ကျွန်တော်တို့အားကျရတဲ့စတားဖြစ်ခဲ့သူ G A C H A P I N နှင့် M U K K U

ကျွန်တော်ကလေးဘဝက နေ့တိုင်းတစ်ရက်မပြတ်ကြည့်ခဲ့တဲ့ တီဗွီအစီအစဥ်တစ်ခုရှိပါတယ်။
အဲ့ဒါကတော့ Fuji TV ကထုတ်လွှင့်ခဲ့တဲ့ ကလေးအစီအစဥ် “ひらけ!ポンキッキ” ပဲဖြစ်ပါတယ်။
အစီအစဥ်ထဲမှာတော့ အမျိုးမျိုးသောအကြောင်းအရာတွေပါဝင်ပြီး၊ သဘာဝတရား၊ လူမှုရေး၊ စကားလုံး၊ ကိန်းဂဏန်း၊ စည်းကမ်း၊ စည်းချက်(ဂီတ)၊ အာရုံ(၅)ပါး စတဲ့သင်ရိုးညွှန်းတမ်း ၇ ခုပါဝင်ကာ၊ ကြည့်နေတဲ့ကလေးတွေကို မငြီးငွေ့စေတဲ့အပြင် ဗဟုသုတအသိများပို၍တိုးစေပါတယ်။

ကလေးတွေ အလွယ်တကူမှတ်မိနိုင်တဲ့သီချင်းများနဲ့ ခုချိန်ထိသီချင်းမဖွင့်ရင်တောင်ဆိုနိုင်တဲ့အထိ၊ ခေါင်းထဲမှာသေသေချာချာလေးစွဲသွားစေတဲ့ ဂီတများလည်း အများကြီးပါဝင်ပါတယ်။

ဒီအစီအစဥ်ထဲမှာ တက်ကြွစွာပါဝင်လှုပ်ရှားမှာကတော့…. သူတို့ ၂ ဦးပါပဲ။
G A C H A P I N နဲ့ M U K K U !!!!

ထိုအထဲမှာလည်းကျွန်တော်အပါအဝင် ယောက်ျားလေးများအရမ်းသဘောကျခဲ့တာက၊ G A C H A P I N လေးရဲ့ အားကစားအမျိုးမျိုးကိုစိန်ခေါ်နေတဲ့ အချက်ပါ။
ဒီအစီအစဥ်အားဖြင့် အားကစားတော်တော်များကို ပထမဆုံးအနေနဲ့သိလိုက်ရတဲ့အပြင်၊ အားလုံးကိုကျွမ်းကျင်စွာနဲ့လုပ်ဆောင်နိုင်တဲ့ G A C H A P I N လေးဟာ ကလေးတို့အားကျရတဲ့စတားတစ်ယောက် ဖြစ်ခဲ့ပါတယ်။

အဲ့ဒီထဲက တစ်ချို့ကိုမိတ်ဆက်ပေးမယ်နော်…

ကရာတေး

ကရာတေးလို့ပြောလိုက်ရင် ကြွေပြားခွဲတာလို့သိကြပေမဲ့၊ ဒီအစီအစဥ်မှာပဲစိန်ခေါ်ပြီး သားသားမီးမီးတို့သေသေချာချာသိသွားအောင် လက်တွေ့ပြသပေးပါတယ်။

 

Motocross


ကောင်းကောင်းမြင်ရပါ့မလား? ဆိုပြီး စိတ်တောင်မပူဘဲ တောင်ကုန်း ကမုကထစ်တွေကနေဆင်းလာတဲ့ပုံစံဖြစ်ပါတယ်။
အဲ့ဒီအချိန်လောက်မှာပဲ training wheelsကိုဖယ်ပြီးစက်ဘီးစစီးလာတဲ့ကျွန်တော်ဟာ G A C H A P I N လိုပဲလိုက်ပြီးလုပ်ကြည့်ချင်ခဲ့တယ်။ ဒါပေမဲ့ တိုကျိုမှာအဲ့ဒီလိုနေရာတွေမရှိတာကြောင့် မလုပ်လိုက်ရပါဘူး။
ဒါနဲ့ပဲ အနီးမှာရှိတဲ့လှေကားကို စက်ဘီးနဲ့ဆင်းကြည့်မယ်လို့စိန်ခေါ်လိုက်ပြီး လှေကားထစ်နည်းနည်းလောက်ဆင်းကြည့်မယ့်အချိန်မှာ ကြောက်ကြောက်နဲ့ဒူးတွေလည်းတုန်နေလို့ကောင်းကောင်းမဆင်းလိုက်ရဘဲ၊ တလိမ့်ခေါက်ကွေးပြုတ်ကျသွားတာကိုတော့ မှတ်မိနေပါတယ်။ (ရယ်လျက်)
အဲ့ဒီမှာတွေးမိလိုက်တာက G A C H A P I N တကယ်တော်ပါလားဆိုတဲ့ လေးစားမှုပါပဲ။
ကလေးတွေတော့ လုံးဝလိုက်လုပ်ဖို့မဖြစ်နိုင်ပါဘူး…

 

လေထီးခုန်ခြင်း

ငယ်ငယ်လေးထဲက လေထီးခုန်တဲ့လူတွေကိုအရမ်းအားကျခဲ့တဲ့ကျွန်တော်ဟာ ကြီးလာရင်သေချာပေါက်လုပ်မယ် ! ဆိုပြီးစိတ်ထဲမှာဆုံးဖြတ်ချက်ချခဲ့တယ်။ (ကလေးအတွေးနဲ့ပေါ့)
ဒါနဲ့အသက် ၂၄ နှစ်ရောက်လာတော့ ပထမဆုံးလေထီးခုန်ကြည့်ဖို့ challenge လုပ်လိုက်တဲ့အချိန် G A C H A P I N ကိုပြန်ပြီးသတိရခဲ့တယ်။

 

Scuba Diving

ဒါကလည်း အရမ်းမိုက်ပါတယ်။
ကမ္ဘာတစ်ဝှမ်း အမျိုးမျိုးသောတီဗွီအစီအစဥ်မှာ သားသားမီးမီးတို့အကြိုက်ဇာတ်ကောင်အမြောက်အများရှိပေမဲ့၊ သူတို့တွေပင်လယ်ထဲအထိ ရေငုပ်ဖူးပါသလား?

 

လှိုင်းစီးခြင်း

ပင်လယ်အနက်ထဲမှာသာမကဘဲ၊ ရေပြင်ပေါ်မှာပါ အထူးကျွမ်းကျင်တာက G A C H A P I N ရဲ့ချီးကျူးစရာကောင်းတဲ့အချက်ပါပဲ။ ဘာကြောင့်ဒီလိုဝတ်စုံကြီးနဲ့ လှလှပပလှိုင်းစီးနိုင်ရသလဲနော်?
ရေလွှာလျှောစီးဖူးသူတွေဆိုရင် ဒီလိုပုံစံနဲ့စီးနိုင်ဖို့ ဘယ်လောက်ခက်ခဲမလဲဆိုတာကို နားလည်မယ်လို့ထင်ပါတယ်။

 

Wind surfing

လှိုင်းစီးတာထက်ပိုလွယ်မှာပဲ? လို့ထင်မိခဲ့ရင် Wind surfing မလုပ်ဖူးတာသေချာတယ်လို့ပြောနိုင်ပါတယ်။
ကျွန်တော် Guam ရဲ့ ပင်လယ်မှာ ငှားပြီး Wind surfing ကို challenge လုပ်ဖူးပါတယ်။ ဒါပေမဲ့ လုံးဝထင်ထားတဲ့အတိုင်း မဖြစ်ဘဲ၊ တစ်ဖြည်းဖြည်းလှိုင်းနဲ့ပါသွားပြီး နောက်ဆုံးကျွန်တော်ကိုပြန်ကယ်ဆယ်လိုက်ရတယ်။ အမှတ်တရလေးပါ။
တကယ့်ကိုခက်ပါတယ်။
မျှောသွားပြီးကြောက်နေတဲ့အချိန် စိတ်တော့မရှိပါနဲ့ G A C H A P I N အကြောင်းကိုလုံးဝသတိမရခဲ့ပါဘူး။

 

Wake Board

လှိုင်းစီးရတာနဲ့တင် တော်တော်ကြောက်ဖို့ကောင်းနေပါပြီ။ ဒါကိုတောင်မှပိုပြီးကြောက်ဖို့ကောင်းတာကတော့ Wake Board ပါပဲ။
G A C H A P I N ရဲ့ အံ့သြစရာကောင်းလောက်တဲ့အထိဟန်ချက်ညီညီထိန်းနိုင်မှုက သားသားမီးမီးတို့အကြိုက်ကာတွန်းဇာတ်ကောင်တွေထဲမှာ ကမ္ဘာ့နံပါတ် ၁ ပဲလို့ထင်ပါတယ်။

 

Yabusame

Yabusame ဆိုတာကတော့ ဂျပန်ရဲ့ရိုးရာဓလေ့ပွဲတစ်ခုဖြစ်ပါတယ်။
မြင်းစီးပြီး တစ်ဟုန်ထိုးပြေးနေရင်းနဲ့၊ ပစ်မှတ်ကိုချိန်ကာမြှားပစ်ရတဲ့ပုံစံဖြစ်ပါတယ်။ ဒါဟာတော်တော်လေး ခက်ခဲတဲ့အလုပ်ပါ။
အရင်ဆုံး မြင်းမစီးတတ်လို့မဖြစ်ပါဘူး။
ဒီအချက်နဲ့တင်ကျွန်တော် challenge မလုပ်ဖြစ်တော့ဘူးရယ် (ရယ်လျက်)

ဒီအပြင်ပစ်မှတ်ကိုချိန်ရပါတယ်။
ရွေ့လျားနေတဲ့ကားထဲကနေ ပစ္စည်းတစ်ခုကိုလှမ်းပစ်ရင် ပစ်မှတ်ကိုဘယ်လိုမှမထိနိုင်ဘူးဆိုတာ စာဖတ်သူတို့မြင်ယောင်ကြည့်နိုင်မှာပါ။
ခုန်ပေါက်နေတဲ့မြင်းပေါ်ကနေ ပစ်ဖို့ဆိုတာ ပိုလို့တောင်ခက်ပါသေးတယ်နော်။
ဒါကိုတောင်မှ ပစ်မှတ်ကွက်တိထိတာကြောင့် G A C H A P I N ဟာအရမ်းတော်ပါတယ်။

သားသားမီးမီးတို့အတွက်အစီအစဥ်ဖြစ်ပေမဲ့ အသက်ကြီးလာလို့အခုချိန်မှာပြန်ကြည့်လည်း ကျွန်တော်စိတ်လှုပ်ရှားနေတုန်းပါ။
မဟုတ်သေးဘူး လူကြီးဖြစ်လာလို့ အားကစားတစ်ခုချင်းစီကဘယ်လောက်တောင်ခက်ခဲသလဲ နားလည်လာတာကြောင့်၊ ပိုလို့တောင် စိတ်လှုပ်ရှားမိတယ်။

ကျွန်တော်တို့တွေ သူတို့ရဲ့ လှုပ်ရှားပြသမှုကိုကြည့်ရင်း သင်ယူခဲ့ရပါတယ်။
နောက်ပြီး မျိုးဆက်တူကလေးတွေလည်း ဒီဇာတ်ကောင်လေးကိုချစ်ခဲ့ကြပါတယ်။
ဂျပန်လူမျိုး ၉၅ % ခန့်လောက်ဟာ နာမည်ကိုချက်ချင်းပြောနိုင်လောက်တဲ့အထိ အသိအမှတ်ပြုကြပါတယ်။

G A C H A P I N နဲ့ M U K K U ဟာ ကလေးအများစုရဲ့ အိပ်မက်နဲ့မျှော်လင့်ချက်ကိုပေးခဲ့တဲ့အပြင် ဒီအစီအစဥ်က သူတို့တွေကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ အစီအစဥ်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းရှိ ကလေးများအားလုံးလည်း ဒီအစီအစဥ်လေးကိုကြည့်နိုင်မယ့်နေ့ရောက်လာဖို့မျှော်လင့်နေပါတယ်။

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: