ယုံပါသလား? လူသားတွေဟာပြုလုပ်ခံထားရတဲ့သက်ရှိ ဆိုတဲ့ထူးဆန်းတဲ့စာ ဂျပန်မှာရှိတယ်။

လူသားတွေဟာ ဘယ်ကနေအစပြုလာခဲ့သလဲ?
ဘာသာရေးရှု့ထောင့်အရ ဘုရားသခင်ဟာဖန်ဆင်းခဲ့တယ်လို့ ပြောသူတွေရှိပါတယ်။
တချို့ကတော့ Darwin ရဲ့ဆင့်ကဲပြောင်းလဲမှုသီအိုရီမှာ လူသားတွေဟာ မျောက်ကနေပြောင်းလဲလာခဲ့တယ်လို့ဆိုပါတယ်။

သို့သော်လည်း ဒါတွေအားလုံးဟာပြီးပြည့်စုံတဲ့ပုံစံအဖြစ်ကိုမရောက်ဘဲ၊ Darwin ရဲ့ရှင်းပြချက်မှာလည်း ဘယ်လိုပဲဖြစ်ဖြစ်ဆန့်ကျင်မှုတွေရှိနေတာနဲ့၊ ဘုရားသခင်ရဲ့တည်ရှိမှုမှာတော့ သိပ္ပံနည်းကျသက်သေမပြနိုင်တာတွေကြောင့် ဘယ်အရာကိုမှအမှန်လို့ပြောမရနိုင်တာက တကယ့်သိပ္ပံရဲ့နိဂုံးဖြစ်နေဟန်ရှိပါတယ်။

ဥပမာအားဖြင့် လူ၏ DNA မှာ

DNAについて

 

မျက်လုံးအရောင်၊ အရပ်အမြင့်၊ ရောဂါခုခံနိုင်ပုံ စတာတွေဟာ ဒီ DNA အရကွဲပြားသွားတယ်လို့ပြောကြပေမဲ့၊ ထိုကွဲပြားမှုဟာ DNA အားလုံးပေါင်းကနေကြည့်ရင် 0.1% အတွင်းမှာပဲရှိပါတယ်။
နောက်ပြီး လူသားရဲ့ပုံသဏ္ဍာန်ကိုဖန်တီးခြင်းအတွက် အသုံးပြုထားတဲ့ DNA ဟာ 2% ဟာရှိတယ်လို့ ပြောကြပါတယ်။

ကျန် 98% လောက်ကို Junk DNA လို့ခေါ်ပြီး၊ အသုံးပြုထားခြင်းမရှိ သို့မဟုတ် အသုံးပြုခြင်းလုံးဝမတွေ့ရတဲ့ DNA ပဲဖြစ်ပါတယ်။
ဒီ Junk DNA ထဲမှာ နံဝိညာဥ်ဖြစ်သောဘုရားသခင်ထံတော်မှ သတင်းစကားဟာဖုံးကွယ်ထားခြင်းခံရတာသေချာတယ်ဆိုပြီး၊ အလေးအနက်ရှာဖွေနေသော သုတေသီအချို့လည်းရှိပါတယ်။

ထိုကဲ့သို့ သက်ရှိများမွေးဖွားလာခြင်းရဲ့ နက်နဲ့မှုကို ဖြေရှင်းထားတယ်လို့ထင်ရတဲ့ ရှေးဟောင်းစာတစ်ခု ဂျပန်မှာရှိနေပါတယ်။
Ibaraki စီရင်စုမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းကို မျိုးရိုးစဥ်ဆက်ထိန်းသိမ်းလာခဲ့တဲ့ Takeuchi မိသားစုမှာ မျိုးဆက်သစ်များအတွက် ထိန်းသိမ်းထားသောရှေးဟောင်းစာပေရှိပါတယ်။
စုပေါင်းပြီး ၎င်းကို “ 竹内文書Takeuchi monjo” လို့ခေါ်ပါတယ်။

ဒီစာတမ်းအရ ကမ္ဘာလောကကြီးရဲ့သမိုင်းဟာ ဒီကနေအစပြုခဲ့တယ်လို့ဆိုပါတယ်။

ကောင်းကင်မှဆင်းသက်သောဘုရားသည် ဂျပန်နိုင်ငံတွင်တိုင်းပြည်တစ်ခုကိုတည်ထောင်ခဲ့ပြီး တိုင်းပြည်ကိုမျိုးဆက်ခုနစ်ဆက်တိုင်တည်စေခဲ့သည်။
ထို့နောက် လူသားမျိုးနွယ်များမွေးဖွားစေခဲ့သည်။
လူသားမျိုးနွယ်အရ ဧကရာဇ်ထံကိုတိုင်းပြည်ကိုလွှဲပြောင်းခဲ့ပြီး၊ ယနေ့အထိဆက်လက်တည်ရှိသည်။

ဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။

ပထမဦးဆုံးဆင်းသက်ခဲ့တာကတော့ Gifu စီရင်စုမှာရှိသော ဤတောင်ပဲဖြစ်ပါတယ်။

 


https://uranai007.com/281/

 

တိုင်းပြည်ကိုစပြီးတည်ထောင်လိုက်တာကတော့ Toyama စီရင်စုမှာရှိတဲ့ နှင်းတွေပြင်းထန်စွာကျသောအရပ်ပဲဖြစ်ပါတယ်။
အဲ့ဒီလို ကမ္ဘာကြီးဟာ Toyama ကနေအစပြုခဲ့တယ်လို့ ဆိုထားပါတယ်။
တစ်ကမ္ဘာလုံးကလည်း ဒါကိုလက်ခံနိုင်မှာမဟုတ်ဘူးလို့ထင်ပါတယ်။

သို့‌သော်..စကားမစပ်.. ဒီ “ 竹内文書Takeuchi monjo” ကိုထိန်းသိမ်းလာခဲ့သောဘုရားကျောင်းဆောင်ဟာ မူလက Toyama စီရင်စုမှာရှိခဲ့ပေမဲ့၊ ရွေ့ပြောင်းသွားပြီး Ibaraki စီရင်စုကိုရောက်သွားခဲ့ပါတယ်။

ဟဲ..
ဆိုပြီးအားပျော့တဲ့အသံ အားလုံးဆီကထွက်လာမှာဖြစ်ပေမဲ့ နောက်ထပ်နည်းနည်းရှင်းပြပါရစေ

五色人Goshikijin
ဘုရားကပြုလုပ်ခဲ့သောလူသားကို 五色人 လို့ခေါ်ပြီး၊ အရောင် ၅ မျိုးရှိတဲ့လူသားကိုဆိုလိုခြင်းဖြစ်ပါတယ်။
မျက်မှောက်ခေတ်လူသားတွေနဲ့ နှိုင်းယှဥ်ကြည့်ရင် ဒီလိုဖြစ်ပါတယ်။

Red people → Jewish, Native American
Black → African, India
Yellow people → Asian
Blue people → Scandinavian
Caucasian → European

တို့ပဲဖြစ်ပါတယ်။
ဘယ်လိုလုပ်ပြီးပြုလုပ်ခဲ့သလဲဆိုရင်တော့ ရွံ့နဲ့ပြုလုပ်တယ်ဆိုတဲ့ဘာသာရေးအယူအဆနဲ့မတူဘဲ၊ genetic engineering ဖြင့်ဖြစ်လာတယ်လို့ လက်ခံကြပါတယ်။
စာအုပ်ထဲမှာ genetic engineering ဆိုတဲ့အဓိပ္ပါယ်ကိုဘယ်လိုရေးထားသလဲ၊ အတော်လေးစိတ်ဝင်စားမိတယ်။

သို့သော် အမှန်တကယ်ကတော့ 五色人 ဆိုတဲ့အယူအဆဟာ အလှမ်းဝေးတဲ့ပြည်ပနိုင်ငံတွေရဲ့ဘာသာရေးမှာလည်း ရှိနေပြီး၊ အလိမ်အညာပဲလို့ပြောဖို့တောင်ခက်နေတဲ့အပိုင်းတွေ ရှိနေပါတယ်။

 

ヒヒイロカネ Hihiirokane

ဘုရားဟာကမ္ဘာတစ်ဝှမ်းကိုလှည့်လည်သွားလာခဲ့ချိန်စီးခဲ့သော ပျံသန်းယာဥ်တစ်မျိုးရှိတယ်လို့ပြောထားပြီး၊
ထိုယာဥ်ကိုပြုလုပ်ထားတဲ့သတ္တုကတော့ ヒヒイロカネ လို့အမည်ရှိပါတယ်။
သံချေးမတက်သောသတ္တုတစ်မျိုးဖြစ်ပြီး၊ နှစ်ပေါင်းထောင်ချီတိုင်ထွန်းလင်းတောက်ပနေတဲ့ သတ္တုလည်းဖြစ်ပါတယ်။
ဒီသတ္တုဖြစ်လုပ်ထားတဲ့ ဓါးနှင့်ကြေးမုံကို လူသားတို့လက်ထဲလွှဲပြောင်းခဲ့တယ်လို့ဆိုပါတယ်။

ဒါဟာဧကရာဇ်မိသားစုအတွင်း မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းလာတဲ့ ရတနာတစ်ခုပဲဖြစ်ပါတယ်။
ထိုရတနာရဲ့ပါဝင်ပစ္စည်းများကိုစစ်ဆေးကြည့်လျှင်အဖြေထွက်လာမှာပါ။ သို့ပေမယ့် နိုင်ငံ့ရတနာထဲကရတနာဖြစ်တာကြောင့် အဲ့ဒီလိုလုပ်ခွင့်မရှိပါဘူး….

စကားမစပ် ဒီလိုစီးတော်ယာဥ်မှာ လူ ၃၉၇ ဦးကိုပါတင်ဆောင်ပြီးထွက်ခွားသွားသည်လို့ ရေးသားထားတဲ့အတွက်၊ ထိုင်ခုံ ၅၀၀ လောက်ပါတဲ့ Boeing 777-300 အရွယ်လောက်ဖြစ်နိုင်ပါတယ်။

 

ကမ္ဘာပေါ်ရှိပညာရှိများသည်ဂျပန်မှထွက်ခွာခဲ့ကြသည်

ကမ္ဘာအနှံ့ပျံ့နှံ့နေသောလူတွေဟာ မိမိတို့တိုင်းပြည်အသီးသီးများကိုတည်ထောင်လိုက်ကြပေမဲ့၊ အချို့သောသူတွေဟာ အာဏာယူပြီးလူအများကိုဒုက္ခပေးခဲ့ကြပါတယ်။
ထိုအထဲကနေ အချို့သူတွေကဂျပန်မှာပညာသင်ဖို့လာခဲ့ကြပါတယ်။
သူတို့တွေကတော့ မောရှေ၊ ဗုဒ္ဓ၊ ကွန်ဖြူးရှပ်၊ ခရစ်တော်၊ Mahomet တို့ပဲဖြစ်ပါတယ်။
ဂျပန်မှာသင်ယူခဲ့သောသြဝါဒများကို နေရာအသီးသီးသို့ တစ်နေရာဆီဖြန့်ဝေခဲ့သည် လို့ဆိုထားပါတယ်။

ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီး တိုင်းပြည်အသီးသီးကနေ ကြီးကြီးမားမားဝေဖန်ကြမှာပါ။
ဒါပေမဲ့ ဒါဟာကျွန်တော်ရဲ့ ထင်မြင်ချက်မဟုတ်ဘဲ၊ Takeuchi စာတမ်းမှာရေးသားထားခြင်းကို ပြန်လည်ဖော်ပြခြင်းသာလျှင်ဖြစ်ပါတယ်။

စကားမစပ် မောရှေနဲ့ ခရစ်တော်ဟာ နောက်ဆုံးမှာဂျပန်ကိုပြန်လည်ပြီး သက်တော်ကုန်ဆုံးသွားတယ်လို့ဖော်ပြပြီး၊ အုပ်ဂူတွေထားတဲ့နေရာလည်းရှိတယ်လို့ရေးထားပါတယ်။
ဂျပန်လူမျိုးတွေလည်း မယုံကြည်ကြပေမဲ့…

 

ဆန်းကြယ်တဲ့တိုက်ကြီးတစ်ခုထွက်ပေါ်လာတယ်။

ဂျပန်ရဲ့ အရှေ့ဘက်မှာ ကြီးမားတဲ့တိုက်ကြီးတစ်ခုရှိခဲ့တယ်လို့ဆိုပါတယ်။
ဒါဟာလက်ရှိ၊ သိပ္ပံနည်းကျသက်သေပြနိုင်သည့် Atlantis တိုက်ကြီး၊ Mu တိုက်ကြီး ဖြစ်နိုင်ပါတယ်။
ရှေးဟောင်းစာတမ်းထွက်ပေါ်ချိန်က ဒီတိုက်ကြီးများအကြောင်းပြောဆိုထားခြင်းမရှိခဲ့ပေမဲ့၊ အတူတူပဲဖြစ်ပါတယ်။

 

ကမ္ဘာမြေကြီးစတင်လာရာကနေစပြီး၊ သဘာဝကပ်ဘေးများဖြစ်သည်အထိ

ကမ္ဘာမြေကြီးကိုဖန်ဆင်းခဲ့သောပုံစံကို ရုပ်ပုံဖြင့်ဆွဲထားပုံရပါတယ်
ပထမဆုံး ကမ္ဘာကြီးဟာ မီးလုံးကြီးသဖွယ်ကနေအစပြုခဲ့ပြီး၊ ပင်လယ်ကိုဖွဲ့စည်းကာ ကျောက်တောင်တွေရဲ့ထောင့်များဖြင့် ဝန်းရံထားခဲ့ပါတယ်။
ဒါဟာကမ္ဘာကြီးဖြစ်ပေါ်ခြင်းကို သိပ္ပံနည်းရှာဖွေခြင်းနဲ့ထပ်တူကျပါတယ်။

နောက်ပြီး သဘာဝဘေးဒဏ်ကြောင့် အရောင် ၅ မျိုးရှိတဲ့လူအများစုသေကြေပျက်ဆီးသွားကြတယ်လို့ရေးထားပါတယ်။
ဒါဟာ နောဧသင်္ဘောကြီးအဖြစ်အပျက်နဲ့ဆင်တူပါတယ်။

 

စကြာဝဠာရဲ့သမိုင်းက ပိုပြီးရှည်သလား?

ဒီစာအုပ်အရ ပထမဆုံးဧကရာဇ်ကို ဘီစီ ၃၁၇.၅ သန်းခုနှစ်တွင်မွေးဖွားခဲ့ပါတယ်။
အကယ်၍ ကိန်းဂဏန်းကအရမ်းကြီးလွန်းနေမယ်ဆို BC ဆိုတာအမှားအယွင်းတစ်ခုဖြစ်မယ်လို့ ခံစားရပါတယ်။
သိပ္ပံပညာမှာတော့ စကြာဝဠာဟာ 13.8 billion မတိုင်ခင်ကအစပြုခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒါထက် တောက်လျှောက်အရင်ကတည်းကရှိခဲ့တယ်ဆိုတာက စကြာဝဠာကြီးရဲ့အပြင်ဘက်ကနေရောက်လာခဲ့တာများလား?

ဒီစာရွက်စာတမ်းကို ကမ္ဘာသို့ဖြန့်ဝေခဲ့တာက ဒီနတ်ကွန်းရဲ့ ၆၆ မျိုးဆက်ဖြစ်သူ Kiyomaro Takenouchi ဆိုသူပဲဖြစ်ပါတယ်။
၁၉၁၀ ခုနှစ်တွင် Tenshinkyo လို့ခေါ်တဲ့ ဘာသာတရားသစ်တစ်ခုကိုတည်ထောင်လိုက်ပြီး၊ ထိုဘာသာမှာဤစာရွက်စာတမ်းကိုထုတ်ဝေခဲ့ပါတယ်။

ဒီပုဂ္ဂိုလ်ဟာ အမြင့် ၅၀ မီတာရှိတဲ့ကောင်းကင်ကိုပျံ့သန်းခဲ့တယ်လို့ဆိုပါတယ်။
၁၉၃၆ ခုနှစ်မှာ ဧကရာဇ်မင်း၏ဂုဏ်အသရေကိုစပ်စွဲပြီး၊ ၁၉၄၃ ခုနှစ်မှာအပြစ်ထင်ထားခဲ့ပေမဲ့၊ ၁၉၄၄ ခုနှစ်မှာအပြစ်ကင်းစင်သွားခဲ့ပြန်ပါတယ်။
ထိုအချိန်သိမ်းဆည်းရမိခဲ့သောမူရင်း Takeuchi စာရွက်စာတမ်းအား ရဲဌာနကထိန်းသိမ်းထားစဥ် တိုကျိုလေကြောင်းတိုက်ခိုက်မှုကြောင့် ဆုံးရှုံးခဲ့ရပါတယ်။
တကယ်ရှေးအချိန်ကရေးသားခဲ့တဲ့အရာဟုတ်မဟုတ်သိနိုင်ဖို့ စာတမ်းကိုစစ်ဆေးကြည့်ရင်သိနိုင်ပေမဲ့၊ ပျက်စီးသွားပြီဖြစ်လို့ စစ်ဆေးမရနိုင်တော့ပါဘူး။

သို့သော် အပြစ်လွတ်ခြင်းတဲ့အတွက် အကြောင်းရင်းတစ်ခုရှိခဲ့မှာသေချာပါတယ်။ သို့သော်ဒါကိုလည်း အသေအချာမသိနိုင်ပါဘူး။
လက်ရှိဖတ်ရှုနိုင်တာကတော့ ပြန်လည်ကူးယူထားသောအပိုင်းတွေသာလျှင်ဖြစ်ပါတယ်။

မှန်ကန်ကြောင်းသက်သေအထောက်အထားလည်းမရှိ၊ အတုဖြစ်ကြောင်းသက်သေအထောက်အထားလည်းမရှိပါ။
မျက်မှောက်ခေတ်သိပ္ပံပညာနဲ့စဥ်းစားကြည့်ရုံနဲ့ မဖြစ်နိုင်သလို၊ လက်ရှိကျွန်တော်တို့ရဲ့သိပ္ပံပညာက လိုက်မမီနိုင်သေးဘူးလို့လည်း တွေးနိုင်ပါတယ်။
တကယ်တော့ ကျွန်တော်လည်း သိပ္ပံရဲ့ အသိပညာကို အကြိမ်များစွာလေ့လာခဲ့ပါတယ်။

သင်ရော ဒီ “ 竹内文書Takeuchi monjo” ကိုယုံကြည်နိုင်ပါသလား?

 

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: