နှစ်ပေါင်း ၁၀,၀၀၀ တိုင်ခဲ့သော ဂျပန်ရဲ့ငြိမ်းချမ်းသည်ခေတ်နဲ့ တည်ငြိမ်သောအယူဝါဒဟာ ယခုလည်းလိုအပ်သည်။

ရှေးရှေးတုန်းက လူမျိုးနွယ်စုဟာ မျောက်ကနေဆင်းသက်လာပြီး၊ ပစ္စည်းကိရိယာများကိုအသုံးပြုနိုင်လာကာ၊ အတူတကွနေထိုင်တဲ့ပုံစံဟာအစပြုလာခဲ့ပါတယ်။
အတူတကွနေထိုင်ကြတဲ့ပုံစံအစပြုလာတာနဲ့ ယဥ်ကျေးမှုဆိုတာကလည်း ထွန်းကားလာခဲ့ပါတယ်။

ကမ္ဘာမှာအစောဆုံးထွန်းကားလာတဲ့ယဥ်ကျေးမှုကတော့၊ မီဆိုပိုတေးမီးယားယဥ်ကျေးမှု၊ အီဂျစ်ယဥ်ကျေးမှု၊ Indus Valley Civilisation၊ Yellow River (Chinese)civilization စတဲ့ ယဥ်ကျေးမှု ၄ ခုတို့ပဲဖြစ်ပါတယ်။
ဒီယဥ်ကျေးမှုတွေဟာ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀〜၅၀၀၀ မတိုင်ခင်ကတည်းက ထွန်းကားခဲ့တယ်လို့ပြောကြပါတယ်။

ဒါပေမဲ့လက်တလော၊ ပိုပြီးရှေးကျတဲ့ယဥ်ကျေးမှုဟာ ဂျပန်မှာရှိခဲ့တယ်လို့ဆိုတဲ့စကားဟာ နောက်တစ်ကြိမ်ပြန်လည်တန်ဖိုးထားခံလာရပါတယ်။
အဲ့ဒါကတော့ လွန်ခဲ့သောနှစ်ပေါင်း ၁၂,၀၀၀ မတိုင်ကနေအစပြုခဲ့တဲ့ 縄文文明(じょうもんぶんめい)Jomon civilization ပဲဖြစ်ပါတယ်။

ထိုခေတ်မှာရှိခဲ့သူတွေဟာ ပိုပြီးအဦးဆုံးဖြစ်သောနေထိုင်မှုဘဝကိုဖြတ်သန်းခဲ့ကြတယ်လို့ထင်ရပေမဲ့၊ ကျောက်ဖြစ်ရုပ်ကြွင်းကိုရှာဖွေတူးဖော်ကြည့်လိုက်တဲ့အခါ၊ စပါးစိုက်ပျိုးခြင်းနဲ့သစ်အယ်သီးပင်များစိုက်ပျိုးခြင်းအပြင်၊ အမြင့် ၂၀ မီတာကျော်ရှိတဲ့အဆောက်အအုံများဆောက်လုပ်ခြင်းကဲ့သို့သော သက်သေတွေဟာထွက်လာခဲ့တယ်။

 

http://inoues.net/mystery/izumo_nazo.html

 

မျက်မှောက်ခေတ်တိုင်ကျန်ရှိတဲ့ 出雲大社(いずもたいしゃ)Izumo Taisha ဆိုတာ ထိုခေတ်အချိန်အခါကတော့ ဒီလိုအဆောက်အအုံဖြစ်တယ်လို့ ပြောကြတယ်။
၃ ချောင်းထောက်ထားပြီး အချင်း ၃ မီတာရှိတဲ့တိုင်ကိုပြုလုပ်ကာထောက်ပံ့ပေးထားတယ်ဆိုတဲ့ သက်သေထွက်လာပြီး၊ မျက်မှောက်ခေတ်ရဲ့ ၁၅ လွှာရှိတဲ့အဆောက်အအုံအမြင့်နဲ့ကွက်တိသွားကျတယ်ဆိုတာတွေကလည်းထွက်လာခဲ့ပါတယ်။

ဒီအပြင်ဒီခေတ်ရဲ့ မြေထည်ပစ္စည်းဟာပစိဖစ်သမုဒ္ဒရာကိုဖြတ်ပြီးပိုလီနေရှားမှာလည်းရှာတွေ့ရပြီး၊ တစ်နည်းနည်းနဲ့ပင်လယ်ကိုဖြတ်ကျော်သွားတယ်လို့ ဆိုနိုင်ပါတယ်။
ဒါဟာတကယ်သာဆို၊ အထက်ဖော်ပြခဲ့တဲ့ ယဥ်ကျေးမှု ၄ ခုထက်အလွန်စောစွာထွန်းကားလာတဲ့ယဥ်ကျေးမှုဖြစ်ပေမဲ့၊ အရေးကြီးတာက ဒါမဟုတ်သေးဘူး။
ဒီယဥ်ကျေးမှုဟာ နှစ်ပေါင်း ၁၀,၀၀၀ တိုင်ဆက်လက်တည်ရှိခဲ့တယ်တဲ့။
အခြားသောယဥ်ကျေးမှုတွေမှာတော့ ဒီလောက်ကြာရှည်တဲ့တည်ငြိမ်မှုကို မတွေ့ခဲ့ရပါဘူး။

အတူတကွစုရုံးနေထိုင်မှုပုံစံဖြင့် ယဥ်ကျေးမှုထွန်းကားလာတဲ့အခါ၊ အခြေအနေအများစုမှာတော့၊ လူဟာအခြားသူတွေထက် ပိုပြီးများတဲ့အရာတွေကိုလိုချင်တပ်မက်လာတယ်။
ဘေးကလူထက် မိမိဟာပိုပြီးကောင်းတယ်လို့ ကြွားဝါချင်လာတယ်။
“ ဟိုကောင်ဆီမှာ မရှုံးချင်ဘူး”

အဲ့ဒီလိုအတွေးကနေ စကားများရန်လိုမှုတွေဖြစ်လာတယ်။
အမေရိကန်နဲ့ဆီဗီယက်တို့ နောက်ဆုံးမှာမတိုက်ခိုက်ခဲ့ကြပေမဲ့၊ ဘယ်သူကအင်အားအကြီးဆုံးလဲဆိုတာကိုပြိုင်ဆိုင်လာရင်း၊ နောက်ဆုံးဆိုဗီယက်က မိမိကိုယ်ကိုဖျက်ဆီးသလိုဖြစ်သွားခဲ့ပါတယ်။

ဒီအတွေးဟာကမ္ဘာကိုဖျက်ဆီးလိုက်ပြီး၊ လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့စွမ်းအားကိုလိုချင်ကာ ယှဥ်ပြိုင်မှုတွေဖြစ်ပေါ်လာခြင်းပဲဖြစ်ပါတယ်။
ဂျပန်မှာတော့ 縄文(Jomon period) ဟာတည်ငြိမ်စွာ နှစ်ပေါင်း ၁၀,၀၀၀ တိုင်ရှိခဲ့တာကြောင့်များလား၊ အခြေခံအားဖြင့် ငြိမ်ချမ်းတဲ့စည်းကမ်းကိုဆက်ပြီးထိန်းသိမ်းလာခဲ့တဲ့ နိုင်ငံဖြစ်ခဲ့ပါတယ်။

ရှေးဂျပန်ရဲ့ လက်နက်ကိုင်တပ်ဖွဲ့လို့ပြောရင် ဆာမူရိုင်းတွေပေါ့..
ဒါပေမဲ့၊ သူတို့သေချာစွာသင်ကြားရတာကတော့၊ ဆာမူရိုင်းဆိုတာ တန်းတူဖြစ်သင့်တယ်ဆိုတဲ့ Bushido ဖြစ်ပါတယ်။

အမှန်တကယ်ကို ခွန်အားကြီးသူဟာ အားနည်းသူကိုစောင့်ရှောက်ရမယ်

ဆိုပြီးသတ်မှတ်ထားပါတယ်။
အားလုံးသိကြတဲ့ Anime, Doraemon
ဒီအထဲမှာအမြဲတမ်း တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ခွန်အားကြီးဇာတ်ကောင်တွေ ပါတတ်တယ်နော်…
သူတို့ဟာရုပ်ရှင်ထဲမှာဆို အကြိမ်တိုင်းအရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။
တကယ်ပဲ အားနည်းသူကိုစောင့်ရှောက်ပြီး ယောက်ျားကဲ့သို့သန်မာမှုကိုထုတ်ပြခြင်းဟာလည်း ဂျပန်ဆန်သော ခွန်အားကြီးမှုပဲလို့‌ပြောနိုင်ပါတယ်။

ကျွန်တော်ကြိုက်တဲ့စကားတစ်ခွန်းရှိတယ်။
ကိုးကားချက်တွေကိုချန်ထားခဲ့ပါမယ်။ Mitsuo Aida စံရဲ့စကားကတော့..

奪い合えば足りない。
分け合えば余る。

ယှဥ်ပြိုင်ရင်မလုံလောက်ဘူး။
မျှဝေရင် ကျန်ကြွင်းမယ်။

အားလုံးနဲ့ ငြိမ်းချမ်းစွာနေထိုင်လျှင် အဆင်မပြေမှုသည် မရှိနိုင်ပါ။

ဥပမာအစားအသောက်ဆိုပါစို့..
ကမ္ဘာတစ်ဝှမ်းလုံးမှာ ၁ နှစ်ပတ်လုံးအတွက် အစားအစာတွေရဲ့ ၁.၃ ဘီလီယံတန်လောက်ဟာ စွန့်ပစ်ရလျှက်ရှိပါတယ်။
ထိုတစ်ဖက်မှာ အာဟာရပြတ်လက်မှုကြောင့် ကျန်းမာတဲ့နေထိုင်မှုဘဝကိုဆုံးရှုံးရသူတွေဟာ လူပေါင်းသန်း ၈၅၀ ခန့်ရှိပါတယ်။
အကယ်၍သာမျှဝေလိုက်မယ်ဆို အကူအညီဖြစ်သွားမယ့်သူတွေများစွာရှိနေပါတယ်။

ဘာကြောင့် လောကကြီးဟာဒီလိုဖြစ်သွားခဲ့ရသလဲ?
ဒါဟာ လူတစ်စုရဲ့ ချမ်းသာကြွယ်ဝမှုကိုရှာဖွေနေခြင်း ရလဒ်ကြောင့်ပဲဖြစ်ပါတယ်။
ပိုပြီးအရသာရှိတာကိုစားရဖို့အတွက် အခြားသောအပိုင်းတွေကိုစွန့်ပစ်လိုက်ကြတယ်။
ပိုပြီးအဆင်ပြေတဲ့နေထိုင်မှုဘဝအတွက်၊ ဆိုင်မှာသွားစားတယ်၊
ထိုရလဒ်ကြောင့် အလဟသဖြစ်သွားတဲ့အရာများထွက်လာပါတယ်။
စားလို့မကုန်လောက်တဲ့အရာတွေကိုလည်း ဇိမ်ခံပြီးမှာယူတယ်။
ဒါတွေဟာ စုပုံလာပါတယ်။

မိမိတစ်ကိုယ်ရည်အတွက်ပဲမဟုတ် ပတ်ဝန်းကျင်တစ်ခုလုံးရဲ့ပျော်ရွှင်မှုကို စဥ်းစားပေးသူများလာတဲ့အခါ၊ ပတ်ဝန်ကျင်ရှိလူတိုင်းကလည်း ပျော်ရွှင်လာရမယ်။
နောက်ပြီး ကမ္ဘာပေါ်မှာထိုပျော်ရွှင်မှုမျိုးရနိုင်တဲ့အရာ များစွာရှိလာတာကြောင့် လက်ဝါးကြီးအုပ်ဖို့မလိုတော့ဘူး။
လွန်ခဲ့သောနှစ်ပေါင်း ၁၀,၀၀၀ မတိုင်ခင်ကလူတွေ လုပ်နိုင်ခဲ့တဲ့အတွက်ကြောင့်…

အခြားသူတွေထက်ကောင်းတာတွေစားချင်တယ်၊ မိန်းမလှလေးနဲ့လျှောက်လည်ချင်တယ်၊ အပျံစားကားကိုစီးချင်တယ်။
ဒီအတွက်အာဏာကိုဆုပ်ကိုင်ချင်တယ်လို့တွေးနေကြသော်လည်း လူ့ဘဝသက်တမ်းဟာအလွန်ဆုံးမှ နှစ် ၁၀၀ သာရပါတယ်။
အသက် ၂၀ ကတည်းက ထိပ်ကိုမျှော်မှန်းပြီး အသက် ၄၀ မှာကြီးမားတဲ့အာဏာကိုပိုင်ဆိုင်ရပေမဲ့၊ ပင်စင်ယူတဲ့အထိဘယ်နှနှစ်လောက်ရှိပါ့မလဲ?
နောက်ပြီးသေသွားတဲ့အခါထိုအာဏာရော ငွေရော ယူသွားလို့မရဘူးလေနော်…

ဒါဖြင့်ဘာကြောင့်၊ ဂျပန်မှာဒီလိုအယူအဆဟာ ဖြစ်ပေါ်လာခဲ့ရသလဲ?
ထိုအကြောင်းအရင်းဟာ စည်းကမ်းကြီးတဲ့လူနေမှုဘဝကြောင့်လို့ပြောကြပါတယ်။

ဂျပန်မှာပူပြင်းတဲ့နွေရာသီနဲ့ အေးချမ်းတဲ့ဆောင်းရာသီတို့ရှိပြီး၊ စားနပ်ရိက္ခာဖူလုံးရေးကလည်းခက်ခဲတယ်။
မသိုလှောင်ထားဘူးဆိုရင် ငတ်ပြတ်ပြီးသေရမယ်။
နောက်ပြီး၊ ငလျင်၊ ဆူနာမီ၊ မီးတောင်ပေါက်ကွဲခြင်း
မြစ်လည်းများတာကြောင့် ရေလွှမ်းမိုးမှုမကြာခဏဖြစ်ခဲ့ပါတယ်။
အရမ်းကိုနေထိုင်ဖို့ခက်ခဲတဲ့နေရာ၊ အဲ့ဒါကသဘာဝအလျောက်ဖြစ်နေတဲ့ ဂျပန်ပါပဲ။

ထိုအထဲမှာအသက်ရှင်ဖို့အတွက်ကတော့ စုပေါင်းနေထိုင်ခြင်းကိုသေသေချာချာမလုပ်လို့မဖြစ်ပါဘူး။
နောက်ပြီးထိုနေရာမှာ လိမ္မာပါးနပ်စွာနေထိုင်ဖို့ရန်အတွက် တစ်ဖက်လူကိုလေးစားတဲ့စကားအနေနဲ့၊ 敬語 ဆိုတာဟာလည်း ဂျပန်ဘာသာစကားမှာပေါ်ပေါက်လာခဲ့ပါတယ်။

ရန်ဖြစ်လိုက်မိပြီဆို ပတ်ဝန်းကျင်ကနေခွဲထွက်ပြီး တစ်ကိုယ်တည်းနေလို့မရတဲ့အတွက်, ဂျပန်ဘာသာစကားမှာတော့ တစ်ဖက်လူကိုအထင်သေးတဲ့အမူအရာပြစကားလုံးတွေဟာ အလွန်နည်းတယ်လို့ပြောကြပါတယ်။
လုံးဝမရှိတာတော့မဟုတ်ပေမဲ့၊ အင်္ဂလိပ်ကဲ့သို့အခြားသောဘာသာစကားတွေနဲ့ယှဥ်ရင်၊ မကောင်းတဲ့စကားလုံးတွေနည်းခြင်းဖြစ်ပါတယ်။

ဂျပန်လူမျိုးတွေကပဲထူးခြားနေတာမျိုးလုံးဝမဟုတ်တာကြောင့်၊ ဘယ်သူပဲဖြစ်ဖြစ်ဒီလိုလုပ်နိုင်ပါတယ်။

“ ယှဥ်ပြိုင်ရင် မလုံလောက်ဘူး။
မျှဝေရင် လုံလောက်တယ်။ ”

ဒီစကားကိုမမေ့ဘဲ၊ ငြိမ်းချမ်းတဲ့ကမ္ဘာကြီးကိုအတူတကွ တည်ဆောက်သွားချင်တယ်နော်….

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: