ဘာကအမှန်တရားလဲ? မုသာနဲ့အမှန်တရားကိုခွဲခြားနည်း…..

သတင်းစာနဲ့ တီဗွီကနေလွှင့်တဲ့သတင်းတွေဟာလုံးဝမှန်တာပဲ လို့ရှေးအချိန်တုန်းကတွေးခဲ့ကြတယ်။
အင်တာနက်မှာပြန့်နေတဲ့သတင်းကြောင့်၊ တီဗွီနဲ့သတင်းစာလည်း မဟုတ်မမှန်သတင်းတွေကိုလွှင့်နေတာက သိတဲ့အတိုင်းပါပဲ…။

နောက်ပြီးအင်တာနက်ပေါ်မှာလည်း သတင်းအမှန်နဲ့သတင်းအတုတွေက ရောနှောနေတယ်။
အဲ့ဒီလိုသတင်းတွေ ဖောင်းပွနေတဲ့လောကကြီးမှာ၊ ကျွန်တော်တို့တွေက သတင်းအမှန်ကို ဘယ်လိုရွေးချယ်သွားမလဲ?
ဒါဟာအရေးကြီးလာပါတယ်။

*TV ကနေလွှင့်တိုင်းလည်း မယုံပါနဲ့..။*

ရုပ်မြင်သံကြားကနေလွှင့်တာကြောင့် မှန်မှာပဲ.. လို့တွေးတာက အကြီးကြီးမှားတာပါပဲ..
သေချာပါတယ်။ TV သတင်းဌာနဟာ တိကျခိုင်မာတဲ့ကုမ္ပဏီကနေ စီမံခန့်ခွဲပါတယ်။
နောက်ပြီး သတင်းကိုကြေငြာပေးနေသူကလည်း မျက်နှာနဲ့နာမည်ကိုပါဖော်ပြထားတာကြောင့်၊ အင်တာနက်ပေါ်က အမည်မသိဖော်ပြခြင်းထက်စာရင် ယုံကြည်ရလောက်မယ်ဆိုတာ နားလည်ပါတယ်။
ဒါကြောင့်လို့ပြောပြီး သတင်းအမှန်တွေပဲလို့တော့မကန့်သတ်နိုင်ပါဘူး။
ဒီရက်ပိုင်း ဂျပန်မှာ TV နဲ့သတင်းစာကလည်းအလိမ်အညာတွေများပြီး၊ ပြည်သူလူထုကိုသတင်းအမှားတွေပေးပြီး လမ်းညွှန်နေတယ်လို့ ပြောနေကြပါတယ်။

 

*သတင်းအချက်အလက်တွေအားလုံးဟာ ထင်ယောင်ထင်မှားဖြစ်တတ်ကြသည်။*

သတင်းအချက်အလက်စုစည်းတဲ့ specialists, သူလျှိုရဲ့အခြေခံဟာဒီလိုဆိုတဲ့စကားကို ကြားဖူးတယ်။
သတင်းအချက်အလက်တွေမှာ မှန်ကန်ရာမရှိနိုင်ဘူးတဲ့…
ရုပ်သံနဲ့မည်သို့ပင်ဖြစ်ပါစေ၊ အက္ခရာနဲ့စကားလုံးတို့ဖြင့်ဖော်ပြတဲ့အခါ၊ မကောင်းတဲ့ဆန္ဒမရှိပေမဲ့လည်း သတင်းအချက်အလက်က တစ်ဖက်ခြမ်းမှာပဲရပ်တည်နေတဲ့အတွက်၊ သတင်းရဲ့မှန်ကန်မှုကို ဆုံးရှုံးလိုက်ရပါတယ်။

ဒီကောင်လေးဟာ၊ ကောင်းလေးတစ်ဦးကိုသတ်ခဲ့တယ်။ လို့ပြောပုံမျိုးဆိုရင် ဆိုးပါတယ်။
ဒါကောင်လေးဟာ ကောင်မလေးကိုနှောက်ယှက်နေတဲ့ လူဆိုးတစ်ယောက်ကိုသတ်ခဲ့တယ်။
လို့ပြောမယ်ဆိုရင်တော့ အမှန်တရားကိုခံစားရတယ်။
ကောင်းပြီး၊ ဒါကတော့ အစွန်းရောက်ဥပမာပေါ့…

ဘယ်သူအတွက်အကျိုးရှိမလဲတွက်ချက်ပါ။

 

*ဒီသတင်းရဲ့ဇစ်မြစ်ကဘယ်ကလဲ?*


၎င်းရဲ့ဇစ်မြစ်ပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းဟာ၊ ဒီသတင်းကိုဖြန့်ခြင်းဖြင့် ဘာအကျိုးရှိသွားမလဲ?
လူသားတွေဟာ သဘာဝအတိုင်း၎င်းတို့ရရှိထားတဲ့လမ်းကြောင်းဆီသို့ စကားခေါ်တတ်ကြတယ်။
မကောင်းတဲ့ရည်ရွယ်ချက်ရှိမယ်ဆို ထင်ယောက်ထင်မှားမှုကပိုပြီးကြီးလာတယ်။

ဒါကိုနုတ်လိုက်မယ်ဆိုရင် သတင်းအမှန်တွေကိုမြင်လာရမယ်။ လို့ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင်းမှာ အမျိုးမျိုးသောသတင်းတွေက ရှုပ်ထွေးနေတယ်လို့ထင်ပါတယ်။

သတင်းတစ်ခုမှာ ပျော်ရွှင်ခြင်းစိတ်ပူခြင်းမဖြစ်ဘဲ၊ ၎င်းရဲ့သရုပ်မှန်ကိုသေသေချာချာဖော်ထုတ်ပါ။
သတင်းအမှားတွေနဲ့ရှုပ်ထွေးနေတာဟာ စာဖတ်သူတို့သာမဟုတ်ဘဲ၊ တစ်ကမ္ဘာလုံးဖြစ်ပါတယ်။

စစ်မှန်တဲ့သတင်းတွေကိုဖမ်းဆုပ်ရင်း လင်းလက်လာမယ့်အနာဂတ်ဆီကိုသွားကြရအောင်နော်…

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: