လူကိုသွက်ချာပါဒရောဂါအထိဖြစ်စေနိုင်တဲ့ ပန်းတစ်မျိုး

အဆုတ်လိုက်အခိုင်လိုက်ပွင့်တတ်သော ツツジ ပန်းကလေးများ
၄ လပိုင်းဆိုင်တဲ့အသံကိုကြားပြီးလို့မှ မကြာခင်မှာပဲ ဆာကူရာတွေကြွေကျသွားခဲ့ပါပြီး။ အဲ့ဒီအစား ツツジ ဆိုတဲ့ပန်းတွေဟာ နေရာဝင်ယူလာပါတယ်။
သူ့ကို Satsuki လို့လည်းခေါ်ပြီး မေလမှာပွင့်တဲ့ပန်းတစ်မျိုးဖြစ်ပါတယ်။

https://creators.yahoo.co.jp/takemotoakira/0100100700?

 

ပွင့်ဖက် ၅ ရွက်တစ်ဆက်တည်းဖြစ်နေတဲ့ ဒီပန်းကလေးဟာ ရာသီအချိန်ရောက်လာရင်တော့ အားမနာတမ်းအစွမ်းကုန်ပွင့်ပါတော့တယ်။
ဒါနဲ့ ツツジ လို့ပြောလိုက်ရင်ဂျပန်လူမျိုးအများစုကတော့ “ ပန်းဝတ်ရည်” ကိုတန်းပြီးမြင်မိကြတယ်။
ဒီနေ့ခေတ်ကလေးတွေတော့မသိကြပေမဲ့၊ ကျွန်တော်တို့ငယ်ဘဝကဆိုရင် ツツジ ရဲ့ “ ပန်းဝတ်ရည်” ကိုမြိန်ရေရှက်ရေစုပ်ပြီး‌ဆော့ကစားခဲ့ကြတယ်….
အဆုတ်လိုက်ပွင့်နေတဲ့ ツツジ ပန်းတွေကိုအားမနာတမ်းခူးပြီး “ ပန်းဝတ်ရည်” စုပ်ရင်း၊ သူငယ်ချင်းအချင်းချင်း “ ဘယ်သူ့အိမ်ရှေ့အပင်ကတော့ ပန်းတွေအများကြီး!” “ ဘယ်သူ့အိမ်ရှေ့က ツツジ ရဲ့ ဝတ်ရည်ကတော့ အများကြီး!” လို့ပြောရင်း ငယ်ဘဝပျော်စရာအမှတ်တရတွေနဲ့ဖြတ်သန်းခဲ့ကြတယ်။

 

ツツジ ပန်းကိုမြင်လိုက်တာနဲ့ ဝတ်ရည်ကိုစုပ်ချင်လာတဲ့အထိအောင်ချိုပေမဲ့ တကယ်တော့ဒီလိုလုပ်ဖို့တားမြစ်ရမယ့်အချက် ရှိနေပါတယ်။ အဲ့ဒါကတော့ ツツジ ပန်းမျိုးထဲမှာပဲ အပြင်းစားအဆိပ်ရှိတဲ့ အမျိုးအစားတစ်မျိုးပါဝင်နေလိုပါပဲ။

“ ပန်းဝတ်ရည်” ကိုလုံးဝမစုပ်သင့်တဲ့ ツツジ
ဂျပန်ရဲ့နွေဦးအချိန် ကုန်းပြေမြင့်တစ်နေရာဆီကိုသွားမယ်ဆို အနီရောင်တောက်တောက်အဆုတ်လိုက်ပွင့်နေကြတဲ့ ツツジ တို့ကို မြင်ရမှာဖြစ်ပါတယ်။
သူကတော့ レンゲツツジ Renge tsutsuji အမျိုးအစားဖြစ်ပါတယ်။


ဒီ レンゲツツジ အမျိုးအစားဟာ တောရိုင်းမျိုးဖြစ်ပေမဲ့လုလွန်းတဲ့အတွက် မြို့ထဲမှာစိုက်ကြတာကိုလည်း တခါတလေတွေ့ရတတ်ပါတယ်။

レンゲツツジ ရဲ့ပန်းဝတ်ရည်ကအရသာရှိပုံရပေမဲ့ တကယ်ကသူ့မှာ အတော်လေးပြင်းတဲ့အဆိပ်ရှိနေပါတယ်။ သတိလက်လွတ် ပန်းဝတ်ရည်ကိုစုပ်မိလိုက်ရင် ဗိုက်နာကျင်ခြင်းနဲ့ ဝမ်းလျှောခြင်းအပြင် အခန့်မသင့်ရင် လူကိုသွက်ချာပါဒဖြစ်စေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။

သူ့မှာအပြင်းစားအဆိပ်ရှိကြောင်းကိုရှေးကတည်းကသိရပါတယ်။
ဘီစီ ၄ ရာစုနှစ်လောက်က ဂရိနိုင်ငံရှိစစ်သားတွေဟာ ツツジ ပန်းဝတ်ရည်ကနေထုတ်လုပ်ထားတဲ့ ပျားရည်ကြောင့် အဆိပ်သင့်ခဲ့ရတာကိုမှတ်တမ်းတင်ထားပါတယ်။
မကြာသေးမီကလည်း တူရကီမှာ ツツジ ပန်းကနေထုတ်တဲ့ပျားရည်ကိုစားမိပြီး အဆိပ်သင့်ခဲ့တဲ့မတော်တဆမှုလည်း ဖြစ်ပွားခဲ့ပါတယ်။

レンゲツツジ အပြင် သူ့လိုပဲအဆိပ်ရှိတဲ့အခြားသောမျိုးစိတ်တွေရှိပါတယ်။
အဲ့ဒီထဲမှာနာမည်ကြီးတာကတော့ アセビ Asebi ဆိုတဲ့ပန်းတစ်မျိုးဖြစ်ပါတယ်။


ပန်းအိုးထဲမှာအသေ‌အချာလေးစိုက်ကြပြီး အတော်လေးလှတဲ့ပန်းဖြစ်လို့ အဆိပ်ရှိကြောင်းကိုလည်း မေ့ထားလို့တော့မရပါဘူး။

ပန်းဝတ်ရည်တို့ရဲ့ချိုမြိန်မှုကိုနှစ်သက်သဘောကျသူတို့အတွက်တော့ စိတ်မကောင်းစရာပါ။ သို့သော် အချို့ပန်းဝတ်ရည်တို့မှာ အပြင်းစားအဆိပ်ရှိတာကြောင့် သတိထားဖို့လိုအပ်ပါတယ်။

 

Japo Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: