လုပ်ချင်စိတ်ပျောက်သွားပြီလား? တိုကျိုအိုလံပစ်ဘယ်လိုဖြစ်သွားပြီလဲ?

2021 ခုနှစ် 7 လပိုင်း 23 ရက်နေ့…
၁ နှစ်ရွေ့ဆိုင်းလိုက်ရတဲ့ တိုကျိုအိုလံပစ်ကို ပြန်လည်ကျင်းပဖို့လုပ်နေကြပါတယ်။

ဒါပေမဲ့ ဂျပန်ပြည်တွင်း၊ ဂျပန်အစိုးရရဲ့အဓိပ္ပါယ်မရှိတဲ့ ကိုရိုနာကာကွယ်တားဆီးမှုကြောင့် ကိုဗစ်ဟာသက်ဆိုးရှည်စွာကျယ်ပြန့်နေတယ်။
စာရင်းကောက်မနိုင်တော့လောက်အောင် လူနာတွေများလွန်းနေပါတယ်။

အနောက်နိုင်ငံအပြင် အန္ဒိယနဲ့ခြားနားတဲ့သေဆုံးသူအရေအတွက် အလွန်နည်းတာနဲ့၊ ဒီဂျပန်အစိုးရရဲ့ ကိုးရိုးကားယားနိုင်မှုမှာ ပြည်သူတွေစိတ်ဆိုးဒေါသထွက်နေကြပြီး, လူများစွာကအစိုးရထုတ်တဲ့ဥပဒေကိုတောင် စပြီးလျစ်လျူရှုလာကြပါတယ်။

ထိုအခြေအနေထဲမှာတော့ တိုကျိုအိုလံပစ်ဟာ ပြန်လည်ကျင်းပဖို့အလားအလာရှိနေပါတယ်။
ပြည်သူလူထုထက်ဝက်လောက်က ရပ်ဆိုင်းဖို့မျှော်လင့်နေကြပေမဲ့၊ အစိုးရနှင့်တကွသက်ဆိုင်သူတို့ကတော့ အတင်းအကျပ်ရှေ့ဆက်တိုးဖို့လုပ်လာတယ်။
ဒီအစိုးရနဲ့ ပြည်သူကြားဆက်ဆံရေးဟာကင်းကွာလာရင်း, အိုလံပစ်ရဲ့ စီစဥ်မှုဟာ ဒုက္ခရောက်လာပါတော့တယ်။

Volunteer staff များမစုစည်းနိုင်ခြင်း
စေတနာ့ဝန်ထမ်းလုပ်အားပေးသူတွေဟာ အိုလံပစ်မှာအတူပူးပေါင်းဖို့ရောက်လာခဲ့ကြပေမဲ့၊ မိမိတို့ကအခမဲ့ ဒါမှမဟုတ် အလွန်နည်းတဲ့ငွေပမာဏနဲ့ဆောင်ရွက်ပေးကြတာတောင် အချို့လုပ်ငန်းတွေကတော့ တော်တော်လေးမြတ်နေတာကြောင့် မကျေမနပ်ဖြစ်ကြတယ်။
နောက်ပြီး နိုင်ငံရေးသမားတစ်ယောက်ရဲ့ “ စေတနာ့ဝန်ထမ်းမလုံလောက်ရင် ထပ်ခေါ်လို့ရတယ်” လို့ဆိုတဲ့စကားက ယခုတိုင်ဝန်ထမ်းရှားပါးမှုအပေါ်  ဆက်လက်သက်ရောက်မှုကောင်းနေဆဲဖြစ်ပါတယ်။

အစားအစာတွေကအသင့်စား အိုလံပစ်ကျေးရွာလား?
ကစားသမားတွေတည်းခိုကြတဲ့ အိုလံပစ်ကျေးရွာ…
ကမ္ဘာတစ်ဝှမ်းက ကစားသမားတွေစုဝေးလာပြီးပျော်ရွှင်တက်ကြွစွာရောက်လာကြပေမဲ့၊ ကိုရိုနာကပ်ရောဂါကြောင့် ကစားသမားတွေဟာ အိုလံပစ်ကျေးရွာကနေထွက်လာလို့မရဖြစ်နေတယ်။
ကိုရိုနာဖြစ်နေလို့လည်း မတတ်နိုင်ပါဘူး။

ဒါပေမဲ့ အစမ်းလေ့ကျင့်မှုတွေအတွင်းထည့်သွင်းခဲ့တဲ့ အိုလံပစ်ကျေးရွာကို နိုင်ငံခြားသားအသင်း အကြီးအကျယ်စိတ်ဆိုးခဲ့တယ်။
ပြင်ဆင်ထားတဲ့အစားအစာကြောင့်ပါပဲ။ ဒီမှာပါ။

 

 

 

http://blog.livedoor.jp/dqnplus/archives/2008112.html

Convenience store ကထမင်းဗူး။ Cup soup !
အသီးအနှံစားချင်စိတ်နဲ့ convenience store မှာရောင်းတဲ့အသီးကိုမြန်မြန်ဆန်ဆန်ပဲသွားဝယ်လာခဲ့တယ်။
ပထမတန်းအားကစားသမားတွေက သူတို့ရဲ့ခန္ဓာကိုယ်ကျန်းမာရေးကို လုံးဝကရုစိုက်ရမှာဖြစ်လို့ အစားအသောက်ကန့်သတ်ချက်တွေလုပ်ထားသူများစွာရှိပါတယ်။
အဲ့ဒီလူတွေက convenience store ကထမင်းဗူးတွေနဲ့သာဆို ….ဘယ်လိုမှဖြစ်နိုင်စရာအကြောင်းမရှိဘူးနော်……

သည်းမခံနိုင်တော့တဲ့ကစားသမားအချို့ကတော့ Uber eats နဲ့အိုလံပစ်ကျေးရွာထိ မှာယူခဲ့ကြတယ်တဲ့….။

အမှန်တကယ်ဟင်းလျာမှာ ပြဿနာအချို့ရှိနေတယ်။
ထင်တဲ့အတိုင်း ပြိုင်ပွဲကာလအတွင်းအသေအချာလုပ်ထားတဲ့ဟင်းလျာတွေကို ပြင်ဆင်ကြပေမဲ့, အဲ့ဒီနေရာမှာအသုံးပြုတဲ့ ပါဝင်ပစ္စည်းတွေကတော့ အဓိကဖြစ်ပါတယ်။

နျူကလီးယားစွမ်းအင်စက်ရုံမတော်တဆမှုကြောင့် Fukushima စီရင်စုဟာ ယခုထိကိုင်တွယ်ဖြေရှင်းနေရဆဲဖြစ်တယ်။
ထိုFukushima နဲ့အိမ်နီးချင်း  Miyagi စီရင်စုတို့ရဲ့ထုတ်ကုန်တွေကို ဒီအိုလံပစ်မှာ အပြုသဘောနဲ့အသုံးပြုသွားကြမယ်တဲ့…..။
Fukushima နဲ့ Miyagi ကိုထောက်ပံ့အားပေးဖို့လိုအပ်သလို၊ တကယ်စားလည်းပြဿနာမရှိဘူးဆိုတာ ကိန်ဂဏန်းအချက်အလက်အရသက်သေရှိပါတယ်။
ဒါပေမဲ့ အပြုသဘောကြောင့်နဲ့အသုံးပြုမှာပါလို့ အပြောခံရမယ်ဆိုရင်တော့ ဝမ်းသာမယ့်သူရှိပါ့မလား?

လာရောက်လည်ပတ်တဲ့ဧည့်သည်ကို အလွန်ကရုစိုက်တဲ့ “ ဧည့်ဝတ်ကျေပွန်သော” စိတ်ဓါတ်…
ဂျပန်တွေမှာဒီလိုစိတ်ဓါတ်ရှိပါတယ်။
နောက်ပြီး “ ဧည့်ဝတ်ကျေပွန်ခြင်း” ဆိုတဲ့စကားလုံးဟာ ဒီတစ်ကြိမ်အိုလံပစ်အတွက် သော့ချက်စကားလုံးဖြစ်လာပါတယ်။

ဒါပေမဲ့ ဂျပန်အစိုးရနဲ့ အိုလံပစ်ကျင်းပခြင်းဆိုင်ရာပတ်သက်သူတွေကတော့ ဒီ “ ဧည့်ဝတ်ကျေပွန်ခြင်း” ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကို နားလည်ပါ့မလား?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: