Time management လုပ်နိုင်ခြင်းက အိပ်မက်တွေကိုလက်တွေ့အကောင်အထည်ပေါ်စေတယ်။ !!!!!

English skill တွေကျွမ်းကျင်ပြီး နိုင်ငံခြားမှာအလုပ်လုပ်ချင်တယ်။
စီမံခန့်ခွဲမှုအရည်အချင်းတွေပြည့်ဝပြီး မန်နေဂျာကောင်းတစ်ယောက်ဖြစ်ချင်တယ်။
ဒီလိုအိပ်မက်ကို အိပ်မက်အတိုင်းပဲထားလိုက်တော့မှာလား?

အိပ်မက်ကို ကိုယ့်ရဲ့ရည်မှန်းချက်အဖြစ်ပြောင်းလဲပြီး လက်တွေ့ဖြစ်လာစေတဲ့နည်းလမ်းက တကယ်တော့ ရိုးရှင်းပါတယ်။
လိုအပ်တာကို လုပ်ရမှာလေးတစ်ခုပါပဲ။

သို့သော် မလုပ်နိုင်တဲ့အတွက် အိပ်မက်ကိုအိပ်မက်အတိုင်းပဲ ထားလိုက်ကြတယ်နော် ..
မလုပ်ဖြစ်တဲ့အကြောင်းရင်ကတော့ “ အချိန်မရှိဘူး” ဆိုပြီးအော်နေတာကြောင့်ပါပဲ။
သို့သော် ဒီနေရာမှာ Time management လုပ်ဖို့ပဲလိုတယ်ဆိုတာရော သိကြပြီးပြီလာ?

 

https://www.managers.org.uk/~/media/Images/Insights/TimeManagement.jpg

 

ဒါကြောင့် ပထမဆုံးအနေနဲ့ပြောချင်တာက အိပ်မက်ကိုတိကျတဲ့ရည်မှန်းချက်အဖြစ်ပြောင်းလဲပစ်လိုက်ပါ။

အင်္ဂလိပ်စာ skillful ဖြစ်ချင်တာက မိမိရဲ့ရည်မှန်းချက်ဆိုရင် လွယ်ကူပါတယ်။
နေ့တိုင်း အင်္ဂလိပ်စကားလုံး ၅ လုံးလောက်သာကျက်မယ်ဆိုရင် ၁ နှစ်လုံးအတွက် စကားလုံးပေါင်း ၁၈၀၀ လောက်ကိုကျက်မှတ်မိလျက်သားဖြစ်သွားပါလိမ့်မယ်။
လွယ်ကူတဲ့နေ့စဥ်သုံး အင်္ဂလိပ်စကားလုံးပေါင်း ၂၀၀၀ ရှိတယ်လို့ပြောကြတဲ့အတွက် တစ်နှစ်ဆို ၁ ရက်ကို ၁၀ မိနစ်လောက်သာအချိန်ပေးနိုင်ရင်ရပါပြီ။
Grammar ပိုင်းအတွက်မှာလည်း ထိုနည်းတူပဲ နေ့စဥ်အင်္ဂလိပ်စာကြောင်း ၃ ကြောင်း၊ ဒါမှမဟုတ် ၅ ကြောင်းလောက် မှတ်သားသွားဖို့ပဲလိုပါတယ်။

management ပိုင်းပိုပြီးကျွမ်းကျင်ချင်တယ်ဆိုရင်တော့ စာအုပ်တွေဖတ်ဖို့ပါပဲ။
နေ့စဥ် ၁၀ မိနစ်လောက်ပဲစာဖတ်မယ်ဆိုရင်၊ ၁ နှစ်အတွက်စာအုပ်ပေါင်း ဘယ်လောက်ဖတ်မိမယ်လို့ထင်ပါသလဲ?

ဒီအရာလေးတွေကိုသာ အလေ့အကျင့်လုပ်သွားမယ်ဆိုရပါပြီ။

သို့သော်, တစ်နေ့ကုန်အလုပ်ရှုပ်နေတာပဲ ဆိုတဲ့မိမိရဲ့ဆင်ခြင်က ဒီအလေ့အကျင့်ကိုမဖြစ်မြောက်စေတဲ့ အကြီးမားဆုံးသောပြဿနာပဲဖြစ်ပါတယ်။

ဒါဆို သင့်ရဲ့တစ်နေ့တာ ဘာတွေလုပ်နေလဲဆိုတာကို ပြန်ကြည့်လိုက်ပါ။
အလုပ်ရှုပ်နေရတဲ့သင့်အတွက် ဒီလိုပြန်ဆန်းစစ်ဖို့က အထူးလိုအပ်နေတဲ့အရာပါ။

သင့်ကိုနေ့တိုင်း အလုပ်ရှုပ်စေတဲ့အရာကဘာဖြစ်မလဲ? သေသေချာချာခွဲခြမ်းစိပ်ဖြာရအောင် ..

အဓိက ၂ ချက်ကိုစဥ်းစားကြည့်မယ်။
ပထမအချက်က အရေးပေါ်အခြေအနေ၊ နောက်တစ်ချက် အရေးကြီးအခြေအနေ

အဲ့ဒီလိုခွဲလိုက်မယ်ဆို နောက်ထပ် ၄ ချက်ထပ်ထွက်လာပါတယ်။

၁။ အရေးပေါ်အခြေအနေကြောင့် အရေးကြီးတဲ့အရာ
၂။ အရေးကြီးပေမဲ့ အရေးပေါ်မဟုတ်တဲ့အရာ
၃။ အရေးပေါ်ဟုတ်ပေမဲ့ အရေးမကြီးတဲ့အရာ
၄။ အရေးလည်းမကြီးသလို အရေးပေါ်လည်းမဟုတ်တဲ့အရာ

 

ဒီလိုမျိုးခွဲကြည့်လိုက်ရင် အဆင်ပြေပါတယ်။
နံပါတ် ၁ မှာ၊ အရေးပေါ်အခြေအနေကြောင့် အရေးကြီးတာကပုံမှန်ဖြစ်ပြီး ဦးစားပေးအနေနဲ့မလုပ်ရင်မရပါဘူး။
နောက်တစ်ခုက‌‌တော့ သင်လုပ်ဖြစ်နေတာတွေက….
နံပါတ် ၃၊ “ အရေးပေါ်အခြေအနေဖြစ်ပေမဲ့ သင့်အတွက်အရေးမကြီးတဲ့အရာ” တွေကိုပဲလုပ်နေမိပြီး
နံပါတ် ၂ ၊ “ အရေးကြီးပေမဲ့ အရေးပေါ်မဟုတ်တဲ့အရာ” တွေဖြစ်လို့ လုပ်တောင်မလုပ်ဖြစ်ဘူး မဟုတ်လား?

အပေါ်မှာပြောသွားသလိုပဲ အင်္ဂလိပ်စာအရည်အချင်းတိုးတက်ဖို့အတွက် လေ့လာမှုပိုင်းနဲ့စာအုပ်တွေဖတ်ဖို့က အရေးပေါ်လိုအပ်ချက် မဟုတ်ပါဘူး။

ဒါပေမဲ့ တစ်ဖြည်းဖြည်းတိုးတက်လာမှုအတွက်ကတော့ အရမ်းကိုအရေးကြီးပါတယ်။
တစ်နည်းအားဖြင့် နံပါတ် ၂ နဲ့သွားကိုက်ညီတယ်။

နံပါတ် ၃ အချက်ကတော့ လုပ်လိုက်ရတဲ့ပုံစံအဖြစ်နဲ့ သင့်ကိုတွန်းပို့စေတယ်မဟုတ်လား?

အိပ်မက်တွေတကယ်ဖြစ်လာဖို့ အရေးကြီးတာကတော့ ဒီမှာပါ။
နံပါတ် ၂ မှာပါတဲ့ အရေးကြီးတာကို နေ့စဥ်ဘယ်လိုလုပ်ဆောင်သွားမလဲ၊ ဘယ်လိုကိုင်တွယ်သွားမလဲ။

“ တစ်နေကုန်အလုပ်ရှုပ်လွန်းလို့ ဒီလိုလိုက်မလုပ်နိုင်ပါဘူး!”
ဟုတ်ကဲ့. နားလည်ပါတယ်။

ဒါဆိုမနက်တိုင်း နည်းနည်းလေးစောစောထကြည့်မယ်ဆိုရင်ရော?
မနက်, ဘယ်သူမှမရောက်သေးတဲ့အချိန် ရုံးကိုစောစောသွားပါ။
ရုံးမဖွင့်သေးဘူးဆို အိမ်မှာလုပ်မယ်ဆိုလည်းရပါတယ်။
နံပါတ် ၂ အတွက် နေ့စဥ် အချိန် ၁ နာရီလောက်ပဲယူကြည့်ပါ။

ကျွန်တော်လည်းယခု Covid-19 ကြောင့် vietnam ရုံးကိုလည်းပြန်လို့မရဘဲ၊ ဂျပန်ကအိမ်မှာပဲနေ နေရပါတယ်။
ဂျပန်ကုမ္ပဏီက ၉ နာရီလောက်ဆို စကြတာများတဲ့အတွက်၊ ကျွန်တော် ၆ နာရီလောက်တည်းက ထမင်းစားထားပြီး အလုပ်မလုပ်ခင်အရင်ဆုံး တစ်နေ့တာရဲ schedule ကိုချရေးတယ်။

ပြီးရင်တော့ နံပါတ် ၂ အတွက် ဒီလိုလုပ်ပါတယ်။
ကျွန်တော်ဟာ နံပါတ် ၂ မှာထည့်ထားတာကတော့
– ကျန်းမာရေးအတွက် ပြေးမယ်။
– အင်္ဂလိပ်စာလေ့လာမယ်
– စာဖတ်မယ်

မနက်ပိုင်းစာဖတ်ဖို့အချိန်မရတာတွေလည်းရှိပါတယ်။ အဲ့ဒီလိုဆို ညဘက်မအိပ်ခင်ဖတ်တယ်။
ဒါကိုပုံမှန်လုပ်ဖြစ်ပါတယ်။
အစမှာတော့ မနက်စောစောထဖို့ရော၊ ပြေးဖို့ပါ စိတ်ရှုပ်ခဲ့ရတာပေါ့။
ဒါပေမဲ့ လူသားဆိုတာအံ့သြစရာကောင်းတယ်။ အလေ့အကျင့်သာဖြစ်သွားပြီဆိုရင် မလုပ်ရမနေနိုင်ဖြစ်သွားပါတော့တယ်.

ကလေးဘဝတုန်းက သွားတိုက်ဖို့စိတ်ညစ်ခဲ့တယ်မဟုတ်လား?
နေ့တိုင်း အမေကပြောနေလို့ စိတ်ညစ်ပေမဲ့သွားတိုက်ခဲ့တယ်နော် ….
ဒါကိုနေ့တိုင်းဆက်လုပ်ဖြစ်နေတဲ့အတွက် အလေ့အကျင့်ဖြစ်သွားပြီး၊ သွားမတိုက်ဘူးဆိုရင် စိတ်ထဲမှာမသန့်မရှင်းဖြစ်နေပြီး အိပ်လို့လည်းမပျော်ပါဘူး။
ဒါက အလေ့အကျင့်ပါပဲ။

နံပါတ် ၂ ဟာ အလျင်မလိုတဲ့အတွက် နောက်မှပဲလုပ်လိုက်မယ်ဆိုပြီးအလွယ်လိုက်တတ်ကြပြီး အလေ့အကျင့်လုပ်မယ်ဆို နေ့တိုင်းစိန်ခေါ်မှုတစ်ခုလိုဖြစ်လာပါတယ်။
အဲ့ဒီအတိုင်းသာဆက်လုပ်မယ်ဆို အပေါ်မှာပြောခဲ့သလိုပဲ မသိလိုက်တဲ့အချိန်အတွင်း သင်ဟာအရည်အချင်းပြည့်ဝနေသူတစ်ယောက် ဖြစ်နေပါပြီ။

နံပါတ် ၁ နဲ့ နံပါတ် ၃ ကတော့ မလုပ်လို့မရတဲ့အခြေအနေပေါ့.
သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ထက် တိုးတက်ဖို့အတွက် ဘယ်လိုနည်းလမ်းနဲ့ မိမိရဲ့အချိန်ကို control လုပ်ပြီး နံပါတ် ၂ မှာထည့်ထားတာတွေကို ဘယ်လိုလေ့ကျင့်နိုင်မလဲ? ဆိုတာက ဆက်ဆက်နေပါတယ်။

အိပ်မက်တွေကိုအကောင်အထည်ဖော်ချင်တယ်ဆိုရင် ဘယ်လိုလုပ်ရင်ကောင်းရမလဲ။
အဖြေကတော့ လွယ်လွယ်လေးပါ၊ တကယ်လည်းလက်တွေ့ဖြစ်လာနိုင်မယ်လို့ မထင်မိဘူးလား?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: