2020 ခုနှစ်ကိုပုံဖော်တဲ့ Kanji စကားလုံး !!! Kiyomizu-dera ဘုရားကျောင်း ကြေငြာပြီ !!!

နှစ်စဥ်နှစ်တိုင်းဒီလိုအချိန်ရောက်လာပြီဆိုရင်တော့ ဂျပန်နိုင်ငံမှာရှိတဲ့ နာမည်အ‌ကျော်ကြားဆုံးဗုဒ္ဓဘုရားကျောင်းထဲကတစ်ကျောင်းလည်းဖြစ် ကမ္ဘာ့အမွေအနှစ်လည်းဖြစ်တဲ့ Kyoto ရှိ Kiyomizu-dera ဘုရားကျောင်းဟာ “ တစ်နှစ်ပတ်လုံးအတွက် အသင့်တော်ဆုံး Kanji စကားလုံး” ကိုကြေငြာပေးလျှက်ရှိပါတယ်။

 

https://soranews24.com/2020/12/14/

 

ဂျပန် Kanji ကျွမ်းကျင်မှုအသင်းကရွေးချယ်ထားတဲ့စကားလုံးတွေထဲက တစ်နှစ်ပတ်လုံးအခြေအနေနဲ့ကိုက်ညီမယ့် တစ်ခုကိုရွေးချယ်ပါတယ်။ မနှစ်ကတော့ဂျပန်မှာရာစုနှစ်သစ်ဖြစ်တဲ့ 令和 Reiwa ခုနှစ်ကအစပြုခဲ့တာကြောင့် 令 rei ဆိုတဲ့စကားလုံးလေးကရွေးချယ်ခံရပါတယ်။

ဒီနှစ် ၂၀၂၀ အတွက် Kanji စကားလုံးကိုတော့ မနေ့က ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ကြေငြာခဲ့ပြီးပါပြီ။
အဲ့ဒါကတော့ 密 mitsu ဆိုတဲ့ Kanji တဲ့ !!

 

http://www.asahi.com/ajw/articles/photo/36183727

 

၂၀၂၀ ခုနှစ် ဇန်နဝါရီ‌လောက်ကနေစပြီး တစ်ကမ္ဘာလုံးမှာ coronavirus ကပ်ရောဂါကြီးပြန့်နှံ့လာပြီး ဂျပန်မှာလည်းတိုကျိုအစိုးရ Yuriko Koike ဟာ
– လူစုလူဝေးတွေရှောင်ပါ၊
– လေဝင်လေထွက်မရှိ ကန့်သတ်ထားတဲ့နေရာတွေရှောင်ပါ၊
– တစ်ဦးနဲ့တစ်ဦးနီးကပ်စွာစကားပြောခြင်းမှရှောင်ပါ။ ဆိုပြီးသတိပေးထားပါတယ်။

အင်္ဂလိပ်ဘာသာစကားအားဖြင့်တော့
“ crowded,
confined,
close contact” ဆိုတဲ့ “three Cs” ကိုရှောင်ခိုင်းတာဖြစ်ပြီး၊
ဂျပန်ဘာသာစကားအားဖြင့်
“ 密集 misshū,
密室 misshitsu နဲ့
密接 missetsu” ဆိုတဲ့ “ 密 mitsu” ၃ ခုကိုတွေ့ရပါတယ်။

 

ဒီအတွက်ကြောင့် “ 密 mitsu” ဆိုတဲ့ Kanji ဟာ လူတွေကြားထဲမှာအပြောအများဆုံးစကားလုံးဖြစ်နေပြီး ၂၀၂၀ ခုနှစ်အတွက် ပုံဖော်သောစကားလုံးအဖြစ်ရွေးချယ်ခံရပါတယ်။

ကဲ..ဒါဆိုနောက်နှစ် ၂၀၂၁ ခုနှစ်မှာလည်း ….
ဘယ် Kanji စကားလုံးက တစ်နှစ်ပတ်လုံးအတွက်ရွေးချယ်ခံရတဲ့စကားလုံးဖြစ်မလဲဆိုတာ JAPO နဲ့အတူစောင့်ကြည့်ရအောင်နော်…

 

JAPO Myanmar

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: