တရုတ်နိုင်ငံက ဂျပန်ကိုကြောက်နေတဲ့အချက်!!!

နိုင်ငံရေးအရ၊ ရှေးဘိုးဘေးတို့ရဲ့သမိုင်းရာဇဝင်အရ ဂျပန်ကိုရန်သူလိုသဘောထားတဲ့ နိုင်ငံရှိပါတယ်။ တရုတ်နိုင်ငံနဲ့ကိုရီးယားနိုင်ငံ တွေဖြစ်ပြီး၊ အထူးသဖြင့်ကတော့ တရုတ်နိုင်ငံကဂျပန်နိုင်ငံရဲ့သုဒေသနတွေကို ပြည့်စုံစေ့စပ်စေပါတယ်။

တရုတ်နိုင်ငံဟာလက်ရှိကမ္ဘာ့စီးပွား‌ရေးနံပါတ် ၂နေရာမှာရှိပြီ၊ နံပါတ် ၃နေရာမှာရှိတဲ့ ဂျပန်ကိုကျော်တက်ခဲ့တာတောင်မှ၊ ဂျပန်ရဲ့ဘာကိုကြောက်နေတာလဲ?

စီးပွားရေးအရကြည့်မယ်ဆိုရင် လုံးဝအသားစီးနေရာမှာရှိနေပြီး၊
စစ်တပ်အင်အားဆိုရင်လည်း တရုတ်နိုင်ငံဟာပိုပြီးတော့တောင်အင်အားတောင့်တင်းပါတယ်။ ဒါကြောင့်ရန်သူတစ်ယောက်လို့ တွေးနေစရာတောင်မလိုဘူးမဟုတ်လား?

နည်းပညာ?
သေချာတာကတော့ နည်းပညာပိုင်းကဂျပန်ကတိုးတက်လျက်ရှိနေပေမဲ့၊ တရုတ်နိုင်ငံရဲ့နည်းပညာနယ်ပယ်လုပ်ငန်းတွေလည်း အောင်မြင်မှုတွေရရှိလာတယ်။

သူတို့ကြောက်ရတဲ့အကြောင်းပြချက်ကတော့ “ ပညာရေး” ဖြစ်ပါတယ်တဲ့…

 

https://samisinjapan.files.wordpress.com/2014/07/dscf5091_3.jpg

တရုတ်နိုင်ငံရဲ့တက္ကသိုလ်ပညာရေးဟာလည်းပဲ တော်တော်လေးအဆင့်မြင့်လာခဲ့ပေမဲ့၊ ဂျပန်နိုင်ငံကအဓိကထားနေတာကတော့ ပိုပြီးငယ်ရွယ်တဲ့ကလေးတွေရဲ့ ပညာ‌ရေးပဲဖြစ်ပါတယ်။

“ ဘာပဲဖြစ်ဖြစ်တစ်ယောက်တည်း ရပ်တည်နိုင်တဲ့ကလေး”

ဒါကိုအဓိကထားတဲ့ ဂျပန်နိုင်ငံရဲ့ပညာရေးစနစ်ကို ခြိမ်းခြောက်မှုတစ်ခုလိုခံစားနေရတဲ့ပုံပါပဲ။
ဂျပန်နိုင်ငံမှာ မူလတန်းအရွယ်ကပင်ကျောင်းသွားတာကို ကလေးတွေကိုယ်တိုင်တစ်ယောက်တည်းပဲ လုပ်စေပါတယ်.
ကျောင်းပြန်လာတဲ့အခါလည်း တစ်ယောက်တည်းပဲ၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့အတူပြန်လာကြပါတယ်။

အိမ်ကိုပြန်‌ရောက်ရင်လည်း မိဘကိုဝိုင်းကူတဲ့အနေနဲ့ တစ်ယောက်တည်းစျေးသွားဝယ်ခိုင်းကြတယ်။
အဝတ်လျှော်တာတို့၊ သန့်ရှင်းရေးလုပ်တဲ့အခါမှာတို့ မိဘကိုဝိုင်းကူရတယ်။

ကစားစရာတွေ ဆော့ပြီးတဲ့အခါမှာလည်း သေချာပေါက်ကိုယ်တိုင်ပြန်သိမ်းရပါတယ်။

ကလေးတွေကို တစ်လတစ်ခါကိုယ်ပိုင်အသုံးစာရိတ်ကိုတွက်ခိုင်းပြီး၊ အဲ့တာကိုစနစ်တကျ plan ချပြီး၊ သူတို့ကိုအသုံးပြုစေခြင်းကြောင့် ငွေနဲ့ပတ်သက်ပြီးဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုပါ လေ့ကျင့်ပေးပါတယ်။

ကလေးဖြစ်တဲ့အလျောက် သေသေချာချာမလုပ်နိုင်တာလေးတွေတော့ရှိတတ်ပါတယ်။
ဒါပေမဲ့ လူကြီးတွေကဘေးကနေလိုက်မလုပ်ပေးပါဘူး။ ကလေးတွေလုပ်နိုင်လာတဲ့အထိ စောင့်ကြတယ်။
ကလေးတွေကလည်း အဲ့ဒီလိုလုပ်ရင်းနဲ့နောက်ဆုံးမရတော့ဘူးဆိုမှ လူကြီးတွေကိုအကူအညီတောင်းကြတယ်။

ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာဖို့အတွက် လမ်းကြောင်းပေးခြင်းပဲဖြစ်ပါတယ်။

တစ်ဖက်ကတရုတ်နိုင်ငံမှာတော့ မိဘကဘာမဆိုလုပ်ပေးနေတဲ့အတွက်၊ ကိုယ်တိုင်သိပ်မလုပ်တတ်တဲ့ကလေးတွေ များပါတယ်။
ကလေးတွေကိုအရမ်းကရုစိုက်လွန်းတယ်။ ကျောင်းသွားတဲ့အခါမှာလည်း အုပ်ထိန်းသူကကျော်ပိုးအိတ်ကိုလွယ်ပေးပြီးကျောင်းလိုက်ပို့တယ်။ အိမ်အလုပ်တွေဝိုင်းကူလုပ်ဖို့အတွက်လည်း ခွင့်မပြုဘူး။
မြန်မာနိုင်ငံမှာရော ဘယ်လိုဘယ်လိုအခြေအနေရှိပါသလဲ?

တရုတ်နိုင်ငံက ဘာကြောင့်ဒါကိုကြောက်နေရတာလဲ? လို့ပြောရရင်၊ ကလေးတွေကိုပြုစုပျိုးထောင်ပေးတဲ့အချိန် ဂျပန်ရဲ့နေထိုင်မှုဘဝပုံစံအတိုင်းသင်ကြားခြင်းခံရတဲ့ကလေးတွေက ကိုယ့်ဟာကိုယ်စဥ်းစားပြီးဆုံးဖြတ်ချက်ချနိုင်လာကြပါတယ်။
ဒါဆို တရုတ်နိုင်ငံရဲ့သင်ကြားမှုကရော?

အပေါ်မှာပြောပြပေးသွားတာကတော့ တိုင်းပြည် ၂ ခုရဲ့မတူညီတဲ့အချက်လေးပဲဖြစ်ပါတယ်။

ဂျပန်မှာ 自学自習(じがくじしゅう)jigaku jishuu ဆိုတဲ့စကားရှိပါတယ်။
ကိုယ်တိုင်သင်ယူလေ့လာတယ်ဆိုတဲ့အဓိပ္ပါယ်ပါ…

ကျောင်းတက်နေတဲ့ကာလပတ်လုံးကတော့ ဆရာဆိုတာရှိနေတဲ့အတွက် အားလုံးကိုပြောပြပေးမှာဖြစ်ပေမဲ့၊
အရွယ်တစ်ခုရောက်လာပြီ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတော့မယ်ဆိုရင် အဲ့ဒီလိုပြောပြပေးမယ့်သူ မရှိတော့ပါဘူးနော် ….

အဲ့ဒီအချိန် ကိုယ်တိုင်ပြဿနာကိုဖြေရှင်းတာတို့၊ ကိုယ်တိုင်သင်ယူလေ့လာတာတို့၊ မလုပ်နိုင်သေးဘူးဆိုရင်တော့၊ အရည်အသွေးပြည့်ဝတဲ့လူတစ်ယောက်ဖြစ်မလာနိုင်ပါဘူး။

ဒါဆိုစာဖတ်သူတို့ရော ကလေးတွေကိုဘယ်လိုမျိုးသင်ကြားပေးနေကြပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: