တောင်းပန်ခြင်းအစစ်အမှန်ဆိုတာ ဘာလဲ?

ဖေဖော်ဝါရီလ ၁၉ရက်နေ့၊ ၂၀၀၈ခုနှစ်။
ရေကြောင်းဆိုင်ရာကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က ပုဂ္ဂလိကငါးဖမ်းလှေတစ်စီးနဲ့ မတော်တဆတိုက်မိပြီး
ငါးဖမ်းလှေနစ်မြုပ်ခဲ့ရပါတယ်။


https://www.afpbb.com/articless/-/2799316

ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့တာမဟုတ်ပေမဲ့လည်း လျစ်လျူရှုမှုမပြုလုပ်ခဲ့ပါဘူး။
ကာကွယ်ရေးတပ်ဖွဲ့ကတော့ အပြစ်မှလွတ်ခဲ့ပေမဲ့၊ ငါးဖမ်းသင်္ဘောမှာရှိတဲ့ ဖခင်ဖြစ်သူ Haruo Yoshikiyo နှင့်အတူ၊
သားကြီးဖြစ်သူ Tetsuo ကတော့ ကွယ်လွန်ခဲ့ပါတယ်။

Haruo ရဲ့ညီမ Mieko ဟာကွယ်လွန်သူနှစ်ယောက်ရဲ့ သင်္ချိုင်းဂူနှစ်ခုကို ဆိပ်ကမ်းရဲ့မြင်းကွင်းကို
မြင်နိုင်တဲ့နေရာကောင်းမှာ ထားရှိပေးထားပါတယ်။
သို့သော် Mieko ဟာဒီမတော်တဆမှုရဲ့ အမှတ်တရတွေကို ရှင်းရှင်းလင်းလင်းအောက်မေ့ဖို့အတွက်ကို
အခုချိန်အထိဆိပ်ကမ်းကို မမြင်နိုင်ပုံရပါတယ်။

အဲ့လို Mieko ဆီသို့နှစ်စဥ် ဧည့်သည်တွေလာကြတယ်လို့ဆိုပါတယ်။
ပထမဆုံးတစ်ယောက်ကတော့ နှစ်စဥ်နှစ်တိုင်းဖေ‌ဖော်ဝါရီလဆိုရင် သူတို့နှစ်ယောက်ရဲ့ ကွယ်လွန်တဲ့နေ့မှာ
အမြဲလာပါတယ်။ သူကတော့ ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ကပါ။
နောက်ထပ်တစ်ယောက်ကတော့ Shigeru Ishiba ဆိုတဲ့ ပါလီမန်အဖွဲ့ဝင်တစ်ယောက်ပါ။
မစ္စတာ Ishiba ဆိုတာက မတော်တဆဖြစ်ပွားခဲ့တဲ့အချိန်တုန်းက ကာကွယ်ရေးဝန်ကြီးဖြစ်ပြီး ဂျပန် SDF အားလုံး
သူ့လက်အောက်မှာရှိနေစဥ် ဒီမတော်တဆမှုဖြစ်ပွားခဲ့တာပါ။

သူဟာဒီမတော်တဆမှုဖြစ်စေရန် ညွှန်ကြားခဲ့တာမဟုတ်ပေမဲ့၊ အဲ့ဒီအချိန်ကသူဟာ ထိပ်ဆုံးကနေတာဝန်အရှိဆုံးသူလို့ခံစားရပြီး
နွေရာသီတိုင်း Mieko ဆီကို မရောက်ရောက်အောင်သွားတယ်လို့ဆိုပါတယ်။

https://news.livedoor.com/article/detail/17849381/

ရှေ့တန်းအလယ်မှာရှိနေတဲ့တစ်ယောက်က Mr.Ishiba ဖြစ်ပါတယ်။

မတော်တဆမှုဖြစ်ခဲ့တာဟာ ၁၃နှစ်ရှိပြီဖြစ်ပြီး နှစ်စဥ် Mieko ဆီကိုသွားရောက်လည်ပတ်ပုံရပါတယ်။
Mieko ကတော့ Mr.Ishiba ကိုတောင်းပန်ဖို့အတွက် မတောင်းဆိုခဲ့ပါဘူး။
Mr.Ishiba ကလည်း နှစ်စဥ်နှစ်တိုင်း တောင်းပန်ရန်မဟုတ်ဘဲ၊ သူနဲ့အတူတူစကားပြောဖို့ သွားတာဖြစ်ပါတယ်တဲ့….

Mieko ရဲ့ပြောပြချက်အရ Mr.Ishiba ကအမြဲတမ်းညင်သာ ကြင်နာစွာနဲ့ “ မင်းမှာအဆင်မပြေတဲ့ပြဿနာရှိလား?” လို့အမြဲတမ်းမေးပြီး
ညည်းညူသမျှ ရင်ဖွင့်သမျှကိုနားထောင်ပေးပါတယ်တဲ့။

ပြီးတော့ တူညီတဲ့တစ်ခေတ်တည်းမှာရှိကြတဲ့ မျိုးဆက်တူတွေဖြစ်ကြလို့ အရင်ကပျော်ဖို့ကောင်းတဲ့အကြောင်းတွေကို ပြန်လည်မျှဝေကြတဲ့အတွက်လည်း တစ်ယောက်နဲ့တစ်ယောက်ဖြစ်စေ
အခြားဘယ်သူ့ကိုမှ မနာကြည်းစေတော့တဲ့အထိပါပဲ…လို့ Mieko ဟာပြောပြရင်း ကျေးဇူးတင်နေပုံရပါတယ်။
တစ်ဖက်က မစ္စတာ Ishiba ကလည်း “ Mieko ကစကားပြောရတာကြိုက်တယ်။ ဒါပေမဲ့သူက အတင်းပြောတာမကြိုက်ဘူး။ မကျေနပ်တာကိုလည်း လုံးဝထုတ်ပြောတတ်တဲ့သူမဟုတ်ဘူး။
ငါကလည်း ကျေးဇူးတင်နေတာပါ” လို့ပြောခဲ့ပါတယ်။

မတော်တဆမှုဖြစ်ပွားချိန်မှာ Mr.Ishiba ကအခုလိုပဲပြောကြားခဲ့ပါတယ်။

မတော်တဆမှုတစ်ခုမှာ ငါ့ရဲ့အဖိုးတန်မိသားစုဆုံးရှုံးခဲ့ရဖူးတယ်။ အဲ့တုန်းက ဘယ်တောင်းပန်တဲ့စကားလုံးပဲဖြစ်ဖြစ်
ငါ့ရဲ့ ခံစားနေရတာတွေကို မနှစ်သိမ့်နိုင်ခဲ့ဘူး။
ဖြစ်ပျက်ခဲ့ဖူးတဲ့အရာတွေကို ကွယ်ဝှက်မထားဘဲ ရိုးသားစွာရှင်းပြမယ်။
တစ်နည်းအားဖြင့် ရေကြောင်းကာကွယ်ရေးတပ်ရဲ့ ယုံကြည်မှုပြန်လည်ထူထောင်ရေးကလွဲပြီး
ရွေးချယ်စရာလမ်းမရှိပါဘူး။

ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက အစိုးရထဲမှာဒီမတော်တဆမှုကို တာဝန်ယူဖို့အတွက် Mr.Ishiba က ကာကွယ်ရေးဝန်ကြီးအဖြစ်မှနှုတ်ထွက်သင့်တယ်ဆိုပြီး
ထင်မြင်ချက်တွေရှိလာလို့ သူနုတ်ထွက်သွားခဲ့ပုံရပါတယ်။
ဒါကိုကယ်တင်ခဲ့တဲ့သူကတော့ Mieko ပါ။
ထိုစဥ်က ဝန်ကြီးချုပ် Yasuo Fukuda သည် Mieko ဆီကိုလာရောက်လည်ပတ်တဲ့အခါ ဒီစကားတစ်ခွန်းကိုပြောခဲ့ပါတယ်။

ရပ်တန့်စေလိုက်တာ၊ အလုပ်ထွက်စေတာဟာ တစ်ခုတည်းသောတာဝန်ယူဖြေရှင်းမှုမဟုတ်ဘူး။
သေသေချာချာနှိုက်နှိုက်ချွတ်ချွတ် ထပ်မံကာကွယ်တာဆီးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ရလဒ်အနေနဲ့ Mr.Ishiba ဟာ ၆လကျော်ကာလမှာ ကြိုတင်ကာကွယ်မှုတွေပြုလုပ်တာဝန်ယူခဲ့ပြီး
နော်ကဆုံးမှာ ဝန်ကြီးအဖြစ်မှနှုတ်ထွက်ခဲ့ပါတယ်။
အဲ့ဒီကျေးဇူးနဲ့ Mr.Ishiba ဟာ Mieko ဆီကိုနှစ်စဥ်အလည်လာကာ တွေ့ဆုံခြင်းဖြစ်ပါတယ်။
နှစ်စဥ်တွေ့တဲ့အခါတိုင်း ဘာဘီကျူးလုပ်စားလေ့ရှိပါတယ်။
ပြီးတော့ သူက ၃၀ ကီလိုဂရမ်နီးပါးရှိတဲ့ ပင်လယ်စာကိုအမှတ်တရလက်ဆောင်အဖြစ်ရလေ့ရှိတယ်။

“ Mr.Fukuda အတွက်လည်း ယူသွားပေးပါ!”
လို့ပြောတဲ့ Mieko ….

ဖြစ်ပျက်ခဲ့တဲ့မတော်တဆမှုဟာ ပြန်ပြင်လို့မရနိုင်တော့ပါဘူး…
အဲ့ဒီအတွက် ဘယ်လိုတောင်းပန်ရမလဲ… အဲ့ဒီတောင်းပန်မှုကိုရော ဘယ်လိုလက်ခံရမလဲ…
တစ်ချို့အရာတွေမှာ တောင်းပန်ပါတယ်လို့ပြောတာထက်
မတောင်းပန်ပဲ ပိုပြီးလေးနက်တဲ့ တောင်းပန်မှုမျိုးတွေရှိတတ်တယ်လို့ ထင်မိပါတယ်။

ဒီလိုဆက်နွယ်မှုကို စာဖတ်သူတို့ရောဘယ်လိုထင်ပါသလဲ?

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: