်မျိုးပေါ်လာပြီး၊ ဒီရောဂါဟာ တစ်ကမ္ဘာလုံးရှိ လူပေါင်း ၂၅ သန်းခန့်ကိုသေဆုံးစေခဲ့တဲ့ ရောဂါဖြစ်ပါတယ်။
1920 ခုနှစ်ကတော့ ဂျပန်မှာ တတိယလှိုင်းရောက်လာခဲ့တဲ့အချိန်လောက်ကပေါ့….။

အဲ့ဒီအချိန်ကလည်း ယခုလိုပါပဲ၊ Mask မဖြစ်မနေတပ်ရမယ်ဆိုတဲ့ ပုံမှန်အသိတရားအသစ်တစ်ခုက တစ်ကမ္ဘာလုံးကိုပျံ့နှံ့သွားခဲ့ပါတယ်။

တစ်နည်းအားဖြင့် New Normal လို့ပြောနေခဲ့တဲ့စကားလုံးဟာ တကယ်တော့ နှစ် ၁၀၀ မတိုင်ခင်မှာလည်းရှိခဲ့တဲ့ အကြောင်းအရာတစ်ခုဖြစ်ပါတယ်။
အသစ်အဆန်းမဟုတ်တော့ပါဘူး..အဲ့ဒီလို Mask တပ်ရတဲ့ပုံမှန်အသိတရားတစ်ခုဟာ စပိန်တုပ်ကွေးကူးစက်ခံရသူတွေနည်းသွားတာနဲ့လိုက်ပြီး ပျောက်ကွယ်သွားပါတယ်။

သမိုင်းကြောင်းကပဲတစ်ကြော့ပြန်လာတယ်လို့ ပြောရမလား…

2021 ခုနှစ်မှာနေထိုင်နေတဲ့ ကျွန်တော်တို့ရဲ့ပုံရိပ်ကိုကြည့်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၁၀၀ ကျော်ကလူတွေ ဘယ်လိုများတွေးနေကြမလဲ?
အဲ့ဒီခေတ်က ကျွန်တော်တို့လူမဖြစ်သေးပေမဲ့၊ သမိုင်းတစ်ကြော့ပြန်ကိုမီတယ်ဆိုတော့ ကံကောင်းတာလား? ကံပဲဆိုးတာလား? မပြောတတ်ဘူးနော်…

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: