အဲ့ဒိုခေတ်ကလူတွေအရမ်းခုံမင်ခဲ့ကြတဲ့ အယူသီးခြင်းဆိုတာ !!!

ရုတ်တရက်ဖြစ်ပေမဲ့ 験担ぎ (げんかつぎ)Genkatsugi ဆိုတဲ့ ဝေါဟာရကိုသိပါသလား?
ဂျပန်စာကျွမ်းကျင်တဲ့လူတွေအတွက်တော့ ဘာကိုဆိုလိုသလဲဆိုတာ နားလည်ကောင်းနားလည်နိုင်ပါတယ်။

験(げん)ဆိုတာက အတွေ့အကြုံဆိုတဲ့အဓိပ္ပါယ်။
担ぐ ဆိုတာက “ မ” လိုက်တယ်၊ ယူလာတယ်ဆိုတဲ့အဓိပ္ပါယ်ဖြစ်တာကြောင့် ပေါင်းလိုက်မယ်ဆို

အတွေ့အကြုံကို ထပ်ကာထပ်ကာယူတယ် ဆိုတဲ့အဓိပ္ပါယ်ဖြစ်သွားပါတယ်။

ဆိုလိုချင်တာကတော့ ကံကောင်းခြင်းတွေနဲ့ကြုံတွေ့လိုက်ရတဲ့အခိုက်အတန့်တွေ နောက်တစ်ကြိမ်ပြန်ရရှိဖို့ ကံကောင်းခဲ့တဲ့နေ့ကလုပ်ခဲ့တဲ့အပြုအမှုကိုပြန်လုပ်တာပဲဖြစ်ပါတယ်။

ဥပမာအနေနဲ့ “ ညာခြေထောက်ကနေ ဖိနပ်စပြီးစီးတဲ့နေ့က အလုပ်မှာအဆင်ပြေခဲ့တယ်ဆိုပါစို..
ကောင်းပြီး အဲ့ဒါဆို နေ့တိုင်းညာခြေထောက်ကနေစပြီး ဖိနပ်စီးသွားမယ် !”

ဒါဟာ 験担ぎ Genkatsugi ပဲဖြစ်ပါတယ်။ (ကံကောင်းခြင်းတွေကို ထပ်ခါတလည်လည်ဖြစ်စေခြင်းအပြုအမှု)
ပြောချင်တာကတော့ အယူသီးခြင်းပေါ့…

ဂျပန်လူမျိုးတွေ ရူးနေသလာ? ဦးနှောက်မှကောင်းသေးရဲ့လား?
လို့ သင်တွေးမိမှာပါ…
ကောင်းပါတယ် မရူးသေးပါဘူး…

ဟာ! ငါဒီနေ့ ညာခြေထောက်ကနေ ဖိနပ်စစီးလိုက်ပြီး ဒီနေ့တော့ကံကောင်းတော့မယ် ! လို့တွေးလိုက်တာကနေစပြီး ကံကောင်းခြင်းတွေကဝင်လာပါတယ်။
အင်..အဲ့ဒီလိုပြောရမှာထက် ပြဿနာတွေရှိလာခဲ့ရင်တောင် အကောင်းဘက်ကနေတွေးနိုင်လာပါတယ်။

အနုတ်လက္ခဏာအတွေးဟာ ပတ်ဝန်းကျင်မှာ အနုတ်လက္ခဏာ စိတ်ညစ်စရာတွေကိုပိုဖြစ်စေပြီး ကံကောင်းခြင်းတွေကိုလာဘ်ပိတ်စေတာကြောင့် အကောင်းဘက်ကနေတွေးတတ်ဖို့ အရေးကြီးပါတယ်။

ဒါဆို လက်တွေ့ အနေနဲ့ ဂျပန်မှာဘယ်လို အယူသီးခြင်းတွေရှိလဲ ကြည့်ရအောင် !!!!

 

Dojo’s shop

https://e-asakusa.jp/wp-content/uploads/20130418_komagata-dozeu_002-1024×683.jpg

 

Dojo ဆိုတာကိုသိပါသလား? ငါးရှည့်လိုမျိုးအကောင်သေးသေးငါးတစ်မျိုးဖြစ်ပြီး တိုကျိုရဲ့မြို့ထဲမှာတော့ တော်တော်များများစားကြတဲ့ ငါးဖြစ်ပါတယ်။

 

 

どじょうDojo ဖြစ်တာတောင် ဆိုင်းဘုတ်မှာ どぜうDoze လို့ရေးထားတယ်။
1801 ခုနှစ်ကနေဆက်ပြီးဖွင့်လာတဲ့ 駒形(こまがた)どぜうDoze လို့ခေါ်တဲ့ဆိုင်ရှိပါတယ်။ “どじょう”Dojo ဆိုပြီး ဆိုင်းဘုတ်မှာရေးခဲ့တယ်.
ဒါပေမဲ့ ဆိုင်ဖွင့်ပြီးမကြာခင်မှာပဲ မီးလောင်ပြီးပြာကျသွားပါတယ်။

အက္ခရာ ၄ လုံးဖြစ်လို့ ကံဆိုးသွားတယ်ဆိုပြီး အက္ခရာ ၃ လုံးပဲလုပ်လိုက်ကာ どぜう Doze ဖြစ်သွားတယ်…
ဒီအက္ခရာကြောင့်ပဲ ကံကောင်းခဲ့တာလာ? နှစ် ၂၀၀ လောက်ကြာသွားတဲ့ လက်ရှိအချိန်ထိလည်း ဒီဆိုင်ဟာရောင်းကောင်းတဲ့ဆိုင်အဖြစ် စီးပွားလာဘ်တွေတက်ခဲ့ပါတော့တယ်။
အဲဒို (လက်ရှိတိုကျို) မှာနေထိုင်တဲ့လူတွေက အထူးသဖြင့် အယူသီးခြင်းကို အရမ်းသဘောကျကြပါတယ်။

ဒီဆိုင်ရဲ့ပတ်ဝန်းကျင် Asakusa ရဲ့အနီးနားမှာတော့ Dojō ဟင်းလျာရောင်းတဲ့ဆိုင်တွေအများအပြားရှိပေမဲ့၊ ဆိုင်အများစုဟာ どぜう Doze ဆိုတဲ့ဆိုင်းဘုတ်ကိုပဲ ထောင်ထားကြပါတယ်။

စကားမစပ် Dojō ဟင်းလျာ ဆိုတာကတော့ ဒီမှာပါ…

 

https://matome.miil.me/articles/SdiSpR3w

 

Greater burdock , Pond loach ငါးလေးကို ကြက်ဥနဲ့ပေါင်းထားပြီး အဲ့ဒီနေရာမှာ ကြက်သွန်မြိတ်များများနဲ့စားရပါတယ်။

သံဓါတ်နဲ့ ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝတာကြောင့် သွေးအားနည်းတဲ့မိန်းကလေးတွေပိုပြီးစားသင့်ပါတယ်။

တစ်ခြားမှာလည်းရှိပါတယ်။
အနိုင်ရသူကတော့ ဒီမှာပါ

Katsu curry → winning curry

ရာထူးကနေနှုတ်ထွက်သွားခဲ့တဲ့ ဝန်ကြီးချုပ်‌‌ဟောင်း Shinzo Abe ဟာလည်း ရွေးကောက်ပွဲမတိုင်ခင်က Katsu curry ကိုစားခဲ့တယ်တဲ့….

 

KitKat → သေချာပေါက်နိုင်မှာပါ


https://www.amazon.co.jp/Nestle-ネスレ-ネスレ日本-キットカット-14枚×12袋/dp/B00O8OFHW0

ဂျပန်ရဲ့ baseball လောကမှာ နာမည်ကြီးဒါရိုက်တာအဖြစ်နဲ့အောင်မြင်ခဲ့တဲ့ Katsuya Nomura ဟာလည်း ကံကြမ္မာကိုစမ်းသပ်ခဲ့ပုံရပါတယ်။
ဆက်တိုက်အနိုင်ရတည်းက ရှုံးတဲ့အထိ အတွင်းခံဘောင်းဘီမပြောင်းခဲ့ပါဘူး။ (ဒါဘယ်လိုဖြစ်မလဲဆိုတာကို တွေးမိပါသလား)
ရှုံးသွားတဲ့နေ့ကတော့ ခါတိုင်းနဲ့မတူတဲ့လမ်းနဲ့ပြန်ပါတယ်။

အမေရိကန်မှာလည်း အကြီးအကျယ်အနိုင်ရခဲ့တဲ့ Ichiro ကစားသမားဟာ ပြိုင်ပွဲနေ့အထိ မနက်တိုင်း curry ကိုစားတယ်။ ပြိုင်ပွဲမစခင်ညမှာတော့ အမဲလျှာကိုစားခဲ့ပါတယ်။
သူဟာ ဖိနပ်စီးတဲ့အလေ့အထကနေစပြီး တံခါဖွင့်တဲ့လက်အထိ အသေးစိပ်လုပ်ဆောင်ခဲ့ပါတယ်။

တိုကျိုရဲ့ baseball အသင်း၊ Yomiuri Giants ရဲ့ ဘောလုံးစပစ်သူ Taku Egawa ဟာ၊ ပြိုင်ဘက်ဖြစ်သူကိုစားပစ်မယ်!!! ဆိုပြီး ပြိုင်ပွဲမတိုင်ခင်က စားမယ့်အစာကိုရွေးချယ်စားသုံးခဲ့ပါတယ်တဲ့ !!!

အကယ်၍ ဟီရိုရှီးမားကပြိုင်ဘက်ဖြစ်မယ်ဆိုရင်တော့ ဟီရိုရှီးမားရဲ့နာမည်ကြီးအစားအစာ ကမာကြော်ကိုစားဖြစ်မှာပါ!!!
အကယ်၍ Hanshin Tigers ဟာသူရဲ့ပြိုင်ဘက်ဆို၊ Toraya လို့ခေါ်တဲ့ နာမည်ကြီးဂျပန်မုန့်ဆိုင်ရဲ့ Yōkan ကို စားမှာပါ။
(စကားမစပ် Toraya ဆိုတာ တိုကျိုမြို့ရှိဆိုင်တစ်ဆိုင်ကိုပြောတာပါ)

အကယ်၍ ဘောလုံးပြိုင်ဘက်ထဲမှာ Shinji Kagawa ဟာ ပြိုင်ပွဲမှာပါလာခဲ့ရင် သေချာပေါက် အတွင်းခံဘောင်းဘီအပန်းရောင်ဝတ်မှာပါ !!!

စကားမစပ် ကျွန်တော်ဟာ၊ ၁၀ လပိုင်း ၁၈ ရက်နေ့မှာမွေးဖွားခဲ့ပြီး နံနက် ၁၀ နာရီ ၁၈ မိနစ်လောက်မှာနာရီကိုကြည့်လိုက်ရင် အဲ့ဒီနေ့ဟာ ကံကောင်းတဲ့နေ့ပဲလို့ယူဆထားပါတယ်။
ဒါကြောင့် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်လောက်ကနေ နာရီကိုတစိမ့်စိမ့်နဲ့စောင့်ကြည့်ပါတယ်။
တစ်စုံတစ်ယောက်ကပြောလို့မဟုတ်ဘဲ၊ မိမိဘာသာစိတ်ကြိုက်လုပ်လိုက်တဲ့ ကံကောင်းခြင်းအယူအစွဲတစ်ခုပါပဲ။

လူတိုင်းကလုံးဝအခြေအမြစ်မရှိတဲ့အရာတစ်ခုကိုလုပ်နေပါတယ်။
အပန်းရောင်အတွင်းခံ ကရော ဘယ်လိုမျိုးသက်ရောက်မှုရှိမှာလဲ..ဆိုပြီးတွေးနိုင်ပေမဲ့ …..
အဲ့ဒါနဲ့အတူ ကိုယ်တိုင်အကောင်းမြင်တဲ့အတွေးနဲ့တွေးလိုက်မယ်ဆို ရလဒ်ကောင်းတွေဆီရောက်သွားမှာြဖစ်ပါတယ်။

အောင်မြင်နေသူတွေမှာလည်း 験担ぎ (ကံကောင်းခြင်းတွေကို ထပ်ခါတလည်လည်ဖြစ်စေခြင်းအပြုအမှု) ကိုလုပ်နေတဲ့လူတွေအများကြီးရှိတယ်ဆိုတာ ဒါ့ကြောင့်ပါ…..

ဒါဆိုသင်လည်းပဲ ကိုယ်ပိုင်ကံကောင်းခြင်းအယူအစွဲ မထားကြည့်ချင်ဘူးလား?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: