ကိုရိုနာဗိုင်းရပ်စ်နဲ့ အူလမ်းကြောင်းဘက်တီးရီးယားရဲ့ အံ့သြဖွယ်ရာဟန်ချက်

လက်ရှိဂျပန်မှာတော့ Intestinal flora ဆိုတဲ့စကားလုံးကို စပြီးကျယ်ပြန့်စွာအသုံးပြုလာပါပြီ။
အူထဲမှာ သန်းပေါင်းများစွာသောဘက်တီးရီးယားတွေနေထိုင်ပြီး၊ ဒါဟာလုံးဝပန်းခင်းလိုပဲ ဆိုပြီးနာမည်ပေးလိုက်ကြပါတော့တယ်။

 

https://www.biofermin.co.jp/nyusankin/chonaiflora/aboutchoflora/

 

ဒီဟန်ချက်ကိုချိန်ညှိလိုက်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ်နဲ့ အခြားအမျိုးမျိုးသောရောဂါတွေအပေါ်လည်း သက်ရောက်မှုရှိနိုင်မယ်မဟုတ်ဘူးလား? ဆိုတာကိုမြင်လာရပြီ သတင်းအကြောင်းအရာကြီးဖြစ်လာပါတယ်။

 

 

*Intestinal flora ဆိုတာဘာလဲ ?
မကြာသေးမီက အူအတွင်းပိုင်းကိုအကြမ်းအားဖြင့် ၃ မျိုးခွဲခြားထားပါတယ်။
ပထမ ၁ ခုက good bacteria (善玉菌)လို့ခေါ်တဲ့ လူသားတွေအတွက်အကျိုးပြု bacteria
နောက်တစ်ခုက ဆိုးကျိုးဖြစ်စေတဲ့ bacteria (悪玉菌)
နောက်ဆုံးတစ်ခုက 日和見菌(ひよりみきん)Opportunistic fungus ဆိုတဲ့မှိုဖြစ်ပြီး၊ သူတို့ ၃ ခုရဲ့ပတ်သက်မှုက လူသားအဖွဲ့အစည်းနဲ့ အတော်လေးဆင်ပါတယ်။

good bacteria နဲ့ bad bacteria တို့ဟာ တရားမျှတမှုနဲ့မတရားမှုလိုပဲ တိုက်ခိုက်ကြတဲ့ဆက်ဆံရေးမျိုးဖြစ်တယ်။
Opportunistic fungus ကတော့ လူကောင်းနဲ့လူဆိုး ဘယ်သူကအသားစီးရမလဲ စောင့်ကြည့်နေတဲ့သူဖြစ်တယ်။
good bacteria ဟာအသားစီးပဲ? လို့တွေးလိုက်ရင် ထိုဘက်ပါသွားပြီး၊ bad bacteria တို့များလာပြီဆိုရင်တော့ ကိုယ်တိုင်ကလည်းဆိုးကျိုးပြုသူဖြစ်သွားပါတယ်။

ဒီလိုလူမျိုးတွေ ရှိတယ်နော်?
မျက်လုံးနဲ့တောင်မမြင်ရတဲ့ သေးငယ်တဲ့ဘက်တီးရီးယားဟာ တကယ့်ကို Human society လိုအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

good bacteria တွေများလာအောင်ဖန်တီးပေးခြင်းဖြင့် Opportunistic fungus ဟာ good bacteria ကဲ့သို့ဖြစ်သွားပြီး လူသားအကျိုးပြုလုပ်ငန်းစဥ်ကိုလုပ်ဆောင်ရင်း Intestinal flora ရဲ့ဟန်ချက်ကိုချိန်ညှိပေးခြင်းက အရေးအကြီးဆုံးပဲဖြစ်ပါတယ်။

*ဘာကြောင့်အူဟာအရေးကြီးရသလဲ?
ကျွန်တော်သိလာခဲ့တဲ့ ဗဟုသုတနဲ့ မျက်မှောက်ခေတ်ဆေးပညာဗဟုသုတဟာ အတော်လေးပြောင်းလဲလာခဲ့ပြီး၊ ဒီထဲမှာအူရဲ့အခန်းကဏ္ဍက စပြီးအရေးကြီးလာခဲ့ပြီပေါ့..
ခန္ဓာကိုယ်ထဲမှာ သွေးတွေကိုပြုလုပ်ပေးတာက အူပဲဖြစ်ပါတယ်
နောက်ပြီး Autonomic nerves နဲ့ Hormone တို့မှတစ်ဆင့် ဦးနှောက်နှင့်လည်းနက်ရှိုင်းစွာပတ်သက်နေတယ်လို့ ဆိုပါတယ်။

အစားအစာကိုခြေဖျက်ပြီး ခန္ဓာကိုယ်တွင်းဆီသို့ စုပ်ယူလိုက်ခြင်းက ဒီအူရဲ့အခန်းကဏ္ဍပဲဖြစ်ပါတယ်။
တစ်နည်းအားဖြင့် အပြင်ကအရာတွေကိုယူသွင်းပြီး၊ ခန္ဓာကိုယ်ရဲ့စွမ်းအင်နဲ့ အာဟာရအဖြစ်သို့ပြောင်းလဲပေးတဲ့အပိုင်းဖြစ်တာကြောင့် အမျိုးမျိုးသောရောဂါတွေနဲ့ ပတ်သက်မှုရှိမယ်ဆိုပြီး သုတေသနလုပ်နေကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်မှာ ရောဂါလက္ခဏာအပြင်းအထန်ဖြစ်ဖို့ခက်ခဲ?
ကမ္ဘာတစ်ဝှမ်းမှာလည်း ကိုရိုနာဗိုင်းရပ်စ်ဟာပြန့်နှံ့နေပါတယ်။ ဒါကြောင့် ကူးစက်ခံရပြီးအခြေအနေဆိုးဝါးလာကာ အသက်သေဆုံးကြရသူတွေ ကမ္ဘာနဲ့တစ်ဝှမ်းရှိပါတယ်။
သို့ပေမဲ့၊ အဲ့ဒါရဲ့တစ်ဖက်မှာတော့ ရောဂါလက္ခဏာပေါ့ပေါ့ပါးပါးနဲ့ပြီးသွားတဲ့လူတွေလည်း အများကြီးပါ။
ဒါဟာ ဘယ်နေရာမှာ ဘယ်လိုကွာခြားလို့လဲ?

ဟောင်ကောင်ရှိတက္ကသိုလ်တစ်ခုရဲ့သုတေသနအသင်းဟာ Intestinal flora ရဲ့ဟန်ချက်နဲ့ Corona ရဲ့ပိုမိုဆိုးဝါးလာခြင်းတို့ရဲ့ ပတ်သက်မှုကို စစ်ဆေးနေကြတယ်။

ဒီလိုစစ်ဆေးနေတဲ့အတွင်းမှာ ရောဂါပြင်းထန်လာသူအများစုမှာ Intestinal flora ရဲ့ဟန်ချက်ပျက်ဆီးနေပြီး၊ bad bacteria တို့အသာစီးရနေတယ်ဆိုတာကို သိခဲ့ရပါတယ်။
နောက်ဆုံးကောက်ချက်မချရသေးပေမဲ့၊ ဒါဟာအတော်လေးအရေးကြီးတဲ့အချက်ပဲလို့ မထင်မိဘူးလား?

 

*အမျိုးမျိုးသောရောဂါနဲ့ ဆက်စပ်နေတဲ့ Intestinal flora
Corona ဗိုင်းရပ်စ်တစ်ခုတည်းမကပါဘူး။
Cancer, Adult diseases, Allergy, နောက်ပြီး ပိန်ခြင်း,ဝခြင်းတွေအထိပါ Intestinal flora ကပတ်သက်မှုရှိတယ်လို့ဆိုကြပါတယ်။
တကယ်က ဂျပန်မှာတော့ဟိုးအရင်ကတည်းက Intestinal flora နဲ့ဆိုင်တဲ့ သမိုင်းရှိခဲ့တယ်။

မြန်မာကလည်းတိုးတက်လာတာကြောင့် Yakult ဆိုတဲ့သောက်စရာတစ်မျိုးကို တော်တော်များများသိကြမယ်နော်…
1935 ခုနှစ်မှာစတင်ရောင်းချပြီး၊ ဆက်စပ်တဲ့ကုန်ပစ္စည်းကိုပါထည့်သွင်းရင် တစ်နှစ်ပတ်လုံး ဗူးပေါင်း 9 သန်းအထိရောင်းရတဲ့ ရောင်းအားအကောင်းဆုံးကုန်ပစ္စည်းဖြစ်ပါတယ်။
ဒါဟာ good bacteria ဖြစ်တဲ့ လက်တစ်အက်စစ်ဘက်တီးရီးယား တစ်မျိုးကိုများစွာထည့်သွင်းထားပြီး၊ ဒါဟာကလေးတွေကျန်းမာရေးအတွက်အထောက်အကူဖြစ်စေဖို့ဆိုတာကနေ စထုတ်ခဲ့ပါတယ်။

ဒါပေမဲ့ သူ့သမိုင်းကပိုပြီးရှေးကျတယ်။
Natto နှင့် ဆားရည်စိမ်ဟင်းသီးဟင်းရွက် စတဲ့ပြုပြင်ထားတဲ့အစားအစာမှာ good bacteria ပေါင်းများစွာပါဝင်နေပါတယ်။
Natto မှာ အထူးသဖြင့်အံ့သြစရာကောင်းစွာ good bacteria တွေအများကြီးပါဝင်နေရုံသာမက၊ good bacteria တွေလိုချင်တဲ့ အစာဖြစ်နေတဲ့အတွက် အူလမ်းကြောင်းရှိ good bacteria တွေပိုပြီးပေါက်ပွားရန်လွယ်ကူစေပါတယ်။

ဂျပန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူတွေအတော်လေးများနေပေမဲ့၊ အမေရိကန်နဲ့ ဥရောပလိုအခြေအနေကိုတော့ မရောက်ပါဘူး။
ဒါက Natto ရဲ့ကျေးဇူးကြောင့်များလားတော့မသိပါဘူး။

စကားမစပ် ဒိန်ချဥ်ကင်မ်ချီချိစ့် ကဲ့သို့သော်အစားအစာတွေမှာလည်း good bacteria တွေများစွာပါဝင်ပါတယ်။
သူတို့အစာအဖြစ်ရှိနေတာကတော့ အမျှင်ပါတဲ့အစားအ‌သောက်နဲ့ オリゴ糖တွေဖြစ်ကြတဲ့ gobō (牛蒡/ゴボウ)၊ ဥနီ၊ ရုံးပတေသီး ၊ ပန်းပွင့်စိမ်း၊ ဟင်းနုနွယ်၊ ပိန်းဥ၊ こんにゃく၊ ကျောက်ပွင့်၊ မှို၊ ကြက်သွန်မြိတ်၊ ကညွန့်၊ ငှက်ပျောသီး စတာတွေဖြစ်ပါတယ်။

 

*Intestinal flora ကိုနှေးကွေးသွားစေတဲ့ ထုတ်ကုန်လည်းအများကြီးရှိပါတယ်။
ဘယ်လောက်အထိသက်ရောက်မှုရှိလဲဆိုတာ သက်သေတော့မရှိသေးပေမဲ့၊ Intestinal flora ရဲ့ဟန်ချက်ဟာ အမျိုးမျိုးသောရောဂါတွေအပေါ် ကောင်းကျိုးသက်ရောက်မှုပေးတယ်လို့တော့ပြောကြပါတယ်။
ဒါနဲ့လိုက်ပြီး ဂျပန်မှာကုန်ပစ္စည်းအမျိုးမျိုးတွေထွက်လာတယ်။

ကျွန်တော်လည်း Belcolon ဆိုတဲ့ supplement ကိုကြိုက်လို့အမြဲအသုံးပြုဖြစ်တယ်။
သက်ရောက်မှုရှိလို့ပဲလားတော့မသိဘူး တစ်နှစ်ပတ်လုံး ၁ ကြိမ်တောင်မဖျားခဲ့ပါဘူး။

သိပ္ပံနည်းကျထောက်ခံမှုအသေအချာရရှိပြီး၊ တရားဝင်အသိအမှတ်ပြုခြင်းခံရဖို့အထိက အချိန်ကြာအုံးမယ်လို့ထင်ပါတယ်။
ဒါကြောင့်လည်း good effect ကိုသာကြားရပြီး ဘေးထွက်ဆိုးကျိုးထွက်လာမှာတော့မဟုတ်ပါဘူး။
ပိုက်ဆံပေးဝယ်ရတာကြောင့် “ ပိုက်ဆံတော့ကုန်တာပဲ” ဆိုတဲ့စကားကတော့ ဘေးထွက်ဆိုးကျိုးပဲဖြစ်လောက်မယ်။

အနောက်နိုင်ငံသားတွေနဲ့ယှဥ်ရင် အာရှတိုက်သားက အချဥ်ဓါတ်ပါတဲ့အစားအစာတွေပိုစားကြတယ်လို့ပြောကြတယ်။
ဒီအပြင်အာရှဟာ ဟင်းသီးဟင်းရွက်နဲ့ငါးလည်း အချိုးအစားညီမျှစာစားကြပြီး၊ အနောက်နိုင်ငံတွေကတော့ အသားကိုအဓိကစားကြတယ်။

Intestinal flora ရဲ့ဟန်ချက်ကို ချိန်ညှိလွယ်တာကတော့ အာရှတိုက်သားတွေပဲဖြစ်ပြီး၊ ကိုရိုနာရဲ့ ဆိုးဝါးလာမှုအရပြောရရင်တော့ ဥရောပဘက်ကပိုမိုပြင်းထန်ပြီး၊ အာရှဘက်အခြမ်းမှာတော့ အတော်လေးသက်သာပါတယ်။

ဒီခြားနားချက်က Intestinal flora နဲ့ပတ်သက်နေလို့ပဲလို့ကျွန်တော်လည်းထင်ပေမဲ့၊ စာဖတ်သူတို့ကရောဘယ်လိုထင်ပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: