ဂျပန်လူမျိုးတို့ရဲ့ သွယ်ဝိုက်ပြီးပြောတတ်ကြတဲ့ “ လူမှုရေးကျင့်ဝတ်” ဆိုတာ..?
ဂျပန်လူမျိုးတွေကို နားလည်ရခက်တယ်လို့ အသိမိတ်ဆွေတွေပြောတာကြားဖူးမှာပါ။
ဘာကြောင့်လဲဆိုတော့ ဂျပန်လူမျိုးတွေဟာ ငြင်းရမယ့်ကိစ္စတွေနဲ့ မကောင်းတဲ့အခြေနေကိုပြောရမယ့်အခါ တိုက်ရိုက်မပြောကြဘဲ၊ ဟိုလိုဒီလိုသွယ်ဝိုက်ပြီးပြောကြတာက အဓိကဖြစ်နေလို့ပါပဲ။
လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ ပြဿနာကတောက်ကဆတ်တွေမဖြစ်ရအောင် သွယ်ဝိုက်ပြီးငြင်းနေတာတို့၊ မြှောက်ပင့်ပြီးပြောတတ်ကြတာတို့ … ဒါတွေကို လူမှုရေးကျင့်ဝတ်လို့ခေါ်ပါတယ်။
ချစ်သူများနေ့မှာ သဘောကျနေတဲ့လူဆီ ချောကလက်ပို့တတ်ကြတယ်။
သို့သော် ကြိုက်နေတာမဟုတ်ဘဲ ကုမ္ပဏီကအမျိုးသားဝန်ထမ်းတွေကိုလိုက်ပေးတဲ့ Giri choco ဆိုတဲ့ယဥ်ကျေးမှုတစ်ခုရှိတယ်။
ဒါဟာလည်း လူမှုရေးကျင့်ဝတ်အရလုပ်တဲ့အပြုအမှုတစ်ခုပဲဖြစ်ပါတယ်။
https://yoji.jitenon.jp/yojib/518.html
ဒါဖြင့် “ လူမှုရေးကျင့်ဝတ် = မုသာ” များဖြစ်နေမလာ?
လို့ပြောမယ်ဆို ဟုတ်ပါတယ်ထိုအတိုင်းပါ၊ ဒါဟာမုသာပဲဖြစ်ပါတယ်။
မုသာလို့ပြောလိုက်ရင် တစ်ဖက်လူကိုလိမ်လည်တာဖြစ်ပေမဲ့ ၊ လူမှုရေးကျင့်ဝတ်ကတော့ တစ်ဖက်လူကိုစိတ်ဒဏ်ရာမဖြစ်ရလေအောင် စဥ်းစားပေးမှုတစ်မျိုးဖြစ်ပါတယ်။
“ လိမ်ပြောနေပေမဲ့ ခံစားမိနေတယ်လေ….”
လို့ဆိုတဲ့အရာက လူမှုရေးကျင့်ဝတ် ပဲဖြစ်ပါတယ်။
ဟုတ်တယ်။ ဂျပန်လူမျိုးတွေက တော်တော်ရှုပ်တဲ့လူတွေပဲနော်…
ဥပမာ မတွေ့ချင်ဘူး၊ သူနဲ့ဆိုအပြင်အတူမသွားချင်ဘူး.. ဒါပေမဲ့တွေ့ဖို့လာခေါ်တဲ့အချိန် ဘယ်လိုငြင်းမလဲ?
“ နောက်တစ်ခေါက်မှတွေ့မယ်နော်…
ဒီဘက်ကနေပြန်ဆက်သွယ်လိုက်မယ်နော်…
သွားဖို့အဆင်ပြေရင်သွားမယ်လေနော်..”
ဒီလိုစကားတွေဟာ အခြေခံအားဖြင့် “ မသွားချင်ဘူး၊ မသွားဘူး” ဆိုတဲ့အဓိပ္ပါယ်ပေါက်ပါတယ်။
ပြတ်ပြတ်သားသားငြင်းလိုက်ရင် တစ်ဖက်လူကစိတ်နာသွားမလား? ဒါကိုမလိုလားတဲ့အတွက် နူးညံ့စွာငြင်းကြခြင်းပဲဖြစ်ပါတယ်။
အကယ်၍သာနောက်တစ်ကြိမ် တကယ်ဆန္ဒပါပြီးတွေ့ချင်တယ်ဆိုရင် တစ်ခါတည်းတွေ့မယ့်နေရာနဲ့အချိန်ကိုပါသတ်မှတ်တတ်ကြတာဟာ ဂျပန်လူမျိုးတွေရဲ့သဘောတရားပဲဖြစ်ပါတယ်။
ဒါကိုမလုပ်ဘူးဆိုတော့ လူမှုရေးကျင့်ဝတ်အရ နောက်တစ်ကြိမ်လည်းမတွေ့ချင်သေးပါဘူးလို့ပြောမှန်း မှတ်ယူနိုင်ပါတယ်။
သေချာပေါက် ၁၀၀ ရာခိုင်နှုန်းတော့မဟုတ်ပေမဲ့၊ ဖြစ်နိုင်ချေအများကြီးရှိနေတာက ဂျပန်ဘာသာစကားရဲ့နားမလည်နိုင်တဲ့ ထူးခြားမှုတစ်ခုပဲဖြစ်ပါတယ်။
အကယ်၍သင်ဟာ သူနဲ့အမှန်တကယ်တွေ့ချင်တယ်ဆိုရင် ဒီလိုပြောပါ။
“ ကောင်းပြီး။ ပြန်တွေ့မယ့်အချိန်ကို သတ်မှတ်ကြမလား?”
ဒီလိုပြောလိုက်တာတောင် တစ်ဖက်လူကရှောင်နေမယ်ဆိုရင်၊ သေချာနေပါပြီ သင့်ကိုနောက်တစ်ကြိမ်မတွေ့ချင်တော့ပါဘူး။
အစီအစဥ်တွေသေချာဆွဲပေးမယ်ဆိုရင်တော့ ဒါဟာလူမှုရေးကျင့်ဝတ်အရမဟုတ်တော့ဘဲ၊ အမှန်တကယ်တွေ့မယ်လို့ သတ်မှတ်နိုင်ပါတယ်။
စီးပွာရေးနယ်ပယ်ဖြစ်တဲ့ ထိုနည်း၎င်းပဲဖြစ်ပါတယ်။
“ ဒီပစ္စည်း ကောင်းတယ်နော်..”
ပစ္စည်းကောင်းတယ်ဆိုရင် တစ်ခါတည်းဝယ်သွားမှာပါ။
အကယ်၍ဈေးများနေရင်တောင် ဈေးစကားပြောပြီးညှိနှိုင်းကြည့်မှာပါ။ အဲ့ဒီလိုမှမဟုတ်ဘဲ ဒီပစ္စည်းကောင်းတယ်နော်လို့ပဲပြောမယ်ဆိုရင်တော့ .. အမှန်တကယ်စိတ်မဝင်စားဘူးဆိုတာ သေချာသလောက်ရှိနေပါပြီ။
အထူးသဖြင့် ဈေးနှုန်းနဲ့အသေးစိတ်အချက်တွေကိုမမေးဘဲ ဒီစကားလေးသာပြောတဲ့လူတွေက ၁၀၀ ရာခိုင်နှုန်းနီးပါး လူမှုရေးကျင့်ဝတ်အရပြောတာဖြစ်တဲ့အတွက် မယုံပါနဲ့..
“ 今度とお化けは出たことがない “
(ဒီတစ်ကြိမ် နဲ့ တစ္ဆေ ဟာဘယ်တော့မှထွက်လေ့မရှိဘူး)
ဂျပန်မှာ ဒီစကားပုံလေးတစ်ခုရှိပါတယ်။
また今度(နောက်တစ်ကြိမ်ပြန်တွေ့မယ်) လို့ပြောကြတဲ့လူတွေရဲ့စကားမှာ “ 今度” ဆိုတဲ့အသုံးအနှုန်းဟာ “ တစ္ဆေ” နဲ့နှိုင်းရလောက်အောင် မရေရာဘူးဆိုပြီးပြောခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ “ တစ္ဆေ” ဟာတွေ့ရခဲလို့ပဲဖြစ်ပါတယ်။
နားလည်ရခက်တဲ့ဂျပန်ဘာသာစကားရဲ့ပြောဆိုဆက်ဆံခြင်းမှာ တစ်ဖက်သားကိုစိတ်ဒဏ်ရာရမသွားစေမယ့်နည်းနဲ့ပြောကြပါတယ်။
ဒီလူမှုရေးလောကကျင့်ဝတ်ကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုခြင်းက ဂျပန်လူမျိုးတွေနဲ့ဆက်ဆံကိုပိုပြီးချောမွေ့စေမယ့် အရေးကြီးတဲ့ဗျူဟာတစ်ချက်ပဲဖြစ်ပါတယ်။
အချစ်ရေးမှာလည်းဒါကိုလိုအပ်တာကြောင့် ဂျပန်မှာနေဖို့လုပ်ထားမယ်ဆို “ နားမလည်ဘူး” ဆိုတာမျိုးမဟုတ်ဘဲ၊ ကျွမ်းကျင်စွာအသုံးချတတ်ဖို့လိုအပ်ကြောင်းပြောပြချင်ပါတယ်။
Kengo Abe