အလုပ်လာလုပ်မည့်သူများနဲ့ နိုင်ငံတကာကျောင်းသားများအတွက် immigration လျော့ချပြီး !!!!
ကိုရိုနာဗိုင်းရပ်စ်ကြောင့်ခေတ္တကာကွယ်စီမံဆောင်ရွက်မှုတွေလုပ်ခဲ့တဲ့ ပြည်ဝင်ခွင့်လူဝင်မှုကြီးကြပ်ရေးကန့်သတ်ချက်က ဒီနေ့ ၁ ရက်နေ့ကနေစပြီး ကမ္ဘာတစ်ဝှမ်းလုံးအတွက်လျော့ချလိုက်ပါပြီး….
အလုပ်နဲ့ဂျပန်လာသူ ဗီယက်နမ်နိုင်ငံသားတစ်ဦးရဲ့အတွေ့အကြုံကိုမေးကြည့်တဲ့အခါ…
“ စစချင်းလာတဲ့အချိန် စစ်ဆေးတာကိုတော်တော်လေးအချိန်ပေးလိုက်ရတာကြောင့် နည်းနည်းတော့ပင်ပန်းတယ်။ အခုကနေစပြီး ကြိုးစားသွားပါမယ်”
ဂျပန်အစိုးရက နိုင်ငံအားလုံးနဲ့ဒေသအားလုံးအတွက် ပြည်ဝင်ခွင့်ကိုတစ်ဖြည်းဖြည်းလျော့ချပေးနေပါပြီး။
ပြည်ဝင်ခွင့်အတွက်ချပေးတာကတော့ စီးပွားရေးသမားတွေနဲ့၎င်းတို့ရဲ့မိသားစု၊ ပြီးရင်နိုင်ငံတကာကျောင်းသားတွေပါ..
ကန့်သတ်ချက်အနေနဲ့ကတော့ ၁ ရက်ကိုအများဆုံး လူ ၁၀၀၀ ပဲဝင်ခွင့်ပြုထားပါတယ်။
ဝင်ခွင့်ရပြီးသူတွေက လေဆိပ်မှာစစ်ဆေးမှုခံယူရပြီးတဲ့အပြင် နိုင်ငံတွင်းရောက်လာတာနဲ့ ၁၄ ရက်လောက် public transportation တွေမသုံးရပါဘူး။
အိမ်မှာပဲစောင့်ဆိုင်းဖို့တော့ တောင်းဆိုထားတယ်။
ကဲ.. အားလုံးအတွက်သတင်းကောင်းပါ…
အစိုးရကလည်းလုပ်စရာရှိတာလုပ်နေသလို၊ ဆေးဘက်ဆိုင်ရာကလည်း သူ့အလုပ်သူလုပ်နေတာကြောင့် လက်ရှိဂျပန်သွားဖို့စောင့်ဆိုင်းနေရသူအားလုံး မကြာခင်အခွင့်အလမ်းတွေပြန်ရောက်လာပါတော့မယ်… ကြိုတင်ပြင်ဆင်ထားကြတော့နော်…
အားလုံး Good Luck ပါ….
JAPO Myanmar