အံ့သြစရာပေါင်းစည်းမှု၊ “ ဆာကူရာတွေအပေါ်ဖုံးလွှမ်းသွားပြီး ”

၂၀ ဒီဂရီကိုတောင်ကျော်သွားတဲ့ရက်တွေရှိတဲ့ ၃လပိုင်းရဲ့ Kanto ဒေသမှာတော့
ဒီနှစ်စောစီးစွာနဲ့ပဲ ဆာကူရာတွေအကုန်လုံးနီးပါးပွင့်လာပြီး၊ နွေဦးကလည်းတစ်ကြော့ပြန် ရောက်ရှိလာပါတော့တယ်။
ဒါပေမဲ့ ၃လပိုင်းရဲ့ ၂၉ရက်နေ့မှာတော့ တိုကျိုမှာ‌ ၁ စင်တီမီတာကိုကျော်တဲ့အထိ နှင်းတွေစုပုံကျလာပြီး
အပူချိန်ကလည်း ၃ ဒီဂရီအထိကျသွားခဲ့ပါတယ်။

ဒီအကြောင်းကြောင့်ပဲ Kanto ဒေသမှာတော့ ဆာကူရာနဲ့ဆီးနှင်းတို့ရဲ့ လှပစွာပေါင်းစပ်မှုကိုမြင်တွေ့ ခဲ့ရပါတော့တယ်။

 

 

 

 

 


http://hiromu3.blog98.fc2.com/blog-entry-4898.html

 

နွေဦးရဲ့ သင်္ကေတဖြစ်တဲ့ဆာကူရာနဲ့၊ ဆောင်းရာသီရဲ့ လက္ခဏာဖြစ်တဲ့ဆီးနှင်းတို့ကို အတူတူမြင်တွေ့ခံစားရပါတယ်။
ဒါကို 桜隠しsakurakakushi လို့ခေါ်ပါတယ်။
အဓိပ္ပါယ်ကတော့ ဆာကူရာတွေပေါ်ဆီးနှင်းတွေ ဖုံးလွှမ်းသွားပြီလို့ပဲဖြစ်ပါတယ်။

ဆီးနှင်းက ဒီရာသီမှာအစုလိုက်အပုံလိုက်ကျလာတာ ဘာလိုလိုနဲ့ ၃၂ နှစ်တောင်ရှိသွားပြီပဲ။
ဆာကူရာပန်းတွေပေါ်မှာ ဆီးနှင်းလေးတွေကလည်းတင်ကျန်နေစေဖို့ကတော့ ဆာကူရာကလည်း ပိုပြီးများများပွင့်ဖို့လိုအပ်ပါတယ်။
Kanto ဒေသမှာ ဆာကူရာပန်းတွေဟာ ၄လပိုင်းအထိပွင့်ကြတာက ပုံမှန်ပါပဲ။

ဒီပေါင်းစပ်မှုဟာ တော်တော်လေးလှပတဲ့ပေါင်းစပ်မှုပဲဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အရှေ့မြောက်ဘက်အခြမ်းတွေမှာမြင်တွေ့ရဖို့နည်းနည်းလေးခက်ခဲပေမဲ့၊ အဲ့ဒီအရှေ့မြောက်ဘက်အခြမ်းမှာရှိတဲ့
Kanto ဒေသမှာတော့ ဒီလိုမြင်ကွင်းကိုမြင်ရတာဟာ တကယ်ကိုရှားပါးပြီး တန်ဖိုးဖြတ်မရတဲ့အချိန်ကာလလေးပဲဖြစ်ပါတယ်။

နွေဦးကိုရောက်လာပုံက တစ်ခါတည်းပဲပူနွေးလာတာမဟုတ်ဘဲ၊ နွေးတဲ့ရက်တစ်လှည့် အေးတဲ့ရက်တစ်လှည့်
အဲ့ဒီလိုအပြန်အလှန်အလှည့်အပြောင်းလေးဖြစ်ရင်းနဲ့မှ ပူနွေးသွားတဲ့နွေဦးရဲ့ နေ့တွေဆီကိုရောက်ရှိသွားခြင်းပဲဖြစ်ပါတယ်။

三寒四温(さんかんしおん)sankanshion
လို့ခေါ်တဲ့စကားလုံးလေးရှိပါတယ်။
အေးတဲ့နေ့တွေက ၃ရက်လောက်ဆက်တိုက်ဖြစ်ပြီး၊ ပူနွေးတဲ့နေ့တွေက ၄ ရက်လောက်အထိဆက်တိုက်ဖြစ်သွားပါတယ်။
ဒီလိုမျိုးတစ်လှည့်စီဆက်တိုက်ဖြစ်ရင်းနဲ့မှနောက်ဆုံး နွေဦးဟာရောက်ရှိလာပါတော့တယ်…. ဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်ပါတယ်။

 

 

 

 

 

https://nlab.itmedia.co.jp/nl/articles/1904/13/news031.html#1%20miya%201904yukisakura03.jpg

ဒီအချိန်ဒီရာသီရဲ့ အချင်းချင်းနှုတ်ဆက်စာတွေအပြန်အလှန်ပို့ကြတဲ့အခါ ဒီလိုမျိုးအသုံးအနှုန်းလေးကို ထည့်ရေးကြပါတယ်။

“三寒四温の季節柄、お体にお気をつけてお過ごしください”
“Please pay attention to your body, seasonal pattern of Sankan 4th temperature”

ဒါဟာ ဂျပန်ဆန်ဆန်နှုတ်ဆက်တဲ့အရေးအသားလေးဖြစ်တဲ့အတွက် အကယ်၍များစာဖတ်သူက
ဂျပန်စာကိုလေ့လာနေခဲ့မယ်ဆိုရင် ဒီလိုနှုတ်ဆက်တဲ့အရေးအသားလေးကို သေချာပေါက်အသုံးပြုကြည့်ကြပါနော်…..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: