ဂျပန်မှာကျောင်းလာတက်မယ့်သူတွေ တရုတ်လူမျိုးတွေဆီမှာအလိမ်ခံရနိုင်ချေရှိ

မြန်မာကအစ အရှေ့တောင်အာရှကနေ ဂျပန်ကိုနိုင်ငံခြားပညာတော်သင်အဖြစ်လာကြတဲ့ ကျောင်းသားတွေတိုးသထက်တိုးလာပါတယ်။
အထူးသဖြင့် လက်ရှိမှာမြန်မာလူမျိုးတွေလည်းများလာပေမဲ့၊ ထိုနည်းတူစွာပဲ အန္တရာယ်ရှိတဲ့လူတွေလည်းများလာပါတယ်။


https://www.nishinippon.co.jp/item/n/496846/

 

ဗီယက်နမ်ဘက်မှာဖြစ်သွားတဲ့ လိမ်လည်မှုကတော့..
Suginami နိုင်ငံခြားဘာသာစကားသင်ကြားရေး ကုမ္ပဏီလီမီတက်
ဒီ ဝက်ဘ်ဆိုဒ်မှာ ကျောင်းသားတွေခေါ်ယူခဲ့ပါတယ်။
ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒီလိုကျောင်းမဟုတ်ဘဲ၊ ကျောင်းသားတွေရဲ့ဓါတ်ပုံကို အခြားဂျပန်စာသင်တန်းကျောင်းတစ်ခုကနေ ယူကူထားခြင်းသာဖြစ်ပါတယ်။
ဖော်ပြထားတဲ့နေရာမှာ ကျောင်းမရှိဘဲ၊ တိုက်ခန်းသာလျှင်ဖြစ်နေပါတယ်။

Homepage မှာတော့
. ငလျင်ဒဏ်ခုခံနိုင်တဲ့ကိုယ်ပိုင်ကျောင်းအဆောက်အအုံ
. ၂၄ နာရီပတ်လုံး အားလပ်ရက်လည်းအသုံးပြုနိုင်တဲ့ Self-study room, pc room
. ကျောင်းသားခန်းမနှင့် စက်ဘီးရပ်နားရန်နေရာ

ဒါတွေရှိတယ်လို့ရေးထားပေမဲ့၊ လက်တွေ့ဆောက်လုပ်ထားတဲ့တိုက်ခန်းမှာတော့ အဆောက်အအုံကအတော်လေးဟောင်းနွမ်းနေပြီး၊ ကိုယ်ပိုင်အဆောက်အဦးလည်းမဟုတ်ခဲ့ပါဘူး။
၂ လွှာမြောက်မှာရှိတဲ့တံခါးတစ်ခုမှာ သဲသဲကွဲကွဲမမြင်ရတဲ့ပုံစံနဲ့ ဒီနေ့ဝန်ထမ်းများရဲ့အခန်း၊ အခန်းနံပါတ် (၁) စာသင်ခန်း၊ စာကြည့်တိုက်လို့ရေးထားရုံကလွဲပြီး ဘာမှရှိမနေခဲ့ပါဘူး။

ဒီတိုက်ရဲ့ ၂ လွှာမြောက်ဟာ တရုတ်လူမျိုးကအားလုံးဝယ်ထားတာဖြစ်ပြီး၊ အဲ့ဒီအခန်းတစ်ခန်းမှာပုံမှန်ငှားရမ်းနေထိုင်တဲ့တရုတ်အမျိုးသမီးရဲ့အပြောအရ ကျောင်းပြန်ဖွင့်တာမျိုးတစ်ခါမှမတွေ့မိသေးဘူးထင်တယ် လို့သူမပြောပါတယ်။
လူဝင်လူထွက်လည်းမတွေ့မိဘူးလို့ပြောပါတယ်။
ဂျပန်ရဲ့ဘာသာစကားကျောင်းမှာ ကျောင်းဝင်ကြေးပေးပြီးနောက် အရည်အချင်းပြည့်မီကြောင်းလက်မှတ် (COE) ပြန်လည်ရရှိပါတယ်။

COE ကျလာတာနဲ့ ဂျပန်သံရုံးကိုသွားပြီး VISA လျှောက်ကြရပေမဲ့၊ ဒီစာရွက်စာတမ်းက အတုကြီးဖြစ်နေတယ်တဲ့…
စာရွက်စာတမ်းအစစ်ကိုသေသေချာချာကြည့်လာတဲ့ ဗီယက်နမ်ဘက်ကအေဂျင်စီလည်း လုံးဝမခွဲနိုင်လောက်တဲ့အထိ ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်.

ဒါဟာ လိမ်လည်မှုပါ။
မိမိကြိုးစားအလုပ်လုပ်ပြီးရလာတဲ့ပိုက်ဆံ၊ ဆွေမျိုးတွေနဲ့သူငယ်ချင်းတွေဆီကနေချေယူထားရတဲ့ အရေးကြီးတဲ့ပိုက်ဆံ
ဒါတွေကိုလိမ်ယူသွားတဲ့ တရုတ်လူမျိုးကို‌တော့ ဖမ်းမိခဲ့ပါတယ်။

ဂျပန်မရောက်ခင်သိရတဲ့ကျောင်းပုံစံကတစ်မျိုး ဟိုရောက်တော့တစ်မျိုးဖြစ်နေတယ်။ ဒီလိုပြဿနာကအရင်ကတည်းကရှိခဲ့ပေမဲ့ ဒီတစ်ခုတော့ကျောင်းလို့ခေါ်ဖို့တောင် တော်တော်ကိုဆိုးရွားတဲ့အခြေအနေဖြစ်ပါတယ်။
အချက်အလက်တွေကလည်းအတုကြီးဖြစ်နေလို့ VISA မကျတဲ့အတွက်၊ ဂျပန်သွားဖို့ မဖြစ်နိုင်တော့ပါဘူး။

လက်ရှိ ဂျပန်မှာတော့နိုင်ငံခြားသားပညာတော်သင်ကျောင်းသားတွေအတွက်ရည်ရွယ်တဲ့ ဂျပန်ဘာသာစကားကျောင်းတွေကို များသောအားဖြင့် တရုတ်လူမျိုးနဲ့ကိုရီးယားလူမျိုးတို့က တည်ထောင်ဖွင့်လှစ်ထားပါတယ်။
သူတို့တွေအကုန်လုံးကမကောင်းဘူးလို့မဆိုလိုသလို၊ ဂျပန်လူမျိုးတွေကလည်း မကောင်းတာမလုပ်ကြဘူးလို့မဆိုလိုပါဘူး။
ဒါပေမဲ့ ဒီဟာနဲ့စီးပွားဖြစ်လာတဲ့လုပ်ငန်းအနေနဲ့ကတော့ မကောင်းတဲ့လူတွေပိုများလာတယ်ဆိုတာ အသေအချာပါပဲ။

ကျောင်းကို ကရုတစိုက်ရွေးချယ်ပြီးသွားကြပါ။
အသိမိတ်ဆွေတွေကမိတ်ဆက်ပေးတဲ့ကျောင်းဆိုလည်း ကိစ္စတော့မရှိပါဘူး။ မိမိသဘောကျတဲ့ကျောင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း စုံစမ်းကြည့်ဖို့လိုအပ်ပါတယ်။
နောက်ပြီး visa ရနိုင်မယ့်ဂျပန်စာသင်တန်းကျောင်းတွေကို ဒီလို list လုပ်ထားတဲ့လူတွေလည်းရှိပါတယ်။
မိမိသွားမယ့်ကျောင်းနာမည်ပါ/မပါစစ်နိုင်ပါတယ်။

http://j-test.jp/souran/

အရေးကြီးတဲ့ပိုက်ဆံကို ယုတ်မာသူတွေလက်ထဲအလိမ်မခံရဖို့ သတိပေးနှိုးဆော်လိုက်ပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: