Urashima Taro (လိပ်)ပုံပြင်ရဲ့ ကြောက်စရာကောင်းတဲ့ နောက်ခံသမိုင်း !!!!

ကလေးတွေကိုပြောပြတဲ့ နတ်သမီးပုံပြင်တို့ ယုံတမ်းစကားတို့ဆိုတာ အရင်ကတည်းကဒဏ္ဍာရီဆန်ပြီး ထိတ်လန့်အံ့သြဖွယ်ရာတွေနဲ့ပြည့်နေတာ သိထားကြသူတွေအများကြီးရှိမယ်လို့ထင်ပါတယ်။
ဒိန်းမတ်နိုင်ငံကနေ ကမ္ဘာအနှံ့ပြန့်သွားတဲ့ Andersen ဆိုတဲ့ပုံပြင်ဟာလည်း မူလကထိတ်လန့်စရာကောင်းတဲ့အကြောင်းအရာတွေ ပြည့်နက်နေပါတယ်။

ဂျပန်ပုံပြင်တွေလည်း ထိုနည်း၎င်းပါပဲ…

 

https://ja.wikipedia.org/wiki/浦島太郎

 

ကျွန်တော်တို့ ကလေးတွေကိုပြောပြကြသလိုပဲ
ကမ်းခြေမှာ ကလေးတွေအနိုင်ကျင့်ဆော့ကစားနေတဲ့ လိပ်ကိုကယ်တင်လိုက်တာကြောင့် ကျေးဇူးတင်ခံရပြီး ဟိုးပင်လယ်ရဲ့အောက်မှာရှိတဲ့ 竜宮城Ryūgūjō ဆိုတဲ့နန်းတော်ဆီသို့ လိုက်ပါခွင့်ရလိုက်ပါတယ်။
အဲ့ဒီနေရာမှာတော့ နေ့တိုင်းလိုလိုလှပတဲ့ငါးတွေရဲ့ ကပြဖျော်ဖြေမှုတွေကိုကြည့်ရင်း အရသာရှိတာတွေလည်းစားရပြီး ပျော်ရွှင်နေခဲ့ပေမဲ့၊ အိမ်ကိုလွမ်းလှပြီး ပြန်မယ်လို့လုပ်တဲ့အချိန်မှာတော့ 玉手箱(たまてばこ)Tamatebako ဆိုတဲ့ဘူးကို ထည့်ပေးလိုက်တယ်။

လုံးဝဖွင့်ကြည့်လို့မရဘူးဆိုပြီး အဲ့ဒီဘူးကိုပေးလိုက်တယ်ပေါ့…
Urashima Taro လည်း အဲ့ဒီဘူးကိုကိုင်ပြီးအိမ်ရှိရာ ကမ်းခြေသို့ပြန်ရောက်လာခဲ့တယ်။
ဒါပေမဲ့ ရေအောက်နန်းတော်ရဲ့အချိန်တွေစီးဆင်းမှုမတူညီတာကြောင့် Urashima ဟာ မရောက်ဖူးတဲ့ခေတ်ရဲ့ မြို့သို့ ရောက်သွားပါတယ်။
စိတ်ပျက်သွားတဲ့ Urashima ဟာ မဖွင့်ရဘူးလို့ မှာထားခဲ့တဲ့ဘူးကို ဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ တစ်ပြိုင်နက်တည်း မီးခိုးတွေထွက်လာပြီး ဆံပင်တွေအကုန်ဖြူစွတ်သွားကာ အဖိုးကြီးဖြစ်သွားရပါတော့တယ်။
ဒီအထိကတော့ ကလေးတွေကိုပြောပြတဲ့ အကြောင်းအရာလေးပေါ့….

အနိုင်ကျင့်ခံရတဲ့လူကို ကူညီကယ်တင်ပေးရမယ်၊ နောက်ပြီး မဖွင့်ရလို့ပြောထားရင် လုံးဝသွားမဖွင့်နဲ့ ဆိုပြီး
ကလေးတွေကိုတောင် သင်ခန်းစာပေးကြတယ်နော်….

“ ဖွင့်ကြည့်လို့မရမှတော့ ပေးမနေနဲ့တော့ပေါ့ ဆိုပြီးသံသယရောဖြစ်မိပါသလား?”

အမှန်ကတော့ ကလေးတွေအတွက် နားထောင်လို့ကောင်းအောင် ပြန်ပြီးလိမ်ညာထားတဲ့ ပုံပြင်တစ်ပုဒ်ပဲဖြစ်ပါတယ်။
ဒီပုံပြင်ရဲ့အစစ်အမှန်ကတော့ တော်တော်ဆိုးတယ်လို့ပြောကြပါတယ်။
ဒါဟာတကယ်လာ၊ ဘယ်ဟာကိုယုံရမလဲ? လို့သင်လည်းခံစားမိမှာပါ

Urashima Taro ရဲ့အကြောင်းကတော့ ….

Urashima Taro ဟာ မိန်းကလေးတွေစိတ်မဝင်စားသူဖြစ်ပြီး၊ ညတိုင်းလိုလို風俗မြို့မှာ သောက်ဖို့သွားပါတယ်။
ညဘက် မြို့ထဲမှာလျှောက်သွားနေရတာက သူ့ရဲ့နေ့စဥ်အလုပ်လိုဖြစ်ခဲ့ပါတယ်။

တစ်နေ့မှာတော့ ပုံမှန်လိုပဲ မြို့မှာလျှောက်ပတ်သွားလာနေတဲ့ Urashima တစ်ယောက် ကောင်းလေးတွေအုပ်စုလိုက်အနိုင်ကျင့်နေတဲ့ မိန်းကလေးကို ကယ်တင်လိုက်ပါတယ်။
အဲ့ဒီကောင်မလေးရဲ့ နာမည်ကတော့ カメKame(လိပ်) လို့ခေါ်ပါတယ်။
ထူးထူးဆန်းဆန်း တိရစ္ဆာန်နာမည်ကြီးမဟုတ်လား? လို့ထင်ရတယ်နော်…သို့သော် အရင်ခေတ်က တော်တော်လေးကိုကြားဖူးနားဝရှိတဲ့ နာမည်ပါ ….

ဒီ Kame ဟာ 風俗မြို့ရဲ့ အလှပဂေးလေးဖြစ်ပြီး သူမအလုပ်လုပ်နေတဲ့ဆိုင်ကတော့ 竜宮城Ryūgūjō  လို့အမည်ရပါတယ်။ ဒါနဲ့ပဲ ကျေးဇူးတင်တဲ့အနေနဲ့ Urashima ကို ခေါ်လာခဲ့တယ်ပေါ့…
နောက်ပြီးအဲ့ဒီဆိုင်မှာအလုပ်လုပ်နေတဲ့ မိန်းကလေးတွေဆီကလည်း Kame ကိုကယ်တင်ပေးလို့ ကျေးဇူးတင်ခံရပြီး စားပွဲသောက်ပွဲတွေနဲ့ တည်ခင်းဧည့်ခံကြပါတယ်။

စားသောက်ပွဲမှာ သေချာတာကတော့ အရက်တွေလည်းပါပြီး၊ ဒါ့အပြင်မူးယစ်စေတဲ့ဆေးတွေလည်း ပါဝင်ခဲ့ပါတယ်။
ဘိန်းလို့ခေါ်တဲ့ဆေးရွက်ကြီးကို ရှိုက်ရတဲ့ပုံစံဖြစ်ပြီး တန်ပြန်သက်ရောက်မှုအနေနဲ့ကတော့ စိတ်ခြောက်ချားစေပါတယ်။
ဒါကိုသုံးစွဲပြီး Urashima တစ်ယောက် ဂယောင်ခြောက်ချားတွေဖြစ်လာပါတော့တယ်။

သူအရမ်းသဘောကျသွားတဲ့ အဲ့ဒီဆိုင်မှာစားသောက်ရင်း စိတ်တွေထကြွလာတာနဲ့အတူ ဝတ်စလစ်ဖြစ်နေတဲ့မိန်းကလေးတစ်စုက ဝန်းရံခြင်းခံရပြီး၊
ဒါနဲ့ပဲ Urashima အတွက်တော့ ပျော်ရွှင်မှုအထွတ်အထိပ်တွေဆီ ရောက်လာခဲ့ပါတယ်။
ဒီလို ဂယောင်ခြောက်ချားဖြစ်ရင်း၊ သာယာရင်း အချိန်တွေဟာကုန်မှန်းမသိ ၃ နှစ်တောင်ကြာသွားခဲ့ပါတယ်.

မပြန်ရင်မဖြစ်တော့ဘူးဆိုတဲ့ အသိပြန်ဝင်လာတဲ့အတွက် ပြန်မယ့်အချိန်ရောက်လာတဲ့အခါမှာတော့ Kame ဟာ ဘူးသေးသေးလေးကို Urashima လက်ထဲထည့်ပေးလိုက်ပါတယ်။
အိမ်ပြန်ရင်း အဲ့ဒီဘူးလေးကိုစိတ်ဝင်စားလို့ဖွင့်ကြည့်လိုက်တဲ့ Urashima

အဲ့ဒီအထဲကထွက်လာတာကတော့ မူးယစ်ဆေးတွေပဲဖြစ်ပါတယ်။
အဲ့ဒီအငွေ့တွေကို ရှူရှိုက်ရင်း ဆေးရဲ့သက်ရောက်မှုကြောင့် လက်ရှိအသက်ထက်တစ်ဖြည်းဖြည်း အိုမင်းလာကာ နောက်ဆုံး သေသွားပါတော့တယ်။

ဒါရဲ့ အမှန်တရားကတော့ Kame ရဲ့လက်စားချေခြင်းပဲဖြစ်ပါတယ်။
Kame ဟာ ငယ်စဥ်ကလေးဘဝမှာ အရွယ်ရောက်အမျိုးသားတစ်ဦးရဲ့ စော်ကားခြင်းကိုခံခဲ့ရပါတယ်။ အဲ့ဒီအမျိုးသားကတော့ Urashima ကိုယ်တိုင်ပါပဲ……

အဲ့ဒီလို အစောပိုင်း Kame ကိုကယ်တင်ပေးခဲ့တဲ့နေရာကနေစပြီး အားလုံးကို လုပ်ဇာတ်ကြံခဲ့တာပါ…..
Kame ရဲ့ လက်စားချေခြင်းက ပြည့်စုံလှပါတယ်။
ဒါကတော့ Urashima Taro ရဲ့ လူတွေမသိတဲ့ အကြောင်းပဲဖြစ်ပါတယ်။

ကလေးတွေကို ဘယ်လိုမှပြောမထွက်တဲ့ ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ..
ယုံ၊ မယုံဆိုတာကတော့ စာဖတ်သူတို့ နှစ်သက်သလိုဆုံးဖြတ်နိုင်ပါတယ်။
သို့သော် အခိုင်အမာပြောနိုင်တဲ့အချက်တော့ ရှိပါတယ်။

“ မကောင်းတာကိုလုပ်မယ်ဆိုအဆပေါင်းများစွာ မိမိဆီတန်ပြန်သက်ရောက်မှုလာမယ်။”

Urashima လိုမဖြစ်ရအောင် ဖြောင့်မတ်မှန်ကန်စွာနဲ့ အသက်ရှင်သွားကြဖို့ နှိုးဆော်လိုက်ပါတယ်….

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: