
Morisaki Win (အဝင်း) က မြန်မာလူမျိုးပညာတော်သင်ကျောင်းသား အေးမင်း အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဂျပန်မှာ Mangaပညာသင်ဖို့ရွေးချယ်ခံခဲ့ရတဲ့ မြန်မာလူမျိုးပညာတော်သင်ကျောင်းသားနဲ့ ဂျပန်သူရဲမလေးတို့ရဲ့ အချစ်ဟာသဇာတ်လမ်းတွဲလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းတွဲရဲ့နာမည်က‌တော့ “彼女が成仏出来ない理由”(Kanojo ga Joubutsu Dekinai Riyuu )
“သူမ မကျွတ်လွတ်ရတဲ့ အကြောင်းအရင်း” လို့ အဓိပ္ပါယ်ရပါတယ်။

 

https://stat.ameba.jp/user_images/20200828/16/akkunkandora/89/56/j/o0803080314810970163.jpg?caw=800

 

ဒီဇာတ်လမ်းတွဲကိုတော့ စက်တင်ဘာလ ၁၂ရက်နေ့ကနေစပြီး ဂျပန်နိုင်ငံမှာထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ အေးမင်းဆိုတဲ့ မြန်မာလူမျိုးကောင်လေးတစ်ယောက်ဟာ ဂျပန် manga ကိုအလွန်နှစ်သက်ပြီး manga ဆရာဖြစ်ချင်တဲ့ အိမ်မက်နဲ့ ဂျပန်နိုင်ငံမှာပညာသင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

ကံကောင်းစွာနဲ့ပဲ မြန်မာနိုင်ငံကနေ ဂျပန်မှာ ပညာတော်သင်ဖို့ ရွေးချယ်ခံရလိုက်ရတယ်။
အဲဒီနောက် သူ့ရဲ့ အိမ်မက်တွေရှိရာ ဂျပန်နိုင်ငံသို့ရောက်လာပြီး အဆောင်ငှားနေရာမှ သူငှားလိုက်တဲ့အဆောင်က သရဲရှိတဲ့အဆောင်ဖြစ်နေပါရော. . .
နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကတော့ ဒီအောက်ကဝက်ဘ်ဆိုက်မှာ ကြည့်လို့ရပါတယ်နော်။

(link အားနှိပ်ပါ)

http://www.nhk.jp/p/kanobutsu/ts/384QGZM4LK/

ဒါနဲ့ စကားမစပ် . . . ဂျပန်ကို အိမ်မက်ကိုယ်စီနဲ့ သွားကြဖို့ ကြိုးစားနေတဲ့သူတွေ၊ စောင့်ဆိုင်းနေရတဲ့သူတွေ အများကြီးရှိတယ်နော်။
အားလုံးပဲ ဒီခက်ခဲနေတဲ့ကာလကိုကျော်လွှားပြီး အမြန်ဆုံး အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

Ei Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: