ရည်မှန်းချက်တွေ 100% ပြည့်စုံလာစေမယ့် နည်းလမ်း..!!!

သူဌေးဖြစ်ချင်တယ်၊ ရုပ်ချောသူတစ်‌ယောက်ဖြစ်ချင်တယ်၊ အင်္ဂလိပ်စကားကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်။
စာဖတ်သူတို့လည်း အိပ်မက်ကိုယ်စီရှိကြမှာပဲနော်…

သို့သော် ထိုင်ပြီးပြောရုံသာပြောနေမယ်ဆိုရင်တော့ ဖြစ်လာမှာမဟုတ်ပါဘူး။
အဲ့ဒီအတိုင်းအသက်တွေသာအသက်တွေကြီးသွားပြီး နောင်တတွေသာရနေပါလိမ့်မယ်။

ဒီအိပ်မက်တွေလက်တွေ့ဖြစ်စေတဲ့ နည်းလမ်းကိုစမ်းသပ်ကြည့်ပါလား?
အိပ်မက်တွေတကယ်ဖြစ်လာဖို့ လိုအပ်တာ ၂ ခုတည်းပါ။
“ အသေးစိပ်ကျတဲ့လမ်းစဥ်” နဲ့ “ အလေ့အကျင့်ဖြစ်လာခြင်း” ဒီအရာ ၂ ချက်ပါ။

ပထမ ၁ ချက်၊ “ အသေးစိပ်ကျတဲ့လမ်းစဥ်” နဲ့ပတ်သက်ပြီး စဥ်းစားကြည့်ရအောင်..

အကယ်၍သင်ဟာ 100,000usd ကိုလိုချင်တယ်ဆိုပါစို့..
နောင် ၁၀ နှစ်အကြာနဲ့ထားပြီးတွက်ကြည့်ရအောင်
ငွေအကြောင်းကတော့ အရမ်းကိုရိုးရှင်းပါတယ်။ စားရုံပါပဲ။

100,000usd ÷ 10 years ÷ 12 month = 834usd/month

တစ်နည်းအားဖြင့် လတိုင်း 834usd စုသွားမယ်ဆိုရင် ၁၀ နှစ်အကြာမှာတော့ လိုချင်တဲ့ပမာဏကိုရောက်ရှိသွားပါလိမ့်မယ်။ သို့သော် ဒါဟာတကယ်မှဟုတ်ပါ့မလား?
စားဝတ်နေရေးစာရိတ်တွေစဥ်းစားကြည့်ရင် 1200usd တို့ 1500usd လောက်ဝင်ငွေမရှိပြန်တော့လည်း မဖြစ်နိုင်တာတွေပြောနေသလိုပါပဲ။
အဲ့ဒီလောက်ဝင်ငွေမရှိဘူးလေ…ဆိုတဲ့အခြေအနေမှာကတော့ ဒီနည်းလမ်း ၂ ခုခွဲထားပါတယ်။

(၁)အချက်
၁၀ နှစ်စီမံကိန်းကို နှစ် ၂၀ စီမံကိန်းအဖြစ်ပြောင်းလဲခြင်း။
ဒါဆိုစုသွားမယ့်ငွေပမာဏကို တစ်ဝက်လောက်လျှော့နိုင်ပါပြီ။
အဲ့ဒီထက်ခက်ခဲနေသေးမယ်ဆို နှစ် ၃၀၊ နှစ် ၄၀ စီမံကိန်းအဖြစ်ပြောင်းလဲလိုက်ပါ။
သို့သော် နှစ်တွေအကြာကြီးစောင့်မနေချင်ဘူးဆိုရင်တော့ နောက်ထပ်နည်းတစ်မျိုးရှိပါသေးတယ်။

လစာတိုးတဲ့နည်းလမ်းလေးကိုစဥ်းစားကြည့်ရအောင်…
သင့်ရဲ့အနီးအနားပတ်ဝန်းကျင်မှာ 11500usd လောက်ဝင်ငွေကောင်းနေတဲ့လူတွေကို တွေ့မိပါသလား?
ရှိမယ်ဆိုရင် သူတို့ရဲ့အလုပ်အကိုင်နဲ့မိမိရဲ့အလုပ်အကိုင်ကို ယှဥ်ကြည့်လိုက်ပါ။
အခုကနေစပြီး ၅ နှစ်အတွင်း အဲ့ဒီလူရဲ့ level ကိုအမီလိုက်ပြီး၊ အဲ့ဒီကနေစပြီး ၁၀ နှစ်စီမံကိန်းနဲ့ ပိုက်ဆံစုဖို့ plan ချလိုက်ရင်ရပါပြီ။

အဲ့ဒီလူနဲ့ မိမိရဲ့မတူတဲ့အချက်က အင်္ဂလိပ်စာကျွမ်းကျင်မှု၊ ဂျပန်စာကျွမ်းကျင်မှု ဆိုရင်ဘယ်လိုလုပ်မလဲ?
ဒါကအရမ်းကိုရိုးရှင်းပါတယ်။
နေ့စဥ် စကားလုံး ၅ လုံးကိုကျက်သွားပါ။
၁ နှစ်မှာ ၃၆၅ ရက်အတွင်း စကားလုံးရေ ၁,၈၂၅ လုံးကျက်မှတ်ပြီးသားဖြစ်သွားပါပြီ။
ဒါကို ၂ နှစ်အတွင်းဆက်လုပ်နေမယ်ဆိုရင်တော့ စကားပြောပိုင်းမှာလုံလောက်တဲ့ စကားလုံးပမာဏကို ကောင်းကောင်းကြီးကျွမ်းကျင်သွားပါမယ်။
စကားလုံးပမာဏတွေနဲ့ ကျွမ်းကျင်လာပြီဆိုရင်တော့ ဒါပြီးရင်ဝါကျပိုင်းပါပဲ။
လူတွေနဲ့စကားပြောပါ။
၅ နှစ်လောက်သာဆို လုံလုံလောက်လောက်အောင်မြင်တယ်ဆိုတာက တွက်ချက်နိုင်တယ်။
သို့သော် လူတော်တော်များများက ဒါကိုမလုပ်နိုင်ပါဘူး။
အဲ့ဒါရဲ့အရင်းအမြစ်ကတော့ နောက် အချက် ၁ ခုပါ။
“ အလေ့အကျင့်ဖြစ်လာခြင်း” နဲ့ဆိုင်ပါတယ်။

 

 

https://greatperformersacademy.com/images/images/Articles_images/the-only-success-habits-you-need.jpg

 

 “ အလေ့အကျင့်ဖြစ်လာခြင်း”
ကလေးဘဝက သွားတိုက်တာတို့၊ရေချိုးရတာတို့ လုပ်ဖို့ပျင်းခဲ့တယ်မဟုတ်လား?
စိတ်ရှုပ်လိုက်တာ…လို့တွေးခဲ့ပေမဲ့၊ အမေကနေပြောလို့သာလုပ်ရင်းနဲ့ပဲ သတိထားမိသွားတဲ့အချိန်မှာ သွားမတိုက်ဘဲအိပ်လိုက်ရင် စိတ်ထဲမှာမသန့်ရှင်းသလိုခံစားလာရတာ အသေအချာပဲနော်…
ဒါက ‌ “ အလေ့အကျင့်ဖြစ်လာခြင်း” ပါ။
နေ့တိုင်းထပ်ခါထပ်ခါလုပ်ရင်းနဲ့ အဲ့ဒါကဘဝရဲ့အစိတ်အပိုင်းတစ်ခုလိုဖြစ်လာပြီး၊ အဲ့ဒါသာမရှိရင် မသက်မသာဖြစ်သလိုခံစားရတယ်။

စာလေ့လာမှုမှာလည်း ထိုနည်း၄င်းဖြစ်ပါတယ်။
နေ့တိုင်း အင်္ဂလိပ်စကားလုံး ၅ လုံးလောက်ကျက်မှတ်တဲ့အလေ့အကျင့် လုပ်ပါ။
၅ လုံးကများမယ်ဆိုရင် ၃ လုံးလောက်ဆိုလည်း အဆင်ပြေပါတယ်။
အဲ့ဒီအစား နေ့စဥ်လုပ်သွားဖို့တော့ လိုအပ်ပါတယ်။ နေမကောင်းတာပဲဖြစ်ဖြစ်၊ အလုပ်နဲ့ခရီးသွားရတာပဲဖြစ်ဖြစ်၊ drinking party နေ့၊ New Year၊ တနင်္ဂနွေနေ့ အစရှိတဲ့နေ့တွေမှာလည်း သတ်မှတ်ထားတဲ့ အရေအတွက်ကိုမဖြစ်မနေကျက်ပါ။

နောက်ပြီး အချိန်ရှိတာကြောင့်ဆိုပြီး ၁ ရက်တည်းအလွန်အကျွံမလုပ်ပါနဲ့
မနေ့က ဒီနေ့စာအတွက်ပါပေါင်းလုပ်ထားတာကြောင့် မလုပ်တော့ပါဘူးလေ ဆိုတဲ့နေရာကနေ အကျင့်ပျက်မှုတွေကအစပြုလာပြီး ဆက်ပြီးမလုပ်ဖြစ်တော့ပါဘူး။
သွားတိုက်တယ်ဆိုတာလည်း မနက်ဖြန်အတွက်ပါကြိုတိုက်ထားလို့မရဘူးလေနော်?

မာရသွန်ပြေးမယ်ဆိုလည်း ထိုနည်း၄င်ပါ။
နေ့တိုင်းတဖြည်းဖြည်းဆက်တိုက်လုပ်ဆောင်ရပါတယ်။
ဒီနေ့နေလို့ထိုင်လို့ကောင်းတယ်ဆိုပြီး speed တင်လိုက်မယ်ဆို အသက်ရှုမရမောသွားပြီး ဆက်မပြေးနိုင်တော့ပါဘူး။

စကားမစပ် လှချင်တယ်ဆိုတဲ့လူတွေအတွက်တော့..
ဒါဟာလည်း အကြောင်းအရာအတူတူပါပဲ။
သင်ဖြစ်ချင်တဲ့ စိတ်ကူးထဲကသင့်ပုံစံနဲ့ လက်ရှိသင့်ပုံစံရဲ့ ခြားနားချက်တွေကို list လုပ်လိုက်ပါ။
ဒါတွေအားလုံးရှင်းလင်းသွားပြီဆိုရင်တော့ အိပ်မက်တွေတကယ်ဖြစ်လာပြီပေါ့နော်…

Diet, မျက်နှာအသားအရေကိုနှိပ်နယ်ပေးခြင်း, ဆံသားတွေကိုထိန်းသိမ်းခြင်း အစရှိတဲ့ ရောက်ရှိနိုင်မယ့်ပန်းတိုင်သာဆို တဖြည်းဖြည်းကြိုးစားသွားရုံပါ။
အဲ့ဒီလိုမှမဟုတ်ဘဲ surgery လုပ်ဖို့လိုအပ်မယ်ဆိုရင်တော့ ပိုက်ဆံသေသေချာချာစုပြီး surgery လုပ်လိုက်တာကလည်း နည်းလမ်း ၁ မျိုးပါပဲ။

မိမိရဲ့အိပ်မက်တွေက “ အရမ်းကောင်းတယ်” လို့ပြောရုံသာပြောနေမယ်ဆို တကယ်ဖြစ်လာမှာမဟုတ်ပါဘူး။
နေ့တိုင်းပုံမှန် လုပ်ဆောင်နိုင်တဲ့အတိုင်းအတာကိုလုပ်သွားပြီး ဖြစ်ချင်တဲ့ဆန္ဒတွေကိုအကောင်အထည်ဖော်ကြရအောင်….

တကယ်တော့အိပ်မက်အများစုကို plan ချပြီးတော့သာလုပ်ဆောင်သွားကြည့်.
တကယ်ကိုဖြစ်လာပါတယ် !!!!

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: