၂၀၁၉ ခုနှစ်တွင် ဒုက္ခသည် 0.4% ကိုသာအသိအမှတ်ပြုခဲ့တဲ့ ဂျပန်နိုင်ငံ

ဂျပန်ဟာ နိုင်ငံခြားသားဝင်ခွင့်အလွန်တင်းကျပ်တဲ့ ထိပ်သီးနိုင်ငံတွေထဲမှာပါဝင်ပါတယ်။
နူးညံ့သိမ်မွေ့တဲ့ပင်ကိုစရိုက်နဲ့ ရန်ဖြစ်တိုက်ခိုက်ခြင်းကိုမုန်းပေမဲ့၊ နိုင်ငံခြားသားတွေကိုကြောက်တဲ့ရောဂါရှိတာကိုတော့ တော်တော်များများသိပြီးသားဖြစ်မှာပါ။

ဒီအတွက် ဒုက္ခသည်များလက်ခံခြင်းမှာလည်း အတော်လေးတက်ကြွမှုမရှိတဲ့တိုင်းပြည်ဖြစ်တယ်.
0.4% လေးသာ
ဒါဟာ ၂၀၁၉ ခုနှစ်မှာ ဂျပန်ကအသိအမှတ်ပြုခဲ့တဲ့ ဒုက္ခသည်အသိအမှတ်ပြုရာခိုင်နှုန်းဖြစ်ပါတယ်။
case နဲ့ဆို ၄၄ case ပေါ့…
ကျန်တဲ့ 99.6% ကတော့ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုမခံရဘဲ၊ မိခင်နိုင်ငံကိုပြန်ပို့ခံရတယ်။

ဒါဟာဘယ်လောက်တောင်နည်းသလဲ သိဖို့အတွက်၊ အခြားသောနိုင်ငံတွေကိုဥပမာပေးကြည့်မယ်။
Canada 55.7%
United Kingdom 46.2%
USA 29.6%

ကဲ ဘယ်လိုထင်ပါသလဲ? ဂျပန်ရဲ့ 0.4% ဆိုတာအရမ်းနည်းတဲ့အရေအတွက်ဖြစ်မှန်းသိပြီလို့ ထင်ပါတယ်။

ဘာကြောင့်ဒီလိုဖြစ်နေရသလဲ?
အကြောင်းကတော့ ဂျပန်လူမျိုးတို့ရဲ့ နိုင်ငံခြားသားအပေါ် အကြောက်တရားပဲ ဖြစ်ပါတယ်။

 

 

ဂျပန်ဟာနှစ်ပေါင်းများစွာ တသီးပုဂ္ဂလနိုင်ငံအဖြစ်နေလာခဲ့ပါတယ်။
ဆာမူရိုင်းခေတ်၊ အာရှတစ်ခွင်မှာ အနောက်နိုင်ငံတွေရဲ့ ကိုလိုနီအုပ်ချုပ်ရေးလွှမ်းမိုးခဲ့ပေမဲ့၊ သူတို့တွေရဲ့မဟာဗျူဟာက ခရစ်ယာန်သာသနာဆိုတဲ့ရည်ရွယ်ချက်နဲ့ဝင်ရောက်လာပြီး, သေနတ်စတဲ့ခေတ်ပေါ်လက်နက်များနဲ့ ခြိမ်းခြောက်ပြီးနယ်ချဲ့ခဲ့ကြပါတယ်။

အဲ့ဒီကနေစပြီး၊ နိုင်ငံခြားသားတွေရဲ့ အလျှိုလျှိုဝင်လာခြင်းကို ငြင်းဆန်ခဲ့ကြတယ်။
အဲ့ဒါရဲ့ရလဒ်ကြောင့် ဂျပန်ဟာကိုယ်ပိုင်ယဥ်ကျေးမှုကို ဖန်တီးလာခဲ့ကြပေမဲ့၊ သူ့ရဲ့ဆန့်ကျင်ဘက် မကောင်းတဲ့ဘက်အခြမ်းမှာတော့၊ နိုင်ငံခြားသားကို ကြောက်တတ်တဲ့ရောဂါစလာခဲ့ပါတော့တယ်။

ဒါကိုချိုးဖောက်လိုက်တာက‌တော့ အမေရိကန်..။
အမေရိကန်ဟာ လွှမ်းမိုးနိုင်စွမ်းကိုပြသပြီး, တိုင်းပြည်ကိုအတင်းအကျပ် ဖွင့်လှစ်စေခဲ့ပါတယ်။

ထိုရလဒ်ကိုအားလုံးသိကြတဲ့အတိုင်း၊ အနောက်နိုင်ငံတွေရဲ့ ကိုလိုနီအုပ်ချုပ်ရေးကနေ လွတ်မြောက်ဖို့အတွက်၊ နှံ့နှံ့စပ်စပ်တော်လှန်ကြပေမဲ့၊ ဒုတိယကမ္ဘာစစ်ကြီးမှာ အရေးနိမ့်သွားပါတယ်။

အဲ့ဒီလိုဂျပန်နိုင်ငံမှာ ဒုက္ခသည်တွေကိုဘယ်လိုကိုင်တွယ်ကြသလဲ စာဖတ်သူတို့သိပါသလား?
ဗီဇာသက်တမ်းကုန်သွားပြီး တရားမဝင်ဆက်လက်နေထိုင်ခြင်းနဲ့၊ သင်္ဘောနဲ့တရားမဝင်တိုင်းပြည်တွင်းဝင်လာပြီး အဖမ်းခံရတဲ့နိုင်ငံခြားသားတွေကို လူဝင်မှုကြီးကြပ်ရေးဗျူရိုထိန်းသိမ်းရေးစခန်း ကိုခေါ်ဆောင်သွားကြပါတယ်။

ဒီစခန်းဟာ အကျဥ်းထောင်ထက်ကိုပိုဆိုးတယ်ဆိုပြီး ကောလဟလတွေထွက်ပါတယ်။
ပြင်ပနဲ့ဆက်သွယ်နိုင်မယ့်တစ်ခုတည်းသောနည်းကတော့ အများပြည်သူသုံးဖုန်းနဲ့ စာပို့ခြင်းသာဖြစ်ပါတယ်။
လေ့ကျင့်ခန်းအချိန်ကလည်း ၁ ရက်အများဆုံး ၁ နာရီကြာအထိ
လုံလောက်တဲ့ဆေးဝါးကုသမှုလည်းမခံရဘဲ၊ ဖျားနာပြီးသေဆုံးသူများစွာရှိတယ်။

ဘယ်အချိန်ထိ ဒီစခန်းမှာနေရသလဲဆိုရင်၊ ပုံမှန်အကျဥ်းသားတွေနဲ့မတူဘဲ နှစ်တိတိကျကျသတ်မှတ်ထားခြင်းမျိုး မဟုတ်တာကြောင့်၊ လူဝင်မှုကြီးကြပ်ရေးဗျူရိုရဲ့ စီရင်ချက်ပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲနေပါတယ်။

ဒီလိုအခြေအနေကိုသည်းမခံနိုင်ဘူးဆိုရင် လူအများစုကယာယီလွှတ်ပေးရေးနဲ့ဒုက္ခသည်အသိအမှတ်ပြုရေးကို လျှောက်ကြတယ်။
ဂျပန်မှာသာမန်ဘဝကိုခွင့်ပြုပေးတဲ့ လူနေမှုအဆင့်အတန်းရှိပြီလို့ဆုံးဖြတ်ချက်ချမှတ်ခြင်းခံလိုက်ရပြီဆိုတာနဲ့ ထိန်းသိမ်းရေးစခန်းကနေထွက်နိုင်ပြီး, ယာယီလွှတ်ငြိမ်းခွင့် ခွင့်ပြုချက်ရနိုင်ပါပြီ….။
ဒါပေမဲ့ အဲ့ဒီလိုအခြေခံနေထိုင်မှုအဆင့်အတန်းကိုပိုင်ဆိုင်သူ အရမ်းနည်းပါတယ်။
ကျန်တဲ့လူတွေကတော့ ဒုက္ခသည်အသိအမှတ်ပြုခွင့်ကို ရင်ထဲအသဲထဲကနေတောင့်တရင်း စောင့်နေကြရတာပဲပေါ့…

၂၀၂၁ ခုနှစ် ၃ လပိုင်း၊ Ibaraki စီရင်စုရှိ ထိန်းသိမ်းရေးစခန်းမှာ ၃၃ နှစ်အရွယ် ကဗျာဆရာမတစ်ဦး သေဆုံးသွားခဲ့ပါတယ်။
ဖြစ်စဥ်တိတိကျကျမသိရပေမဲ့၊ မကြာခဏဆက်တိုက်ဆိုသလိုအန်နေခဲ့တယ်။ သို့သော် လုပ်ပေးသင့်တာကိုမလုပ်ပေးခဲ့ကြဘူးလို့ သိရပါတယ်။

သူမမိတ်ဆွေဟာ ထိန်းသိမ်းရေးစခန်းဆီ သွားတွေ့ခဲ့ပေမဲ့၊ မိနစ် ၃၀ လောက်ပဲတွေ့ခွင့်ရခဲ့တယ်။
ကင်မရာ၊ အသံသွင်းစက်နဲ့ စမတ်ဖုန်းယူဆောင်သွားခြင်း တားမြစ်ထားတယ်။
ဒီအပြင် တွေ့ဆုံမှုမှာ ဝန်ထမ်းနဲ့အတူထိုင်ရပါတယ်။

ကမ္ဘာမှာ လုံခြုံမှုအရှိဆုံးနိုင်ငံလို့ ပြောနေကြတာတောင်…..

နိုင်ဂျီးရီးယားကနေရောက်လာတဲ့ အသက် ၃၃ နှစ်အမျိုးသားတစ်ယောက်ရဲ့ပြောပြချက်…
သူဟာမိခင်တိုင်းပြည်မှာ တောင်လှန်ရေးလှုပ်ရှားမှုအတွင်း ပါဝင်ခဲ့တဲ့အတွက် ပြည်ပထွက်ပြေးဖို့လိုအပ်လာတယ်။ ဒါနဲ့သွားခဲ့တဲ့နေရာ ဂျပန်ပြည်ကိုတဲ့…..
လက်ရှိကတော့ ထိန်းသိမ်းရေးစခန်းမှာနေထိုင်နေပါတယ်….

ဒါပေမဲ့ ထိန်းသိမ်းရေးစခန်း ပို့ခံရမယ်ဆို တော်သေးတယ်လို့ပြောရမယ်…..။
ပြည်နှင်ဒဏ်ပေးခံရပြီဆိုရင်တော့ ချက်ချင်းမိခင်တိုင်းပြည်ကိုပြန်ပို့ပါတော့တယ်….

ထိုနေရာမှာသူတို့ကိုစောင့်ကြိုနေတာက အများဆုံးအခြေအနေကတော့ သေဒဏ်ဖြစ်ပါတယ်။
ဒါကိုသိသိကြီးနဲ့ ပြည်နှင်ဒဏ်ပို့ခံရတဲ့ case ပေါင်းအများကြီးပါ…

ဂျပန်ဟာ နိုင်ငံခြားသားကို မစောင့်ရှောက်ပေးပါဘူး…..

ဒီလိုကြောက်စရာကောင်းတဲ့အခြေနေကို ကုလသမဂ္ဂကလည်းသတိပြုမိပြီး၊ ဂျပန်လူဝင်မှုကြီးကြပ်ရေးဥပဒေကို ပြန်လည်ပြင်ဆင်ဖို့တွန်းအားပေးပါတယ်။
ဒါပေမဲ့ ဒီပြင်ဆင်မှုမှာ ပြဿနာရှိနေပြန်တယ်။

ဒုက္ခသည်လျှောက်လွှာတင်ခြင်းကို ၃ ကြိမ်အထိသာ ကန့်သတ်ထားပါတယ်။
အဲ့ဒါထက်ကျော်သွားရင်တော့ ပြည်နှင်ဒဏ်ပေးခံရပါတယ်..။
မိခင်တိုင်းပြည်ပြန်ရောက်ရင် အသက်အန္တရာယ်ရှိတယ်ဆိုတာ သိနေပေမဲ့လည်းလို့ပေါ့…..

မှန်ကန်သောနည်းနဲ့ဂျပန်ပြည်တွင်းမဝင်၊ ချမှတ်ထားတဲ့စည်းကမ်းကိုမလိုက်နာဘူးဆိုရင် ဒီအတိုင်းဖြစ်မှာ အသေအချာပါပဲ…
ဘာပဲဖြစ်ဖြစ်အားလုံးကိုလက်ခံလိုက်ရင်တော့၊ ဂျပန်ရဲ့ လုံခြုံရေးအတွက်လည်း စိန်ခေါ်မှုဖြစ်လာမှာပါ….
အဲ့ဒီလိုလုပ်ရုံအပြင်မရှိတဲ့ ကိစ္စတွေလည်းရှိနေလို့ဖြစ်ပါတယ်။

မင်း..“ ကိုယ့်တိုင်းပြည်ကိုယ်ပြန်၊ အဲ့မှာသေလည်း ငါတို့နဲ့မဆိုင်ဘူး” ဆိုပြီး ပြောထွက်ပါသလား?

ခေတ်တွေပြောင်းသွားပါပြီး၊
ကမ္ဘာတစ်ဝှမ်းကတိုင်းပြည်တွေ လက်တွဲပူးပေါင်းဖို့လိုအပ်လာတဲ့ ခေတ်ပါ…
ဂျပန်ကတော့ ဒီပြဿနာကို ပိုပြီးထိထိရောက်ရောက်မကိုင်တွယ်ရင် ‌ပြောင်းလဲအုံးမှာမဟုတ်ဘူးနော်….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: