လိုအပ်သောမကောင်းမှုနဲ့ လုံးလုံးမကောင်းမှုတို့ရဲ့ကြီးမားတဲ့ကွာခြားချက်
ဂျပန်မှာ ယာကူဇာလို့ခေါ်တဲ့လူတစ်စုရှိတယ်။
ငြိမ်းချမ်းတဲ့တိုင်းပြည်ဆိုတဲ့ပုံရိပ်ထဲမှာ၊ ယာကူဇာတွေလည်းများတယ်ဆိုတာက ဂျပန်ရဲ့ပုံရိပ်နဲ့မလိုက်ဖက်ဘူးမဟုတ်လား?
ကျွန်တော်မွေးဖွားကြီးပြင်းလာခဲ့တဲ့မြို့ Adachi ရပ်ကွက်မှာတော့ ယာကူဇာတွေအများကြီးရှိခဲ့တယ်။
ထိုနေရာမှာ လိုအပ်သောမကောင်းမှုလို့ပြောရမယ့်ယာကူဇာရဲ့ အသွင်အပြင်ရှိခဲ့ပါတယ်။
*ဂျပန်ရဲ့လိုအပ်သောမကောင်းမှု၊ 仇討ち(あだうち)*
ဂျပန်ဟာအစဥ်အလာအရ “ လိုအပ်သောမကောင်းမှု” ဆိုတဲ့တည်ရှိမှုကို အလွတ်သဘောနဲ့အသိအမှတ်ပြုလာတဲ့နိုင်ငံဖြစ်ပါတယ်။
ဥပမာ ဆာမူရိုင်းရဲ့ခေတ်
လူသတ်တယ်ဆိုတာက မကောင်းမှုဖြစ်ပေမဲ့၊ 仇討ち(あだうち)ဆိုတာကတော့ တရားဝင်ဖြစ်ခဲ့ပါတယ်။
https://lineblog.me/kitamura_yukiya/archives/1822441.html
မိဘအသတ်ခံလိုက်ရတဲ့ကလေးဟာ ထိုရာဇဝတ်သားကိုသတ်ဖို့သွားတယ်။
ဒါကို 仇討ち(လက်စားချေခြင်း) လို့ခေါ်ပါတယ်။
တကယ့်သားသမီးအစစ် မဟုတ်ပေမယ့်၊ မိမိအစေခံနေတဲ့သခင်က လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အခြေအနေလည်း ထိုနည်းတူပဲဖြစ်ပါတယ်။
ဒီနေရာမှာအစိုးရရဲ့ ခွင့်ပြုချက်လည်း ရှိခဲ့တယ်လို့ပြောပါတယ်။
လူသတ်ဖို့တရားဝင်ခွင့်ပြုပေးတယ်ဆိုတာက ယနေ့အချိန်နဲ့စဥ်းစားကြည့်ရင် ကြောက်စရာကောင်းတဲ့ခေတ်လို့တွေးနိုင်ပေမဲ့၊ ဒီလိုမကောင်းမှုထဲမှာလည်း စည်းကမ်းတွေချမှတ်ထားသေးတယ်ဗျ..
လက်စားချေခံလိုက်ရမယ်ဆို အဲ့ဒီကလေးဟာပြန်လည်လက်စားချေမယ်။
ဆိုတဲ့ပုံစံမျိုးဖြစ်သွားပြီး၊ ဒေါသနဲ့နာကျည်းမှုတွေရဲ့သံသရာကွင်းဆက်ဟာ ဖြစ်လာမယ်။
ဒါပေမဲ့ ဆာမူရိုင်းခေတ်ရဲ့ဂျပန်ကတော့ လက်စားချေခြင်းရဲ့လက်စားချေခြင်းကို တားမြစ်ခဲ့ပါတယ်။
ဝမ်းနည်းခြင်း၊ ဒေါသအမျက်တို့ရဲ့ကွင်းဆက်ကို ဆက်မသွားဖို့ရန်အတွက်ဖြစ်ပါတယ်။
ယာကူဇာရဲ့ဖြစ်တည်မှုလည်း မူလက” လိုအပ်သောမကောင်းမှု” ဖြစ်ပါတယ်။
ယာကူဇာနဲ့မာဖီးယားကို တော်တော်များများရှုပ်နေအုံးမယ်လို့ထင်တယ်။
ဒါပေမဲ့ မူလယာကူဇာဟာ မာဖီးယားနဲ့ကြီးကြီးမားမားကွဲပြားပါတယ်။
ပထမဆုံး နာမည်
ယာကူဇာဆိုတာ 8, 9, 3 ဖြစ်ပြီး၊ や、く、ざ
ဒါဟာ ဝေါဟာရဇစ်မြစ်ဖြစ်ပါတယ်။
ဒါဟာ ဂျပန်ရဲ့card game ကနေစခဲ့တယ်ဆိုပေမဲ့၊ Black Jack ကဲ့သို့ လက်ထဲမှာရှိတဲ့ဂဏန်းအားလုံးပေါင်းရဲ့မြင့်တဲ့သူကနိုင်တယ်ဆိုတဲ့ပုံစံမျိုးပါ..
http://static.hangame.co.jp/hangame/easy/oicho/teaser/
Black Jack နဲ့မတူတာကတော့ အမြင့်ဆုံးဂဏန်းက “ ၉”
“ ၁၀” ကိုမယူတဲ့ဂိမ်းမှာ၊ ပထမဆုံးကဒ်က “ ၈” , နောက်တစ်ကဒ်မယူလို့မရပေမဲ့ အဲ့ဒါက “ ၉”
ဆိုလိုတာက လက်မှာရှိတာက “ ၇”
တော်တော်လေး ကိန်းဂဏန်းကြီးတဲ့ကဒ်ဖြစ်တာကြောင့် ပုံမှန်ဆိုဒီမှာရပ်သွားတယ်။
ဒါပေမဲ့ နောက်တစ်ကဒ်ဆွဲပြီး ပိုပြီးဂဏန်းမြင့်အောင်လုပ်လိုက်တဲ့အခါ၊ ၃ ကိုဆွဲမိပြီး 0 ဖြစ်ကာ၊ အားအနည်းဆုံးပြန်ဖြစ်သွားတယ်။
“ ဒီလိုဖြစ်တည်မှုကယာကူဇာပဲ” လို့ သူတို့ကိုယ်သူတို့စပြီးသတ်မှတ်လိုက်ကြတော့တယ်။
အမြဲတမ်းအမြင့်ကိုမျှော်မှန်းပြီး၊ နောက်ဆုံးမှာပျောက်ကွယ်သွားရတယ်၊ အရှုံးပေးလိုက်တယ်
ဒါဟာ သူတို့တွေရဲ့ဘဝလမ်းစဉ်ပါပဲ..။
သူတို့ဟာကုမ္ပဏီမှာဆန့်ကျင်တဲ့အဖွဲ့အစည်းအဖြစ်အစပြုခဲ့ပြီး၊ ထိုနောက်ပိုင်း ရဲတွေမကိုင်တွယ်နိုင်တဲ့ဒုစရိုက်တွေကိုဖြေရှင်းဆောင်ရွက်ခဲ့ကြပါတယ်။
ဂျပန်မှာကားမောင်းတဲ့အခါဆိုးသွမ်းတဲ့လူနည်းတယ်။
အကြောင်းကတော့ စိတ်ထဲကနေ “ ကြောက်စရာကောင်းတဲ့လူရဲ့ကားနဲ့တွေ့ခဲ့ရင် ဒုက္ခပဲ” လို့တွေးမိနေကြလို့ပါ။
နောက်ပြီးယာကူဇာဆိုတဲ့အမျိုးဟာ ကွေးရမှာအရမ်းမုန်းတဲ့အတွက်၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ အိမ်နီးချင်းတွေကို အလွန်ကြင်နာတတ်တယ်။
အပြင်ပန်းကတော့ ကြောက်စရာကောင်းပေမဲ့လို့ပေါ့…..
*ပျောက်ကွယ်သွားသည် လိုအပ်သောမကောင်းမှု*
လုပ်နေတဲ့အရာကကောင်းတဲ့အရာလို့ မပြောနိုင်ပေမဲ့၊ မှန်မှန်ကန်ကန်နေသူကိုအနှောက်အယှက်မပေးဘဲ၊ မကောင်းတာလုပ်တဲ့လူငယ်ကို အပြစ်ဖော်ထုတ်ဝန်ခံခိုင်းပြီး၊ လူ့အဖွဲ့အစည်းကိုယာကူဇာကထိန်းချုပ်ပေးတယ်။
ဒါပေမဲ့ တရားမဝင်တာက တရားမဝင်တာပဲ…။
ဂျပန်ဟာ ဥပဒေကိုလေးစားလိုက်နာတဲ့လမ်းကြောင်းအပေါ်သွားနေရင်းနဲ့ ၎င်းတို့ဟာတစ်ဖြည်းဖြည်း အသက်ရှင်ဖို့ခက်တဲ့အခြေအနေထဲကိုရောက်သွားပါတယ်။
နောက်ပြီး၎င်းတို့အထဲမှာ အချို့မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ ငွေညစ်ခြင်း၊ လိမ်လည်ခြင်း .. ဒါတွေကိုစပြုလုပ်သူတွေပေါ်လာခဲ့တယ်။
ဒါကတော့ လိုအပ်သောမကောင်းမှုမဟုတ်ဘဲ၊ လုံးလုံးမကောင်းမှုလို့ ခေါ်ပါတယ်။
လုံးလုံးမကောင်းမှုဆိုတာ မိမိတို့ရဲ့အကျိုးစီးပွားသာဦးစားပေးတဲ့အရာဖြစ်ပြီး၊ လူ့အဖွဲ့အစည်းအတွက်တော့ လုံးဝကောင်းကျိုးမရှိတဲ့အရာဖြစ်ပါတယ်။
ဒီအတိုင်းဆို ရဲတပ်ဖွဲ့ရဲ့နှိမ်နှင်းမှုကလည်း ပိုပြင်းထန်လာပြီး၊ ယာကူဇာတွေအကြီးအကျယ်ကျဆင်းသွားတဲ့ ကမ္ဘာကြီး ဖြစ်လာခဲ့ပါတယ်။
*ယာကူဇာနည်းသွားသည့်အခါ ရာဇဝတ်မှုများလာသည်။*
ယာကူဇာနည်းသွားရင်တော့ ရာဇဝတ်မှုနည်းသွားမယ်လို့ထင်ကြပေမဲ့၊ ရာဇဝတ်မှု ပိုလို့တောင်များလာပါတယ်။
ကြောက်စရာကောင်းတဲ့ယာကူဇာရဲ့တည်ရှိမှုပျောက်သွားပြီး၊ အလွန်တက်ကြွတဲ့လူငယ်တွေနဲ့ နိုင်ငံခြားကမာဖီးယားဂိုဏ်းတွေဟာ စိတ်ကြိုက်ချယ်လှယ်လာပါတော့တယ်။
ကားမောင်းနေပေမဲ့ အန္တရာယ်ရှိစွာကားမောင်းသူတွေများလာတယ်၊ ဂျပန်လူမျိုးနဲ့ဂျပန်လူ့အဖွဲ့အစည်းရဲ့ဖွံ့ဖြိးတိုးတက်မှုကို လုံးဝမစဥ်းစားတဲ့နိုင်ငံခြားမာဖီးယားအတွက်၊ ကြိုက်သလိုလုပ်နိုင်တဲ့နေရာက ဂျပန်ဖြစ်လာပါတယ်။
အမှန်တကယ်တရားဥပဒေအရကြည့်မယ်ဆိုရင်တော့ ယာကူဇာကမကောင်းဘူးပေါ့…။
ဒါပေမဲ့ ဖယ်ရှားမယ်ဆိုတာကရော တကယ်မှကောင်းပါရဲ့လား?
*စွမ်းအားရှိသူဟာ လိုအပ်သောမကောင်းမှုရော၊ လုံးလုံးမကောင်းမှုရော ဖြစ်နိုင်*
သာမန်လူတွေမှာမရှိတဲ့ခွန်အားကိုပိုင်ဆိုင်ထားသူတွေ..
ဥပမာ- စစ်တပ်နဲ့ရဲတပ်ဖွဲ့.. နောက်ပြီးတိုက်ရည်ခိုက်ရည်စွမ်းအားမဟုတ်ရင်တောင်၊ နိုင်ငံရေးသမားကဲ့သို့သော အာဏာရှင်…
ကုမ္ပဏီရဲ့သူဌေးကလည်း အလုပ်သမားတွေအတွက်တော့ သြဇာညောင်းသူ…
ဒီလူတွေက ၎င်းတို့ရဲ့အစွမ်းကိုဘယ်လိုအသုံးပြုကြသလဲ?
ဒါကအရမ်းအရေးကြီးပြီး၊ ၎င်းတို့ဟာစွမ်းအားပိုင်ဆိုင်ထားတယ်ဆိုတာကိုလည်း သတိပြုမိဖို့အရေးကြီးပြန်တယ်။
စစ်တပ်ကိုမြင်ရတဲ့ရှုထောင်အရကြည့်ရင်၊ မကောင်းမှုရောတရားမျှတမှုမှာရော ရှိနေတယ်။
စစ်ပွဲမှာ လူများစွာကိုသတ်ဖြတ်ပြီး အမိတိုင်းပြည်အားအောင်ပွဲခံရစေမယ်ဆို သူရဲကောင်းလို့သတ်မှတ်ပါတယ်။
သို့သော် အများကြီးကိုသတ်ပေမဲ့ ရှုံးနိမ့်သွားမယ်ဆို၊ မကောင်းဘူးလို့သတ်မှတ်ခံရပြီး အပြစ်ပေးခံရတယ်။
ဥပဒေဘောင်ထဲကမဟုတ်တဲ့လူတွေအတွက်တော့ စောင့်ထိန်းရတဲ့ “ လူမသတ်ရ” ဆိုတဲ့ အခြေခံစည်းမျဥ်းရှိတယ်။
ဒါနဲ့စဥ်းစားကြည့်မယ်ဆို အားလုံးကမကောင်းတာပါပဲ။
ဒါပေမဲ့ ကျူးကျော်လာခဲ့ရင်ရော?
လူသတ်သမားက သင့်မိသားစုထံချည်းကပ်လာခဲ့ရင်ရော?
မကောင်းမှုအားလုံးမလုပ်ရဘူးလို့ပြောလိုက်ရင် ဘာမှပြန်မလုပ်နိုင်တော့ဘဲ မိမိတို့ကပဲပျောက်ကွယ်သွားရလိမ့်မယ်။
မိမိတို့ကိုမိမိစောင့်ရှောက်ဖို့အတွက် “ လိုအပ်သောမကောင်းမှု” ဆိုတာကဘယ်လိုပဲဖြစ်ဖြစ်လိုအပ်ပါတယ်။
သို့သော် ထိုအချိန်မှာမိမိနေရာကိုဆုံးရှုံးလိုက်ရရင်တော့ လုံးလုံးမကောင်းမှုဖြစ်သွားပါပြီ။
မိမိပြည်သူကိုစောင့်ရှောက်ဖို့အတွက် အားလုံးကအထူးခွင့်ပြုပေးပြီး၊ အစွမ်းထက်လက်နက်တွေပိုင်ဆိုင်ထားတဲ့စစ်တပ်ဟာ၊ မိမိလူမျိုးကိုပြန်မတိုက်ခိုက်သင့်ပါဘူး။
ရဲတွေလည်းထိုနည်းတူပဲဖြစ်ပါတယ်။
စွမ်းအားရှိသူဟာ ဘာအတွက်နဲ့စွမ်းအားကိုပိုင်ဆိုင်ထားသလဲ?
ဒါကိုခွင့်ပြုပေးနေသူဟာ ဘယ်သူလဲ? ဆိုတာကိုကောင်းကောင်းစဥ်းစားဖို့လိုအပ်ပါတယ်။
အဲ့ဒီလိုမှမဟုတ်ရင်တော့ လိုအပ်တဲ့မကောင်းမှုမဟုတ်တော့ဘဲ၊ “ လုံးလုံးမကောင်းမှု” ဖြစ်သွားရပါပြီ။ ….
Kengo Abe